နေ့စဉ်ရက်ဆက်အချိန်တိုင်း အရမ်းကိုတွေးရခက်ပြီး မွန်းကြပ်နေလို့ ရင်ဖွင့်မိတာပါ
အပြစ်တွေကိုဝန်ခံတာဆိုရင်လည်းမမှားပါဘူး
ညီမလေးမှာ တစ်နှစ်ခွဲကျော် နှစ်နှစ်နီးပါးတွဲနေတဲ့ချစ်သူ ရှိပါတယ်
သူကလည်းအရမ်းချစ်ပါတယ် အစစအရာရာလည်းဂရုစ်ုက်ပါတယ်
ဒါပေမယ့် အသက်က ၁၀ နှစ်ကျော်လောက်ကွာတာမို့ တစ်ခါတစ်လေ မတူညီတဲ့အရာတွေလည်းနှစ်ယောက်ကြားမှာရှိတာပေါ့ သူကနည်းနည်းလေး င်္ညမအပေါ်စိုးမိုးတာပေါ့
အရာရာကိုသူပဲစီမံချင်တယ် စီမံသမျှကလည်းလိုအပ်ချက်မရှိကောင်းပါတယ် ညီမကောင်းဖို့အတွက်ကြီးပါပဲ
တစ်ခါတစ်လေ ကိုယ်နဲ့အမြင်မတူလို့ပြောပြမိရင် သူပြောတာကိုပဲလက်ခံဆိုတဲ့ အတ္တစိတ်ကလေးလည်းရှိပါတယ်
သူ့ကိုချစ်လို့ သူနဲ့အဆင်မပြေတဲ့ညီမအမျိုးတွေကို စကားမပြောဘဲနေပေးခဲ့ပါတယ် စိတ်ကိုက ငါချစ်တဲ့သူက်ုပြောတယ် ငါချစ်တဲ့သူကိုမချစ်ပေးဘူးဆိုပြီး စိတ်လိုလက်ရစကားမပြောပဲနေခဲ့တာပါ
အသက်ကွာတာကိုအကြောင်းပြုပြီး မေမေတို့ကသဘောမတူတဲ့အခါ မိသားစုနဲ့တောင်ခပ်စိမ်းစိမ်းဖြစ်လာခဲ့တာပေါ့
ဒါပေမယ့် သူရှိရင်ဖြစ်ပါတယ်လေ ဆိုတဲ့စိတ်နဲ့သူ့က်ုပဲယုံကြည်ပြီးဆက်ချစ်နေမိပါတယ်
တစ်နေ့မှာ ညီမတို့နေတဲ့အခန်းကို အရင်ကသိကျွမ်းခဲ့ဘူးတဲ့အမတစ်ယောက်ရောက်လာပါတယ်
ပြီးတော့ညဘက်မှာမအိပ်ပဲအဲ့အမနဲ့စကားတွေပြောကြတာပေါ့
ပြောတဲ့အကြောင်းကတော့ မေမေက်ုပြန်ကြည့်ဖို့ မေမေကသနားဖို့ကောင်းကြောင်း မေမေပြောထားတဲ့ ညီမကောငါးလေးရဲ့မကောင်းကြောင်းတစ်ချို့ပေါ့ ညီမကိုမြင်အောင်ပြောပြတဲ့သဘောပါ
အဲ့အမမှာ မောင်လေးရှိတယ် အဲ့မောင်လေးကလဲ ညီမကိုချစ်နေတာတဲ့
ညီတို့မအိပ်ပဲစကားပြောနေကြတာကို နိုးလာပြီးမြင်သွားတဲ့ညီမကောင်လေးက ညီမကိုဒေါသအလျှောက်ပြောဆိုဆက်ဆံလိုက်မိတယ်
ညီမလည်းညီမအချိန်တွေအကြာကြီးသစ္စာရှိသွာနေပါလျှက် ကိုယ်ကျင့်တရားက်ုမယုံရကောင်းလားဆိုပြီး စိတ်တိုကာစကားတွေများကြတာပေါ့
အဲ့ညမှာ ညီမလေးကအပြင်ထွက်ပြီး ဝရံတာမှာတစ်ညလုံးထိုင်နေပါတယ်
ဒါကိုမြင်တဲ့ ညလာအိပ်တဲ့အမနဲ့သူ့မောင်လေးက ညီမကိုလာချော့ရှာတယ်
ဟိုအမကလည်းခေါင်းမူးနေလို့သွားဝင်အိပ်ခိုင်းလိုက်မိတဲ့အချိန်မှာ ညီမကိုသနားနေတဲ့သူ့မောင်လေးက သူ့အမဆီကနေ ညီမရဲ့accတောင်းပြီးစကားလာပြောပါတော့တယ်
ညီမလည်း ပြန်ပြောမိတယ်ပေါ့ ပြောရင်းနဲ့ကိုယ်လဲသူ့အပေါ်စိတ်ယိုင်မိသွားတယ်
ဒါပေမယ့် ညီမချစ်သူအပေါ်တော့သစ္စာမဖောက်ခဲ့ပါဘူး ညီမချစ်သူကိုညီမ မစွန့်လွှတ်နိုင်ဘူးလို့ပြောပြခဲ့ပါတယ်
အဲ့နေ့ညပြီး မနက်ရောက်တော့မေမေကလာပြန်ခေါ်လ်ု့ စကားတွေများပြီးအိမ်ပြန်လိုက်သွားလ်ုက်ရတယ်
အမတစ်ယောက်နဲ့အတူ ခရီးတစ်ခုကိုထည့်လိုက်ပြီး ခရီးရောက်မှညီမလည်းစိတ်တွေအရမ်းရှုပ်ထွေးလာတာနဲ့ ထွက်ပြေးခဲ့မိတယ်
ခြေဦးတည့်ရာပေါ့ စိတ်နည်းနည်းအေးမှ ကောင်လေးက်ုဖုန်းဆက်ပြီး အဝေးကြီးထိလာကြိုခိုင်းလိုက်မိတယ်
အဲ့ဒိခရီးထွက်တဲ့ကားပေါ်မှာ ဟိုအမရဲ့မောင်လေးနဲ့ ညီမစကားတွေပြောဖြစ်ခဲ့တယ်
သူညီမကိုချစ်တာကို သူ့စိတ်နဲ့သူ့ကိုယ်ဆိုဝန်မခံဘူးလို့ဆုံးဖြတ်ထားခဲ့တာတဲ့ အခုကညီမတို့ပြတ်တော့မယ်ထင်လို့ သူဖွင့်ပြောတာပါတဲ့
ညီမလည်းအလိုက်သင့်စကားတွေလည်းပြောကိုယ်စိတ်အဆင်မပြေတာတွေလည်းနည်းနာ်းလေးရင်ဖွင့်မိခဲ့တယ်ပေါ့
နောက်မနက်မှာ ကောင်လေးနဲ့ပြန်တွေ့တဲ့အခါ ညီမစိတ်ထဲဟာနေသလို လေးနေသလို မတင်မကျခံစားချက်မျိုးဖြစ်နေခဲ့တယ်
တစ်ညလုံးငိုရတာလည်းမျက်ရည်တွေမကုန်နိုင်ဘူး မျက်လုံးတွေလည်းဖောင်းနေတာပဲ
အဓိက ကတော့ ညီမစကားပြောခဲ့မိတဲ့ ကောင်လေးက်ုအားနာတယ်
သူ့အပေါ်အပြစ်ရှိစိတ်တွေဆက်တိုက်ရှိနေတယ်ခံစားရတယ်
ညီမကောင်လေးမှာလည်း ညီမတစ်ယောက်ပဲရှိတာမို့ သူ့ကိုလည်းမစွန့်ခွာရက်ဘူး
ဘာတွေဆုံးဖြတ်ပြီး ဘယ်က်ုသွားရမလဲလဲမသိတော့ဘူး အမတို့ပြောပြပေးပါဦးနော်
ညီမနေ့စဉ်နဲ့အမျှခေါင်းတွေခြောက်နေပြီး စဉ်းစားရကြပ်နေလို့ပါ
အမေ့အိမ်မှာဘဲပြန်နေရမလား ကောင်လေးနဲ့ပဲအဆက်သွယ်ဖြတ်ရမလား ကောငါးလေးကိုဆက်တွဲရမလား
စကားပြောမိတဲ့ကောင်လေးက်ု ပဲရွေးချယ်လိုက်ရမလား အကြံပေးကြပါဦးမမတို့ရယ်😞🙏🏻