ရင်ဖွင့်စာ

မိန်းမသားတို့ရင်ဖွင့်ရာ ရင်ဖွင့်စာ ၃၄၆

အိမ်‌ေထာင်သက်နှစ်နှစ်‌ေကျာ် ကလေးက လေးလမပြည့်သေးပါဘူး

ယောက်ျားက ဖုန်းထဲမှာကောင်မလေးထားနေတာပါ

အရင်က ရိပ်မိပေမယ့် မသေချာသေးလို့ ငြိမ်နေခဲ့တာသူက ညီမတို့သားအမိနဲ့လာမအိပ်ပါဘူး

တခြားမှာ အိပ်တာပါ ကလေးနေမကောင်းတဲ့ညက အိပ်ကူခိုင်းလို့ လာအိပ်ပေးတယ်

ဖုန်းထဲမှာသူအိပ်တုန်း ခိုးစစ်လို့တွေ့တွေ့ချင်း အရမ်းဒေါသထွက်ပြီး အဲ့ညအိပ်မရဘူး

မနက်ကျပြောပြီး သူ့ကို စကားမပြောပဲနေပါတယ်

သူကချော့ပါတယ် မပြောတော့ဘူးဆိုပြီး ဖုန်းနံပါတ်တွေဘလော့ပါတယ်

နောက်တော့ နှစ်ရက်သုံးရက်ကြာတော့ ထပ်တွေ့ပါတယ်

ပြောထားတာ မေးတော့ ပိုက်ဆံချေးထားလို့တောင်းတာဆိုပြီးလိမ်ပါတယ်

အဲ့နောက်ထပ်မစစ်ဖြစ်တော့ဘဲ မယုံဘူးဆိုတဲ့အကြောင်း သူသိအောင်ပြောပြပါတယ်

သူက မဟုတ်သလိုပဲနေပါတယ် နဲနဲကြာတော့ ထပ်စစ်တယ် ထပ်တွေ့ပါတယ်

ပြောတော့ ပြန်ဖျက်ပြစ်ပါတယ် ညီမလဲလျစ်လျူရှုပြီးနေခဲ့ပါတယ်

အဲ့နောက်ညီမတို့နဲ့လာအိပ်ပါတယ်

သူကတော့ ဘယ်ချိန်ဖြစ်ဖြစ် ညီမကို ကောင်းကောင်းပြော ကောင်းကောင်းဆက်ဆံတာပဲ

အဲ့လိုလုပ်မယ်လို့ထင်ချင်စရာကို မရှိတာပါ

အဲ့နောက်တော့ အသိအန်တီအိမ်မှာ ညီမနဲ့ယောက္ခမက သွားအိပ်ရလို့ သူနဲ့မအိပ်ဖြစ်တော့ပါဘူး

အသိအန်တီက မန္တလေးကို ဆေးကုသွားတော့ ယောက္ခမက သူ့ကို ညီမနဲ့ သွားအိပ်ဖို့ပြောတော့ အကြောင်းပြပြီးငြင်းတယ်

ညီမသိတယ် သူဖုန်းပြောချင်လို့လာမအိပ်ချင်တာ ညီမလဲအတင်းမခေါ်ဘူး

မကြာသေးခင်က ရွာထဲစစ်သားတွေဝင်တော့ နိုင်ငံရေးဗန်းပြပြီး စိတ်မချသလိုနဲ့ ရွာပြန်ခိုင်းတယ်

ရွာမပြန်ခင်ညမှာ လာအိပ်ဖို့ခေါ်တော့လာတယ်

သူ ဖုန်းpassword ပြောင်းနေတာ ညီမသိတယ် ကြည့်မှာစိုးတာလေ

သူအိပ်တော့ ညီမနည်းနဲ့ညီမ ရအောင်လုပ်တော့ တွေ့တယ် ဖုန်းပြောထားတာ တစ်ညလုံးအိပ်မပျော်ဘူး အိပ်ပျော်လဲခနပဲပြန်နိုးလာတာ

မနက်ကျတော့ သူ့ကိုပြောတယ် သည်းမခံနိုင်တော့ဘူး ခွေးမြီးကောက်‌ကျည်တောက်စွပ်ပဲလို့ အိမ်ထောင်ရေးမပြိုကွဲချင်လို့ လျစ်လျူရှုပေးခဲ့တာ

သူက မရပ်ဘူး ညီမလဲ ကျုပ်တို့ ဇာတ်လမ်းပြတ်ပြီလို့ပြောခဲ့တယ်

ပြန်လဲမလာတော့ဘူး ဖုန်းလဲမဆက်ခဲ့နဲ့လို့သူက သွားခါနီး စိတ်မဆိုးနဲ့ မကောင်းဘူးလို့ဘဲပြောနေခဲ့တာ

သူကမိန်းမစိတ်ဆိုးပြီးပြန်မှာတောင် ဖုန်းပြောနေနိုင်ပါတယ် ကွယ်ရာမှာသွားပြောတာပါ

ညီမသိပါတယ် မနေ့ကပြန်ခဲ့တာဒီနေ့ရွာရောက် ပါတယ် ဟန်ဆောင်ပန်ဆောင်လေးတောင်ဖုန်းမဆက်ပါဘူး

ဘယ်လိုလုပ်ရမလဲရှင့် အကြံဉာဏ်ပေးကြပါအုံးရှင့်

အိမ်‌ထောင်သက်နှစ်နှစ်‌ကျော် ကလေးက လေးလမပြည့်သေးပါဘူး


























