ညီမရင်ဖွင့်ချင်တာရယ် အကြံဥာဏ်တောင်းချင်တာရယ်ကြောင့် ဒီ post လေးတင်ခွင့်ပြုပါနော်….
ညီမမှာ 6 နှစ်ကျော်တွဲနေတဲ့ကောင်လေးရှိပါတယ်…
HS လဲရှိခဲ့ကြသလို ယူဖို့အထိစဥ်းစားပြီးတွဲခဲ့ကြတာပါ…
အခုဖြစ်နေတာက ညီမကောင်လေးကအရမ်းအေးစက်လာတာပါ…
တစ်မြို့ထဲနေကြပြီးမတွေ့ကြတာ 4 လကျော်နေပါပြီ။
ဖုန်းလဲညီမကဆက်ရတာပိုများပါတယ်….
ကြာလာတော့သူမဆက်ရင် ကိုယ်ကလဲမဆက် သူတွေ့ဖို့မပြောရင်ကိုယ်ကလဲမာနထိခိုက်မှာစိုးလို့မပြောနဲ့
အခြေအနေတွေကပိုဆိုးလာပြီး ပိုဝေးလာသလိုခံစားရပါတယ်။
သူ့ဘက်ကဖောက်ပြန်နေလို့ဒီလိုဖြစ်လာတာလားဆိုတော့လဲ မဟုတ်ပြန်ဘူး
ချစ်လားမေးရင် ချစ်တယ်ပဲအလွယ်ဖြေတယ်
ဒါပေမယ့် ညီမကိုဆက်ဆံတာကြီးကအရမ်းအေးစက်လွန်းလို့မေးပြန်ရင်လဲ ဝေ့လည်ကြောင်ပတ်တွေလုပ်တယ်
ဘယ်တော့လက်ထပ်ကြမလဲမေးရင်လဲသေသေချာချာမပြောနိုင်
သူနဲ့လဲညီမလမ်းခွဲဖို့စဥ်းစားလိုက်တိုင်း အကြိမ်ကြိမ်ကျရှုံးရနဲ့
တစ်ခါတစ်လေ သူ့ဘက်က ကိုယ့်ကို ဂရုစိုက်လာအောင်
တစ်ခုခုလုပ်ပစ်ချင်တဲ့အထိတွေလဲ တွေးမိတဲ့အထိ စိတ်တွေဆင်းရဲရနဲ့
ဘာဆက်လုပ်ရမယ်မှန်း မသိရအောင်ပါရှင်….
ကျေးဇူးပြုလို့ ညီမဆက်လုပ်သင့်တဲ့ အကြံလေးတွေ ပေးပေးပါဦးရှင်…