ရင်ဖွင့်စာ

မိန်းမသားတို့ရင်ဖွင့်ရာ ရင်ဖွင့်စာ ၃၄၉

အခမဲ့တင်ပေးပါရှင့်…

မင်္ဂလာပါအစ်မတို့ရေ….

ညီမကောင်လေးနဲ့လိုင်းပေါ်တွေ့ခဲ့တာပါ။၈လကြာမှာအဖြေပေးခဲ့တာပါ။

စကြိုက်ခါစတစ်လနှစ်လမှာအဆင်ပြေပါတယ်။

ကြာလာတော့ပြသနာတက်တိုင်းညီမဘက်ကအလျှော့ပေးရပါတယ်။

မိန်းကလေးသဘာ၀စိတ်ကောက်မိရင်တောင် သူပြန်စိတ်ဆိုးသွားလို့ပြန်ချော့ရတယ်။

သူမှားလို့ချော့ရင်တောင်5,10minထပ်ကျော်လာရင်အတင်းဖုန်းချပစ်,vcပြောရင် နားကြပ်ကိုဆွဲဖြုတ်ပစ်ပါတယ်။

ညီမအသံကိုသူလုံးဝမကြားချင်တာပါ။ရန်ဖြစ်တိုင်းညီမဘက်ကဆဲမိတာတွေပါတယ်။

မငြင်းပါဘူး။စိတ်ဆိုးတုန်းပြောမိတာပါပဲ။ပြီးရင် ၅မိနစ်ကြာပြန်ချော့တာပါ။

အခုသူကညီမကိုအချိန်လုံးဝမပေးချင်တာပါ။သူအားတဲ့အချိန် ခဏတဖြုတ်ပဲပေးတော့တာပါ။

သူကကိုဗစ်ပြီးတည်းကကျောင်းဆက်မတက်တော့တာပါ။

တစ်နေ့လုံးအားပါတယ်။ဒါပေမယ့်ညီမကိုဂရုစိုက်ဖို့၊အချိန်ပေးဖို့ဆိုတာသူ့စိတ်ကူးထဲမရှိဘူး။

သူသွားချင်တဲ့အချိန်သွား၊သူပြောချင်တဲ့အချိန်သူပြောမယ်ဆိုပြီးညီမကိုနားလည်ခိုင်းတာပါ။

ညီမဘက်ကအချိန်ပေးဖို့၊ဂရုစိုက်ဖို့တောင်းဆိုရင်ပြသနာတက်ပါတယ်။

ညီမစကားတစ်ခွန်းဟရင် သူဆယ်ခွန်းလောက် တရစပ်ပြောတယ်။

မင်းတွေငါတွေနဲ့ နောက်ဆုံးညီမအပြစ်ပဲဖြစ်ရတယ်။ပြသနာကိုညီမကအမြဲရှာနေတယ်လို့သူပြောတယ်။

ညီမတောင်းဆိုမိတာကလဲ သူ့ဆီကညီမကိုချစ်ပေးဖို့၊အချိန်ပေးဂရုစိုက်ပေးဖို့ပါပဲ။

ညီမမှားလားအစ်မတို့ရယ်။အခုဆို စကားမာမာမပြောရဲဘူး။

သူစိတ်ဆိုးလို့ဖုန်းချပစ်မှာစိုးလို့ထိန်းပြောရတယ်။

ရန်ဖြစ်ရင် ညီမဘက်ကဖုန်း၂၀,၃၀လောက်ထိခေါ်တာတောင်အဖက်မလုပ်ဘူး။

မကိုင်ဘူး။ကြာလာတော့ ပင်ပန်းလာတယ်အစ်မတို့ရေ။

ညီမထက်သူက ၃နှစ် ငယ်ပါတယ်။အခုထိအပြင်မှာ မတွေ့ဘူးပါဘူး။ဘာဆက်လုပ်သင့်လဲ အစ်မတို့ရေ။

အကြံပေးကြပါဦး….

အခမဲ့တင္ေပးပါရွင့္…

မဂၤလာပါအစ္မတို႔ေရ….

ညီမေကာင္ေလးနဲ႔လိုင္းေပၚေတြ႕ခဲ့တာပါ။၈လၾကာမွာအေျဖေပးခဲ့တာပါ။

စႀကိဳက္ခါစတစ္လႏွစ္လမွာအဆင္ေျပပါတယ္။

ၾကာလာေတာ့ျပသနာတက္တိုင္းညီမဘက္ကအေလွ်ာ့ေပးရပါတယ္။

မိန္းကေလးသဘာ၀စိတ္ေကာက္မိရင္ေတာင္ သူျပန္စိတ္ဆိုးသြားလို႔ျပန္ေခ်ာ့ရတယ္။

သူမွားလို႔ေခ်ာ့ရင္ေတာင္5,10minထပ္ေက်ာ္လာရင္အတင္းဖုန္းခ်ပစ္,vcေျပာရင္ နားၾကပ္ကိုဆြဲျဖဳတ္ပစ္ပါတယ္။

ညီမအသံကိုသူလုံးဝမၾကားခ်င္တာပါ။ရန္ျဖစ္တိုင္းညီမဘက္ကဆဲမိတာေတြပါတယ္။

မျငင္းပါဘူး။စိတ္ဆိုးတုန္းေျပာမိတာပါပဲ။ၿပီးရင္ ၅မိနစ္ၾကာျပန္ေခ်ာ့တာပါ။

အခုသူကညီမကိုအခ်ိန္လုံးဝမေပးခ်င္တာပါ။သူအားတဲ့အခ်ိန္ ခဏတျဖဳတ္ပဲေပးေတာ့တာပါ။

သူကကိုဗစ္ၿပီးတည္းကေက်ာင္းဆက္မတက္ေတာ့တာပါ။

တစ္ေန႔လုံးအားပါတယ္။ဒါေပမယ့္ညီမကိုဂ႐ုစိုက္ဖို႔၊အခ်ိန္ေပးဖို႔ဆိုတာသူ႔စိတ္ကူးထဲမရွိဘူး။

သူသြားခ်င္တဲ့အခ်ိန္သြား၊သူေျပာခ်င္တဲ့အခ်ိန္သူေျပာမယ္ဆိုၿပီးညီမကိုနားလည္ခိုင္းတာပါ။

ညီမဘက္ကအခ်ိန္ေပးဖို႔၊ဂ႐ုစိုက္ဖို႔ေတာင္းဆိုရင္ျပသနာတက္ပါတယ္။

ညီမစကားတစ္ခြန္းဟရင္ သူဆယ္ခြန္းေလာက္ တရစပ္ေျပာတယ္။

မင္းေတြငါေတြနဲ႔ ေနာက္ဆုံးညီမအျပစ္ပဲျဖစ္ရတယ္။ျပသနာကိုညီမကအၿမဲရွာေနတယ္လို႔သူေျပာတယ္။

ညီမေတာင္းဆိုမိတာကလဲ သူ႔ဆီကညီမကိုခ်စ္ေပးဖို႔၊အခ်ိန္ေပးဂ႐ုစိုက္ေပးဖို႔ပါပဲ။

ညီမမွားလားအစ္မတို႔ရယ္။အခုဆို စကားမာမာမေျပာရဲဘူး။

သူစိတ္ဆိုးလို႔ဖုန္းခ်ပစ္မွာစိုးလို႔ထိန္းေျပာရတယ္။

ရန္ျဖစ္ရင္ ညီမဘက္ကဖုန္း၂၀,၃၀ေလာက္ထိေခၚတာေတာင္အဖက္မလုပ္ဘူး။

မကိုင္ဘူး။ၾကာလာေတာ့ ပင္ပန္းလာတယ္အစ္မတို႔ေရ။

ညီမထက္သူက ၃ႏွစ္ ငယ္ပါတယ္။အခုထိအျပင္မွာ မေတြ႕ဘူးပါဘူး။ဘာဆက္လုပ္သင့္လဲ အစ္မတို႔ေရ။

အႀကံေပးၾကပါဦး….