ရင်ဖွင့်စာ

မိန်းမသားတို့ရင်ဖွင့်ရာ ရင်ဖွင့်စာ ၃၇၀

သူနဲ့ညီမချစ်သူုဖြစ်တာ7နှစ်ရှိပါပြီ

တစ်ယောက်ပေါ်တစ်ယောက်အရမ်းချစ်ကြသလို့ သစ္စာလည်းရှိကြပါတယ်

စိတ်ဆိုးစိတ်ကောက်တဲ့ချိန်တစ်နာရီလေးတောင်မခေါ်ပဲမနေနိုင်ကြပါဘူး

ပြဿနာ ကဒီနှစ်အတွင်းလက်ထပ်မယ်ချင်တယ်ပေါ့သူရဲ့အိမ်ကိုလည်းပြောပြီးပီ

အားလုံးအဆင်ပြေတယ်တဲ့

သူအမေအဖေတေလည်းညီမကိုသဘောကျသလောက်သဘောတူတာပေါ့

ညီမအိမ်ကိုပြောတာပေါ့ ညီမအမေနဲ့အမက မရဘူးမဖြစ်နိုင်ဘူးတဲ့

သူက ဗုဒ္ဓဟူးညီမတနင်္ဂနွေးတဲ့မတည့်ဘူးတည့်ရင်လည်းစီးပွားမဖြစ်သလို့အသက်ရှည်ရှည်မနေကြရဘူးတဲ့

7နှစ်ကြီးတောင်တွဲလာပီးမှဒီချိန်မှမဖြစ်နိုင်ဘူးဆိုတော့ ညီမတော့ဘာဖြစ်ဖြစ်ပါပဲ

ဒီလို့မျီုးကြားရတော့စိတ်ထဲလည်းမပျော်သလို့ အမေစိတ်ဆင်းရဲမာလည်းကြောက်

အကြံပြုချက်လေးပေးကြပါအုံး

အခမဲ့တင်ပေးပါမင်မင်ရေ……











