ရင်ဖွင့်စာ

မိန်းမသားတို့ရင်ဖွင့်ရာ ရင်ဖွင့်စာ ၃၄၇

မင်္ဂလာပါ ရှင်

ညီမအိမ်ထောင်ရေး အကြောင်းလေးရင်ဖွင့်ချင်လို့ပါ ပြီးတော့ အမတို့ရဲ့ အကြံလေးလဲလိုချင်ပါတယ်

ညီမတို့ အိမ်ထောင်သက်တမ်းက 14နှစ်ရှိပါပြီ

ညီမက32 အမျိုးသားက38

သားလေး2ယောက်ရှိပါတယ်

တယောက်နဲ့တယောက်အရမ်းချစ်လို့ တည်ထောင်ခဲ့တဲ့ မိသားစုဘဝလေးပါ

ကိုယ့်ထက် အသက်ကြီးလို့

သူ့ကိုအားကိုးတယ် ယုံလဲယုံကြည်တယ် ပြီးတော့ ညီမက ညီအကိုမောင်နှမ မရှိ

အဖေလဲမရှိတော့ သူ့ကို အဖေလိုရော အကိုလိုပါချစ်တယ်

အဖြစ်က ဒီလိုပါ

မနှစ်က Covidတွေဖြစ်ပြီးနောက်ညီမကျန်းမရေးသိပ်မကောင်းပါဘူး အိမ်ရာထဲလဲနေတဲ့အခြေနေတော့ မဟုတ်ပါဘူး

အအေးခံလို့မရတာနဲ့ ဟင်းချက်တဲ့အခါ အညှော်ခံလို့မရပါဘူး

အသက်ရှုကြပ်လို့ပါ

အဲ့ဒါကြောင့် အိမ်အကူကောင်မလေးတယောက်ကို ခေါ်ထားပါတယ်

အဲ့ ကောင်မလေးရောက်တာ 5လမပြည့်သေးပါဘူး

တနေ့ ကောင်မလေးက အဝတ်သွားလျှော်တာ ညီမလဲနေသိပ်မတောင်းတာနဲ့ ကောင်မလေးနဲ့ လိုက်မသွားမိဘူး

အဲ့ကောင်မလေးအဝတ်လျှော်ပြီး ရေချိုးခန်းက အထွက်မှာ သူကအဲ့ကောင်မလေးကို အတင်းဖက်နမ်းတယ်လို့

ကောင်မလေးကညီမကိုပြောပါတယ်

ကောင်းမလေးက မတရားကြံတယ်လို့လဲပြောပါတယ်

ညီမတို့ အခုလက်ရှိနေတာက အိမ်ငှားပါ အိမ်အသစ်လဲဆောက်လက်စပြီးခါနီးပါပြီ

ရေချိုး အဝတ်လျှော်က အိမ်အသစ်မှာလုပ်ပါတယ် ငှားနေတဲ့အိမ်အဟောင်းမှာကရေမရလို့ပါ

ညီမလဲ သိတာနဲ့ သူ့ကိုသွားမေးပါတယ် သူကပြောတယ်စလိုက်တာပါတဲ့

အဲ့ကောင်မလေးကိုအိမ်ပြန်ပို့လိုက်မှာပါ

ညီမ အမျိုးသားကိုလေ အဲ့လိုလုပ်လိမ့်မယ်လို တခါမှမတွေးဖူးဘူး

အရမ်းယုံတာ မိန်းမကိစ္စနဲ့ ဘာအသံမှမကြားဖူးဘူး

အခုလိုဖြစ်သွားတဲ့အပေါ် ညီမ အရမ်းခံစားရတယ်

အိမ်အသစ်မှာမိသားစုတောင်မနေရသေးဘူး အခုလိုမျိုးလုပ်ရက်လေခြင်းဆိုပြီး ယူကြုံးမရဖြစ်ရတယ်

လွန်လွန်ကြူးကြူးတော့ မဖြစ်ခဲ့ကြဘူး

ညီမ သူ့မြင်တိုင်းခံစားရလို့ ထွက်သွားချင်စိတ်တွေပေါက်နေတယ်

ဒါပေမဲ့ သားလေးတွေကလဲ ကျောင်းမပိတ်သေးတော့ သူတို့လေးတွေဒုက္ခရောက်မှာလဲကြောက်တယ်

ဆွေမျိုးလဲမရှိဘူး အဲ့ဒါကြောင့် ညီမဘယ်လိုဆုံးဖြတ်ရမှန်းမသိဘူး အကြံပေးကြပါအုံးနော် အမတို့

စာဖတ်လို့ အဆင်မပြေ အစီစဉ်မကျရင်တောင်းပန်ပါတယ်

မဂၤလာပါ ရွင္

ညီမအိမ္ေထာင္ေရး အေၾကာင္းေလးရင္ဖြင့္ခ်င္လို႔ပါ ၿပီးေတာ့ အမတို႔ရဲ႕ အႀကံေလးလဲလိုခ်င္ပါတယ္

ညီမတို႔ အိမ္ေထာင္သက္တမ္းက 14ႏွစ္ရွိပါၿပီ

ညီမက32 အမ်ိဳးသားက38

သားေလး2ေယာက္ရွိပါတယ္

တေယာက္နဲ႔တေယာက္အရမ္းခ်စ္လို႔ တည္ေထာင္ခဲ့တဲ့ မိသားစုဘဝေလးပါ

ကိုယ့္ထက္ အသက္ႀကီးလို႔

သူ႔ကိုအားကိုးတယ္ ယုံလဲယုံၾကည္တယ္ ၿပီးေတာ့ ညီမက ညီအကိုေမာင္ႏွမ မရွိ

အေဖလဲမရွိေတာ့ သူ႔ကို အေဖလိုေရာ အကိုလိုပါခ်စ္တယ္

အျဖစ္က ဒီလိုပါ

မႏွစ္က Covidေတြျဖစ္ၿပီးေနာက္ညီမက်န္းမေရးသိပ္မေကာင္းပါဘူး အိမ္ရာထဲလဲေနတဲ့အေျခေနေတာ့ မဟုတ္ပါဘူး

အေအးခံလို႔မရတာနဲ႔ ဟင္းခ်က္တဲ့အခါ အေညႇာ္ခံလို႔မရပါဘူး

အသက္ရႈၾကပ္လို႔ပါ

အဲ့ဒါေၾကာင့္ အိမ္အကူေကာင္မေလးတေယာက္ကို ေခၚထားပါတယ္

အဲ့ ေကာင္မေလးေရာက္တာ 5လမျပည့္ေသးပါဘူး

တေန႔ ေကာင္မေလးက အဝတ္သြားေလွ်ာ္တာ ညီမလဲေနသိပ္မေတာင္းတာနဲ႔ ေကာင္မေလးနဲ႔ လိုက္မသြားမိဘူး

အဲ့ေကာင္မေလးအဝတ္ေလွ်ာ္ၿပီး ေရခ်ိဳးခန္းက အထြက္မွာ သူကအဲ့ေကာင္မေလးကို အတင္းဖက္နမ္းတယ္လို႔

ေကာင္မေလးကညီမကိုေျပာပါတယ္

ေကာင္းမေလးက မတရားႀကံတယ္လို႔လဲေျပာပါတယ္

ညီမတို႔ အခုလက္ရွိေနတာက အိမ္ငွားပါ အိမ္အသစ္လဲေဆာက္လက္စၿပီးခါနီးပါၿပီ

ေရခ်ိဳး အဝတ္ေလွ်ာ္က အိမ္အသစ္မွာလုပ္ပါတယ္ ငွားေနတဲ့အိမ္အေဟာင္းမွာကေရမရလို႔ပါ

ညီမလဲ သိတာနဲ႔ သူ႔ကိုသြားေမးပါတယ္ သူကေျပာတယ္စလိုက္တာပါတဲ့

အဲ့ေကာင္မေလးကိုအိမ္ျပန္ပို႔လိုက္မွာပါ

ညီမ အမ်ိဳးသားကိုေလ အဲ့လိုလုပ္လိမ့္မယ္လို တခါမွမေတြးဖူးဘူး

အရမ္းယုံတာ မိန္းမကိစၥနဲ႔ ဘာအသံမွမၾကားဖူးဘူး

အခုလိုျဖစ္သြားတဲ့အေပၚ ညီမ အရမ္းခံစားရတယ္

အိမ္အသစ္မွာမိသားစုေတာင္မေနရေသးဘူး အခုလိုမ်ိဳးလုပ္ရက္ေလျခင္းဆိုၿပီး ယူႀကဳံးမရျဖစ္ရတယ္

လြန္လြန္ၾကဴးၾကဴးေတာ့ မျဖစ္ခဲ့ၾကဘူး

ညီမ သူ႔ျမင္တိုင္းခံစားရလို႔ ထြက္သြားခ်င္စိတ္ေတြေပါက္ေနတယ္

ဒါေပမဲ့ သားေလးေတြကလဲ ေက်ာင္းမပိတ္ေသးေတာ့ သူတို႔ေလးေတြဒုကၡေရာက္မွာလဲေၾကာက္တယ္

ေဆြမ်ိဳးလဲမရွိဘူး အဲ့ဒါေၾကာင့္ ညီမဘယ္လိုဆုံးျဖတ္ရမွန္းမသိဘူး အႀကံေပးၾကပါအုံးေနာ္ အမတို႔

စာဖတ္လို႔ အဆင္မေျပ အစီစဥ္မက်ရင္ေတာင္းပန္ပါတယ္