ရင်ဖွင့်စာ

မိန်းမသားတို့ရင်ဖွင့်ရာ ရင်ဖွင့်စာ ၃၇၁

သူနဲ့ကရည်းစားသက်တမ်းသိပ်မကြာဘဲယူလိုက်ကြတယ်

နှစ်ဖက်မိဘတွေကလဲသဘောတူတယ်အရာအားလုံးအဆင်ပြေပါတယ်

အခုချိန်ကိုယ်ဝန်ဆောင်ရတဲ့အချိန်မှတိုက်တိုက်ဆိုင်ဆိုင်

သူ့မှာ အပြင်မှာတစ်ခါမှမတွေ့ဖူးတဲ့ရည်းစားရှိမှန်းသိလိုက်ရတယ်

သူ့ရည်းစားနဲ့ဖုန်းတွေပြော စာတွေပို့လုပ်နေတာက်ု ကိုယ့်မှာနားလည်ပေးနေရရတယ်

မိန်းမသားမို့သဝန်တိုမိိပေမဲ့ ကိုယ်နဲ့မတွေ့ခင်က ကိစ္စပါဆိုပြီး အမြဲအကြောင်းပြတယ်

တခုခုဆိုရင်တောင် သူကိုယ့်ဖက်မှာမရှိပါလား

ငါ့ကိုအမြဲညာနေပါလားဆိုတဲ့အတွေးဝင်ပြီး ကောင်းကောင်းအိပ်မပျော်ဘူး

အရင်ကလိုမျိူးသာဆိုတစ်ခါတည်းပြတ်လိုက်မှာပေမဲ့

ကလေးကရှိလာတော့မှာဆိုတော့ ဘယ်လိုမှမပြတ်နိုင်ဖြစ်နေရတယ်

ဟိုမိန်းကလေးကလဲသူအိမ်ထောင်ကျမှန်းသိရက်နဲ့ သူ့ကိုမပြတ်ပေးဘူးဖြစ်နေတယ်

ကိုယ်ကပဲအရမ်းတုံးအခဲ့တော့သူပြောသမျှကိုခေါင်းညိတ်ပြီးပဲနေနေရတယ်

ကိုယ့်ကိုချစ်လို့ယူခဲ့တာမှဟုတ်ရဲ့လားဆိုတဲ့အတွေးနဲ့စိတ်ဆင်းရဲပြီးနေနေရတယ်

ရှေ့ဆက်ဘာလုပ်သင့်လဲအကြံပေးကြပါဦး

အခမဲ့တင်ပေးပါ






မိန်းမသားမို့သဝန်တိုမိပေမဲ့ ကိုယ်နဲ့မတွေ့ခင်က ကိစ္စပါဆိုပြီး အမြဲအကြောင်းပြတယ်



အရင်ကလိုမျိုးသာဆိုတစ်ခါတည်းပြတ်လိုက်မှာပေမဲ့






အခမဲ့တင်ပေးပါ