ရင်ဖွင့်စာလေးတင်ချင်လို့ပါ အမတို့ရေ ညီမအသက် 28 နှစ်ရှိပါပြီ
၄လပိုင်းမှာသူနဲ့ရင်းနှီးပြီး 7လပိုင်းမှာချစ်သူဖြစ်ခဲ့ပါတယ်
အစကတော့သူ့ကိုသိပ်မချစ်ခဲ့ပါဘူး
နောက်ပိုင်းမှာသူ့အပြောတွေကြောင့်ချစ်သူဖြစ်တဲ့အချိန်လေးလလောက်အတွင်းမှာ ညီမသူ့ကိုအရမ်းချစ်မိသွားပါပြီ
သူ့ကိုမချစ်ခင်ကသူ့ဆွေမျိုးတွေ့ကြည့်ပြီးသူ့အကြောင်းဆုံစမ်းခဲ့ပါသေးတယ်
ဒါပေမဲ့သူနဲ့ချစ်သူဖြစ်တာလေးလပြည့်ဖို့တစ်ရက်အလိုမှာသိလိုက်ရတာက
သူ့မှာညီမအပြင်ချစ်သူတစ်ယောက်ရှိနေခဲ့တယ်ညီမအရမ်းကိုအံ့သြမိခဲ့ရပါတယ်
အဲမိန်းခလေးနဲ့လဲစကားပြောခဲ့ရပါတယ်
အဲမိန်းခလေးကညီမကိုသူ့ကောင်လေးရဲ့ချစ်သူမှန်းကြိုသိနေပါတယ်
သူဖျက်ပစ်မှာမို့ညီမကိုဆက်တွဲပါလို့ပြောပါတယ်
ညီမကောင်လေးကိုမေးကြည့်တော့ ညီမဆီကအဖြေတောင်းထားချိန်မှာအဖြေမရတော့ဘူးထင်လို့ ဟိုမိန်းခလေးကိုလိုက်မိတာပါ
ညီမ မသိခင်ကြိုပြီးဖျက်ခဲ့ပေမဲ့မိန်းခလေးကမပျက်လို့ ခုထိချစ်သူဖြစ်ရှိနေခဲ့တာပါ
ညီမကိုအတည်လက်ထပ်မှာပါ သူ့ကိုအချိန်ပေးပါသူတစ်ဖြေးဖြေးချင်းစိတ်ကုန်အောင်လုပ်ပီးဖျက်ပါ့မယ်တဲ့
ပုံမှန်ဆို အဲလိုလုပ်ရက်မျိုးကို ညီမလက်မခံနိုင်ပါဘူး
ဟိုမိန်းခလေးကိုလဲကိုယ်ချင်းစာပါတယ် ဒါပေမဲ့ညီမချစ်သူကို ညီမအရမ်းချစ်လို့ ညီမစိတ်ကလဲသူ့ကိုမပျက်နိုင်လို့
သူပြောတာကိုလက်ခံခဲ့ပါတယ် သူ့ဘက်ကလဲ သူအချိန်တောင်းထားတဲ့နောက်ပိုင်းကစပြီး
ညီမအပေါ်ပဲသစာရှိပါ့မယ်ဆိုပြီးဘုရားမှာသစာဆိုခဲ့ပါတယ်
ညီမသူ့ကိုအရမ်းကိုလေးစားသလိုယုံလဲယုံခဲ့ပါတယ်နောက်ရက်မှာသူထက်ပြောခဲ့တာက သူ့မှာမိန်းမနဲ့ကလေးရှိတယ်
တစ်ရားဝင်ကွာရှင်းထားတာလေးနှစ်ရှိပြီသူ့ကိုနားလည်လက်ခံပေးနိုင်ပါ့မလားတဲ့လေ
ညီမလေအရမ်းကိုထိတ်လန့်တုန်လှုပ်မိသွားတယ် ညီမက အပျိုတစ်ယောက်မို့ လူပျိုနဲ့ပဲလက်ထပ်ချင်ပါတယ်
ဒါပေမဲ့ညီမသူ့ကိုအရမ်းချစ်လို့ လက်ခံပေးမယ်လို့စဥ်းစားပီးညီမရဲ့အမေကိုတိုင်ပင်ဖွင့်ပြောပြခဲ့ပါတယ်
ပထမတော့ညီမအမေကငိုပါတယ် သဘောမတူပါဘူး အဖေသိရင်ရူးမတတ်ခံစားရလိမ့်မယ်တဲ့
နောက်ဆုံးမှာတော့ ညီမအစားသောက်ပျက် အိပ်ရာထဲမလဲယုံတစ်မယ်ခံစားနေရတာမကြည့်ရက်ခဲ့လို့ အမေညီမသဘောကိုလိုက်ရောခဲ့ပါတယ်
ပတ်ဝန်းကျင်ရဲ့ဝေဖန်မှုကိုသိပ်ကြောက်ပါတယ်
ညီမ မိဘတွေကိုလဲအရမ်းအားနာပါတယ်
ဒါပေမဲ့သူ့ကိုချစ်တဲ့စိတ်နဲ့ရှေ့ဆက်ဖို့ပဲဆုံးဖြတ်ခဲ့ပါတယ်
သူရဲ့ ဟိုမိန်းခလေးကိုသူ့နောက်ကြောင်းဖွင့်ပြောပြလိုက်လို့ မိန်းခလေးကနောက်ဆုတ်သွားပြီတဲ့
ညီမလဲတစ်ကယ်ထင်ခဲ့တာပါ ခုမှထက်သိရတာက အဲမိန်းခလေးကသူ့နောက်ကြောင်းကိုပါလက်ခံပေးပြီးသူ့ကိုယူပါ့မယ်ဆက်တွဲပါမယ်လို့ ပြောလာခဲ့တာတဲ့
ခုတော့ ညီမဘယ်လိုလုပ်ရမလဲဘယ်လိုရှေ့ဆက်ရမလဲ
ဟိုမိန်းခလေးကလဲညီမတို့ပျက်သွားတယ်ထင်နေပုံပါ
ညီမတို့နားလည်မှုယူထားတာသူသိပုံမရဘူး
ညီမလေအရမ်းကိုပူလောင်နေရပါတယ် ဟိုမိန်းခလေးကိုလဲမပြောြပရက်ဖူးဖြစ်နေပါတယ်
ညီမ မိဘရဲ့မျက်ရည်ကိုဥပေခါပြုခဲ့လို့များပူလောင်နေရတာလား ဘယ်လိုရှေ့ဆက်သင့်လဲ အကြံပေးကြပါဦးအမတို့ရယ်
ရင္ဖြင့္စာေလးတင္ခ်င္လို႔ပါ အမတို႔ေရ ညီမအသက္ 28 ႏွစ္ရွိပါၿပီ
၄လပိုင္းမွာသူနဲ႔ရင္းႏွီးၿပီး 7လပိုင္းမွာခ်စ္သူျဖစ္ခဲ့ပါတယ္
အစကေတာ့သူ႔ကိုသိပ္မခ်စ္ခဲ့ပါဘူး
ေနာက္ပိုင္းမွာသူ႔အေျပာေတြေၾကာင့္ခ်စ္သူျဖစ္တဲ့အခ်ိန္ေလးလေလာက္အတြင္းမွာ ညီမသူ႔ကိုအရမ္းခ်စ္မိသြားပါၿပီ
သူ႔ကိုမခ်စ္ခင္ကသူ႔ေဆြမ်ိဳးေတြ႕ၾကည့္ၿပီးသူ႔အေၾကာင္းဆုံစမ္းခဲ့ပါေသးတယ္
ဒါေပမဲ့သူနဲ႔ခ်စ္သူျဖစ္တာေလးလျပည့္ဖို႔တစ္ရက္အလိုမွာသိလိုက္ရတာက
သူ႔မွာညီမအျပင္ခ်စ္သူတစ္ေယာက္ရွိေနခဲ့တယ္ညီမအရမ္းကိုအံ့ၾသမိခဲ့ရပါတယ္
အဲမိန္းခေလးနဲ႔လဲစကားေျပာခဲ့ရပါတယ္
အဲမိန္းခေလးကညီမကိုသူ႔ေကာင္ေလးရဲ႕ခ်စ္သူမွန္းႀကိဳသိေနပါတယ္
သူဖ်က္ပစ္မွာမို႔ညီမကိုဆက္တြဲပါလို႔ေျပာပါတယ္
ညီမေကာင္ေလးကိုေမးၾကည့္ေတာ့ ညီမဆီကအေျဖေတာင္းထားခ်ိန္မွာအေျဖမရေတာ့ဘူးထင္လို႔ ဟိုမိန္းခေလးကိုလိုက္မိတာပါ
ညီမ မသိခင္ႀကိဳၿပီးဖ်က္ခဲ့ေပမဲ့မိန္းခေလးကမပ်က္လို႔ ခုထိခ်စ္သူျဖစ္ရွိေနခဲ့တာပါ
ညီမကိုအတည္လက္ထပ္မွာပါ သူ႔ကိုအခ်ိန္ေပးပါသူတစ္ေျဖးေျဖးခ်င္းစိတ္ကုန္ေအာင္လုပ္ပီးဖ်က္ပါ့မယ္တဲ့
ပုံမွန္ဆို အဲလိုလုပ္ရက္မ်ိဳးကို ညီမလက္မခံႏိုင္ပါဘူး
ဟိုမိန္းခေလးကိုလဲကိုယ္ခ်င္းစာပါတယ္ ဒါေပမဲ့ညီမခ်စ္သူကို ညီမအရမ္းခ်စ္လို႔ ညီမစိတ္ကလဲသူ႔ကိုမပ်က္ႏိုင္လို႔
သူေျပာတာကိုလက္ခံခဲ့ပါတယ္ သူ႔ဘက္ကလဲ သူအခ်ိန္ေတာင္းထားတဲ့ေနာက္ပိုင္းကစၿပီး
ညီမအေပၚပဲသစာရွိပါ့မယ္ဆိုၿပီးဘုရားမွာသစာဆိုခဲ့ပါတယ္
ညီမသူ႔ကိုအရမ္းကိုေလးစားသလိုယုံလဲယုံခဲ့ပါတယ္ေနာက္ရက္မွာသူထက္ေျပာခဲ့တာက သူ႔မွာမိန္းမနဲ႔ကေလးရွိတယ္
တစ္ရားဝင္ကြာရွင္းထားတာေလးႏွစ္ရွိၿပီသူ႔ကိုနားလည္လက္ခံေပးႏိုင္ပါ့မလားတဲ့ေလ
ညီမေလအရမ္းကိုထိတ္လန္႔တုန္လႈပ္မိသြားတယ္ ညီမက အပ်ိဳတစ္ေယာက္မို႔ လူပ်ိဳနဲ႔ပဲလက္ထပ္ခ်င္ပါတယ္
ဒါေပမဲ့ညီမသူ႔ကိုအရမ္းခ်စ္လို႔ လက္ခံေပးမယ္လို႔စဥ္းစားပီးညီမရဲ႕အေမကိုတိုင္ပင္ဖြင့္ေျပာျပခဲ့ပါတယ္
ပထမေတာ့ညီမအေမကငိုပါတယ္ သေဘာမတူပါဘူး အေဖသိရင္႐ူးမတတ္ခံစားရလိမ့္မယ္တဲ့
ေနာက္ဆုံးမွာေတာ့ ညီမအစားေသာက္ပ်က္ အိပ္ရာထဲမလဲယုံတစ္မယ္ခံစားေနရတာမၾကည့္ရက္ခဲ့လို႔ အေမညီမသေဘာကိုလိုက္ေရာခဲ့ပါတယ္
ပတ္ဝန္းက်င္ရဲ႕ေဝဖန္မႈကိုသိပ္ေၾကာက္ပါတယ္
ညီမ မိဘေတြကိုလဲအရမ္းအားနာပါတယ္
ဒါေပမဲ့သူ႔ကိုခ်စ္တဲ့စိတ္နဲ႔ေရွ႕ဆက္ဖို႔ပဲဆုံးျဖတ္ခဲ့ပါတယ္
သူရဲ႕ ဟိုမိန္းခေလးကိုသူ႔ေနာက္ေၾကာင္းဖြင့္ေျပာျပလိုက္လို႔ မိန္းခေလးကေနာက္ဆုတ္သြားၿပီတဲ့
ညီမလဲတစ္ကယ္ထင္ခဲ့တာပါ ခုမွထက္သိရတာက အဲမိန္းခေလးကသူ႔ေနာက္ေၾကာင္းကိုပါလက္ခံေပးၿပီးသူ႔ကိုယူပါ့မယ္ဆက္တြဲပါမယ္လို႔ ေျပာလာခဲ့တာတဲ့
ခုေတာ့ ညီမဘယ္လိုလုပ္ရမလဲဘယ္လိုေရွ႕ဆက္ရမလဲ
ဟိုမိန္းခေလးကလဲညီမတို႔ပ်က္သြားတယ္ထင္ေနပုံပါ
ညီမတို႔နားလည္မႈယူထားတာသူသိပုံမရဘူး
ညီမေလအရမ္းကိုပူေလာင္ေနရပါတယ္ ဟိုမိန္းခေလးကိုလဲမေျပာျပရက္ဖူးျဖစ္ေနပါတယ္
ညီမ မိဘရဲ႕မ်က္ရည္ကိုဥေပခါျပဳခဲ့လို႔မ်ားပူေလာင္ေနရတာလား ဘယ္လိုေရွ႕ဆက္သင့္လဲ အႀကံေပးၾကပါဦးအမတို႔ရယ္