ဟုတ် မဂ်လာပါ ရှင့် ရင်ဖွင့်ချင်လို့ပါ
ညမက အသက် ၃၄ အမျိုးသားက ၃၆
ကျမအပေါ် အကြိမ်ကြိမ်ဖောက်ပြန်ခဲ့ပါတယ်
ချစ်သူဘဝ အိမ်ထောင်သည်ဘဝ ကလေးရပီး ခု အလုပ်အကိုင်အဆင်မပြေလို့ရယ်
ကလေးရှေ့ရေးတိုင်ပင်ပီး နှစ်ဦးသဘောတူ ပြည်ပထွက်ခဲ့ပါတယ်
နောက်ခိုင်းတာနဲ့ ဗီဇက စပြန်ပါတော့တယ်
အသေချာအတိကျပါ သူကိုယ်တိုင်လဲဝန်ခံပါတယ်
သူ့ကို သံယောဇဥ်လောက်ရှိနေသေးပေမယ့် အိမ်ထောင်လဲမကွဲချင်ဘူး
ပြန်လဲလက်မခံချင်ဘူး လက်မခံနိုင်တော့တဲ့အခြေနေမျိုးဖစ်နေလို့ပါ
အိမ်ထောင်သက် ၁၄နှစ်မှာ တခြားအရာတွေ အနစ်နာခံခဲ့ရ သောကရခဲ့ရတာတွေထက်
ဖောက်ပြန်ခံရတာကို ထပ်ပီး လက်ခံဖို့ စဥ်းစားရခက်နေပါတယ်
ပြည်ပမှာ ၂နှစ်နေပီးပြန်မှာပါ သမီးလေးအဆင်ပြေမှ ပြန်ထွက်မှာပါ
မိသားစုလို့ ကိုယ်ကတန်ဖိုးထားခဲ့ပေမယ့် သူ့ကိုပြန်လက်မခံချင်ဘူးဖစ်နေတာ
သူ့စိတ်ကို သိနေတာက သူနေချင်သလိုနေမယ် ညမကိုလဲ လက်မလွှတ်ချင်တဲ့ပုံစံမျိုးပါ
ဘာဆက်လုပ်ရမလဲ မသိလို့ သောကရနေရပါတယ်
နေ့တိုင်းလဲ အတွေးတွေနဲ့ အဆင်မပြေဖစ်နေလို့ပါ