မင်မင်ရေ ဒီစာလေးကိုအခမဲ့တင်ပေးပါနော် ရင်ဖွင့်စာဆိုတာထက် သတိပေးစာဆိုလဲမမှားပါဘူးနော်
ကိုယ့်လိုမဖြစ်အောင်ပြောပြတာပါ
ကောင်လေးနဲ့တွဲလာခဲ့တာ 2နှစ်နဲ့ 8လထိ ရောက်ခဲ့ပါတယ်
အစပိုင်းကတော့ အရမ်းချစ်ကြတာ 2ယောက်လုံးပဲ ညီမက နည်းနည်းရစ်တတ်တယ်
အိမ်မပိုင်ဘူး တွေ့ဖို့ချိန်းတိုင်းလိမ်ပြောရတယ် အများဆုံး3နာရီထိပဲ အမြဲအချိန်ရခဲ့တယ်
ဒါပေမဲ့ ရရင်ရသလိုတော့ပြေးတွေ့ဖြစ်ပါတယ် သူက pol ကပါ ညီမက mdyကဆိုတော့ သူဆင်းလာမှတွေ့ရတာပါ
တခါတလေ ကိစ္စရှိလို့ဆင်းလာရင်လဲအမြဲ အချိန်ခနလေးတော့ပြေးတွေ့ပါတယ်
အခက်အခဲရှိရင်လဲ တူတူဖြေရှင်းကြတယ်
တယောက်ကိုတယောက်သိပ်ချစ်ခဲ့ကြတယ်ပေါ့နော် သူ့ဘက်ကလဲအလုပ်တွေကြိူးစားပါတယ် ညီမနဲ့နီးစပ်ဖို့ပေါ့နော်
ဒါမဲ့ 2နှစ်ကျော်လာတဲ့နောက်ပိုင်းမှာ သူစဖောက်တာပါပဲ
ရန်ဖြစ်တိုင်းလဲအနိုင်မယူဖို့မရစ်ဖို့အမြဲပြောပါတယ် ချစ်လို့ဆုံးရှုံးမှာကြောက်ပီးသ၀န်တိုတာကနေ သံသယလို့ထင်ခံခဲ့ရပါတယ်
ကောင်မလေးတယောက်ကသူ့ cb မာစကားစပြောရင်းရည်းစားရှာပေးဖို့ပြောရင်းသူတို့ ရင်းနှီးသွားတယ်
သူ့acc pw ကိုညီမသိတော့၀င်ကြည့်ပီး ကောင်မလေးကို သူက ညီမနဲ့ရည်းစားပါ လူလွတ်မဟုတ်ပါဘူးပြောပါတယ်
အာ့မှာပြသာာနာစတာပဲ သူ့မှာ ညီမ မသိတဲ့ acc တခုရှိနေပါတယ်
ကောင်မလေးကို အကောင့်သစ်မှာသွားအပ်ပီး စကားပြောကြပါတယ်
ကောင်မလေးလဲရှေ့ဆက်တိုးခဲ့ပါတယ် 2ပတ်လောက်ကြာတော့ရည်းစားဖြစ်သွားကြတယ် ညီမ မိတယ်
ခနတဖြုတ်အဆက်အသွယ်ဖျက်ကြတယ်
အာ့အချိန်ကထိ ညီမကိုရွေးချယ်ခဲ့တုန်းပါ ဒီလိုနဲ့ နေလာရော 2ကြိမ်မြောက်ထပ်မိတယ်
ကောင်လေးက ညီမတို့ပြတ်တာ ကြာပီဆိုပီးလိမ်ပြောပီး သူနဲ့တွဲပ့တယ် ကောင်မလေးကလဲလက်ခံတယ်
ညီမမိတော့လဲပထမတခါလိုပဲ ခနအဆက်အသွယ်ဖျက်ကြတယ်
3ကြိမ်မြောက်ကျတော့သိသိရက်နဲ့တွဲပါတယ်တဲ့ ကောင်မလေးက၀န်ခံပါတယ်
ကောင်မလေးက ကွတ်ခိုင်ကပါ လားရှိုးမှာကျောင်းလာတက်ရင်း pol မှာ ခနနေချင်တယ်ဆိုပီးပြောလို့ကောင်လေးက နောင်ချိုကားဂိတ်ကိုသွားကြိုပေးလိုက်တယ်တဲ့
အာ့ကနေ polကို သူတို့တူတူဆိုင်ကယ်နဲ့လာကြတယ် polမှာ 6ရက်တိတိ living together ဖြစ်သွားပါတယ်
ဒါတွေကိုညီမက ပီးမှအကုန်ပြန်သိရတာပါ သူတို့အတူရှိနေတဲ့အချိန်တလျှောက်လုံး ညီမလိမ်ခံနေခဲ့ရတာပါ
ကောင်လေးခြေလှမ်းတွေပျက်တာသိသာပါတယ်
သူငယ်ချင်းတွေက စဖြစ်တည်းက ဖောက်ပြန်တဲ့ဗီဇဖျောက်မရလို့ရပ်လိုက်ဖို့တားခဲ့ပေမဲ့ ညီမချစ်လို့ရှေ့ဆက်တိုးခဲ့ပါတယ်
တရက်ကျတော့ ညီမ TikTok ကြည့်ရင်း ကောင်မလေးအကောင့်တွေ့ခဲ့ပါတယ်
ကောင်လေးနဲ့ date တုန်းကပုံတွေနဲ့ တက်လာပါတယ် ညီမအာ့ချိန်မှ အကုန်သိရတာပါ
ဘလိုမှမထင်ထားတဲ့ဖြစ်ရပ်မို့ မြင်မြင်ချင်း ရင်တွေကွဲထွက်မတတ် ခံစားခဲ့ရပါတယ်
နောက်ပိုင်းကောင်လေးက ညီမဘက်မှာလုံး၀မရှိတော့ပါဘူး
သူ့ကိုပဲချစ်တယ်သူ့ကိုပဲရွေးပါတယ်တဲ့ ပြောပါတယ် ညီမကိုလဲ အိမ်မပိုင်လို့ လိမ်ရတာတွေကို မကြိုက်တာရယ်
ရစ်တာတွေကိုလဲကြာတော့ငြီးငွေ့တယ်ပေါ့ နောက်ထပ်ချစ်ဖြစ်ရင် အိမ်ပိုင်မှထားပါတဲ့
သူထားခဲ့သလို ထပ်ပီးထားခဲ့ခံရဦးမှာဆိုပီးပြောခဲ့ပါတယ်
ခုဆို သူက နောက်ကောင်မလေးနဲ့တွဲတာ 6လထဲရောက်သွားပါပီ ညီမတို့2နှစ်8လပြည့်ခါနီးမှာ relationship ကိုရပ်ခဲ့လိုက်ရပါတယ်
ညီမလဲ 1လလောက်ရင်နင့်အောင်ခံစားခဲ့ရပါတယ်
ခုတော့ထားခဲ့ခံရတာ 1လကျော်သွားပီဆိုတော့ဖြေးဖြေးချင်း အဆင်ပြေပါပီ ခွဲခွာခြင်းကိုလဲလက်ခံလာနိုင်ပါပီ
ပြောချင်တဲ့အဓိက အကြောင်းက ခုဆို ဒီ gpမှာ ခနခနတွေ့ရတယ်
ဖောက်ပြန်လို့ လမ်းမခွဲနိုင်တဲ့ရင်ဖွင့်စာတွေအတွက် ဖောက်ပြန်တာသေချာပီဆို ပြတ်သားဖို့ပါ
မပြတ်သားရင် ညီမလိုအကြိမ်ကြိမ်နာကျင်ရတယ်
ပီးတော့ ဖောက်ပြန်တဲ့သူကိုပြုပြင်ဖို့ကြိူးစားနေတာတွေရှိရင်လဲ ရပ်လိုက်ပါ
ယူပီးမှ ထပ်ဖြစ်လာရင် ကိုယ့်အတွက် အကြီးမားဆုံးနစ်နာမှူကြီးဖြစ်မှာမို့ပါ
ဖောက်ပြန်ခံရရင်ပြတ်သားပါ ပိုလှအောင်နေပါသူ့ထက်သာတဲ့သူကို
သေချာရွေးချယ်ပီး လှပတဲ့အနာဂတ်ကိုအကောင်းဆုံးလျှောက်ပါလို့ အကြံပေးပါရစေရှင်
အမှားပါခဲ့ရင်လဲ ခွင့်လွှတ်ပေးပါနော်
အိမ်မပိုင်ဘူး တွေ့ဖို့ချိန်းတိုင်းလိမ်ပြောရတယ် အများဆုံ3းနာရီထိပဲ အမြဲအချိန်ရခဲ့တယ်
တယောက်ကိုတယောက်သိပ်ချစ်ခဲ့ကြတယ်ပေါ့နော် သူ့ဘက်ကလဲအလုပ်တွေကြိုးစားပါတယ် ညီမနဲ့နီးစပ်ဖို့ပေါ့နော်
ပီးတော့ ဖောက်ပြန်တဲ့သူကိုပြုပြင်ဖို့ကြိုးစားနေတာတွေရှိရင်လဲ ရပ်လိုက်ပါ