ညီမရင်ဖွင့်စရာလေးရှိလို့ပါ ၂ခုထဲကတစ်ခုရွေးချယ်ဖို့ဝေဝါးနေလို့ပါရှင်
ညီမ ညီမကောင်လေးနဲ့hsရှိခဲ့ပါတယ်
ညီမတို့အဆင်ပြေနေတဲ့အချိန်တွေမှာ လက်ထက်ပါ့မယ်လို့ပြောပါတယ်
ညီမတို့hsလည်း၂ဦးသဘောတူထားခဲ့ကြတာပါ
နိုင်ငံခြားသွားပီးညီမကိုလပ်ထပ်ပါ့မယ်လို့ပြောပါတယ်
အဲ့စိတ်နဲ့သူ့ကိုယုံလို့သဘောတူခဲ့တာပါ ဒါကတစ်မြို့ထဲနေကြတုံးကပါ
ညီမနယ်ပြန်လာတဲ့အချိန် သူနေမကောင်းတွေဖြစ်နေတာ တွေ့ချင်တယ်ဆိုလို့ ညီမအိမ်ကနေသူ့ဆီခိုးသွားခဲ့ပါတယ်
ညီမပြန်လာပီးခနရက်ပိုင်းလောက်ကျ သူစိတ်ညစ်စရာတွေကြံုနေရပါတယ်
အဲ့တာသူတွေ့ချင်တယ်ဆိုပီးထပ်လာစေချင်ပါတယ် ညီမကအိမ်အရမ်းမပိုင်လို့ မလာခဲ့ရပါဘူး
အဲ့ကနေစပီး စကားပြောရင်နွေးထွေးမှုမရှိတော့ပါဘူး
ညီမလည်းသူအဆင်မပြေတဲ့အချိန်စိတ်ကောက်မိပါတယ် ညီမကသူဂရုမစိုက်ဘူးထင်မိသွားတာပါ
အဲ့တာနဲ့ ညီမ မသိအောင် အမတစ်ယောက်နဲ့လွန်ခဲ့တဲ့၃ရက်လောက်ကခိုးဒိတ်ပါတယ်
ညီမသိသိချင်းသူ့ကိုပြောတယ် ငါရှိနေတာကို ဘာလို့ဒီလို လုပ်ရတာလဲ
ငါ့အပေါ်မစာနာဘူးလားမေးတော့ သူလုပ်မိလုပ်ရာလုပ်တာစိတ်မပါဘူးအဆက်အသွယ်ဖြတ်မယ်ပြောပါတယ်
အဲ့တာနဲ့ညီမကကလေးအရမ်းဆန်တယ်သူအဆင်မပြေတဲ့အချိန်တွေမှာစိတ်တွေတအားကောက်တာပဲဆိုပီး စိတ်ပျက်နေပီမချစ်တော့ဘူးဆိုပီး
ညီမကိုလမ်းခွဲချင်နေမှန်းဟိုနေ့ကမှသိလိုက်ရပါတယ်
ဟိုအမနဲ့လည်းသူထပ်ဆက်သွယ်ခဲ့ပါတယ် အဲ့တာတောင်ညီမသူ့ကိုလက်မလျော့ချင်သေးပါဘူး
အဲ့အမနဲ့တွေ့တာခွင့်လွှတ်ပေးမယ်ညီမဆီသာပြန်လာဆိုတော့ ကလေးဆန်တယ်
ပြင်ပေးတာလည်းခနပဲ အရင်လိုပြန်ဖြစ်တာပဲသူနားလည်ပေးခဲ့တယ်ခုတော်ပီးချည်းပါပဲ
ညီမကသူဒိတ်တဲ့အမနဲ့ရော၃ယောက်ဖြေရှင်းမယ်ဆိုပီးသူ့ဆီလိုက်သွားခဲ့ပါတယ်
ဟိုအမကိုမေးတော့ ညီမနဲ့ပြတ်တာ၃လရှိပီလို့လိမ်ပါတယ်တဲ့ ညီမတို့ကြားအမကြောင့်အဆင်မပြေမဖြစ်စေချင်ဘူးဆိုပီးသူနောက်ဆုတ်ပေးပါတယ်
ညီမကောင်လေးကလည်းသူ့အပေါ်စိတ်ယိုင်မိတယ်ခု သူ့ကိုအဆက်အသွယ်ဖြတ်မယ်ပြောပါတယ်
ဒါပေမဲ့ညီမအပေါ်စိတ်မပါတော့ပါဘူး သူအခက်အခဲဖြစ်နေချိန်လာမတွေ့တာလည်းပါပါတယ်တဲ့
ညီမသူနေမကောင်းတုံးကလာတွေ့တယ်လေပြောတော့ လာခိုင်းလို့လားတဲ့အဲ့အမရှေ့မှာပြောပါတယ်😅
သူငယ်ချင်းတွေနဲ့အဲ့အမရဲ့အကူအညီယူပီး ညီမကလေးဆန်တာတွေပြင်ပေးပါ့မယ်
အခွင့်အရေးပေးပါဆိုပီးညီမ ကောင်လေးကိုအခွင့်အရေးထပ်တောင်းပါတယ်
ပေးမယ်လို့လည်းသူပြောပါတယ် ဒါပေမဲ့သူလုပ်ချင်ရာလုပ်မယ် ညီမကြောင့်သူမွန်းကြပ်လို့ပါတဲ့
စိတ်ကုန်နေပြီလည်းပြောပါတယ် ညီမကိုစိတ်ကုန်နေတဲ့ကောင်လေးကို ညီမအပေါ်စိတ်ပြန်လည်လာအောင်ကြိုးစားသင့်လားmove onပဲလုပ်သင့်လား
hsကြောင့်နောက်လူလည်းတွဲဖို့ကြောက်နေတာပါ
အခုသူကနိုင်ငံခြားသွားဖို့လည်းလုပ်နေပါပီ ဝေးပီးမတွေ့ဖြစ်တော့ဖို့ပဲရှိတာပါ
တစ်ယောက်ထဲရှေ့ဆက်ရအောင်လည်းhsကြီးကိုတွေးနေမိတာပါ
နောက်လူတွေ့လာခဲ့ရင်တောင် လက်မခံမှာတအားကြောက်ပါတယ်
ညီမရူးမတတ်ပါပဲ ညီမဘာလုပ်သင့်လဲရှင် အားပေးစကားလေးပြောပေးကြပါရှင်
စာစီတာလိုအပ်သွားရင်လည်းတောင်းပန်ပါတယ်ရှင်
ညီမပြန်လာပီးခနရက်ပိုင်းလောက်ကျ သူစိတ်ညစ်စရာတွေကြုံနေရပါတယ်