ရင်ဖွင့်စာ

မိန်းမသားတို့ရင်ဖွင့်ရာ ရင်ဖွင့်စာ ၃၇၄

ခုအသက်၃၂ နှစ်ရှိပါပြီ ပြောချင်တာက ၁၉နှစ်လောက်ကတည်းက ချစ်ခဲ့တဲ့ရည်စားဦး အကြောင်းပါ

အါ့တုန်းက စာပေးစာယူခောတ်ဆိုတော့ သူကိုယ့်ကိုလိုက်ခဲ့တာ၂နှစ်လောက်နေမှ ကိုယ်က အဖြေပြန်ပေးခဲ့တာပါ

၆ လလောက်ကြာတော့ အိမ်ကသိသွားလို့ အဆက်ဖြတ်ခဲ့ပါတယ်

ဒါပေမယ့် သူကအရမ်းဇွဲကောင်းပါတယ် သူဘယ်လိုကြိုးစားကြိုးစား ပြန်အဆင်ပြေအောင်နေဖို့ မတွေးခဲ့ပါဘူး

မတွေးခဲ့ဘူးဆိုတာက နောက်တယောက်တွေ့နေလို့လည်းမဟုတ်ပါဘူး

အေးဆေးနေချင်လို့ အဆတ်ဖြတ်တဲ့သဘောပါ

မကြာပါဘူး သူနိုင်ငံခြားထွက်သွားပါတယ် မကြာခင် ကိုယ်အမတွေလည်းသွားတော့ အရင်ကလည်အဆက်အသွယ်လုပ်ပေးတဲ့အမဆိုတော့ အမနဲ့ အဆက်အသွယ်ရရင် သူ့ကို အရမ်းသတိရတဲ့ အကြောင်း ပြောပေးအူးလို့ပြောခဲ့တယ်

ဖုန်းကလည်းအါ့အချိန် လူတိုင်းမကိုင်နိုင်ကျသေးတော့ ဆက်သွယ်လို့လည်းမရခဲ့ဘူး

ဒီကြားထဲ အမေက အိမ်ထောင်ချပေးဖို့ သင့်တော်တဲ့သူနဲ့ နှစ်ဖတ်မိဘ စီစဉ်ပေးတာတောင်လက်မခံခဲ့ဘူး

ဒီလိုနဲ့၂နှစ်လောက်ကြာတော့ ကိုယ်က ကျန်းမာရေး မကောင်းဖစ်သွားတယ်

အါ့တေလည်းသူကြားမှာပါ သူက ကိုယ့်ကို တော်တော်ချစ်ခဲ့တာ ပတ်ဝန်းကျင်ကတောင်သိကျတယ်

ကျန်းမားရေးက ၂နှစ်လောက်ခံလိုက်ရတယ် အါ့နောက်ဖုန်းတွေပေါလာတော့ သူဆက်သွယ်လာတယ်

နေကောင်းလား အဆင်ပြေလား လာ လာမေးတယ် အရမ်းကိုပျော်တာလေ မေးဖော်ရလို့ ဒါပေမယ့် ဝမ်းသာတဲ့ပုံမျိုးမပြခဲ့ဘူး သူစကားလာမပြောတဲ့ရက်ဆို စိတ်တွေမခံစားနိုင်လို့ သူaccငါမမြင်ရရင် နေနိုင်မှာပါဆိုပြီး block လိုက်တယ်

နောက်၂နှစ်လောက်ထိ သူလာမအပ်ဘူး ကိုယ်ကအမြဲရှာတယ် ဒါပေမယ့် feelပို့စ် တေလည်းမတင်ပါဘူး

သူနဲ့ပတ်သတ်ခဲ့ဖူးတဲ့ သတိရစရာ တွေပြန်တွေးမိရင်းသီချင်းနားထောင်ပြီးဘဲ ကျော်ဖြတ်ခဲ့တယ်

တနေ့ကျ သူလာပြန်အပ်တော့ သူ့မှာချစ်သူရှိနေပြီလို့ပြောတဲ့နေ့က တနေ့မှမကျခဲ့တဲ့ မျက်ရည်တွေ မထင်ထားဘူး

လူတယောက်အတွက်နဲ့ ရင်ထဲကစူးနစ်အောင်နာပြီး ခံစားရမယ်လို့ တခါလေးတောင် မတွေးမိတဲ့သူမျိုးပါသူ့ ကမလေး ပုံကြည့်ချင်လို့ပြောတော့ ကလေးမလေးကိုတွေ့တော့ မမုန်းမိပါဘူး

ရင်ထဲကနာတာကိုလေ မပြောပြတက်အောင်ဘဲ သူ့ရှေ့မှာ ကိုယ်ဘယ်လိုဖစ်တယ်ဆိုတဲ့ပုံ မပြခဲ့ဘူး နောက်တွေကျတော့ သူ့ကမလေးနဲ့ လျှောက်လည်ကြောင်းတွေပြောတော့ ကိုယ့်စိတ်သက်သာအော်သူနဲ့အဆက်အသွယ် ဖြတ်ခဲ့တယ်

သူနဲ့စပြောခဲ့တဲ့fb acc ခုထိမပြောင်းခဲ့ဘူး သူ့ ကမလေးရှိနေပြီမပြောခင်က အရင် ကိုယ်က သူ့ကိုထားခဲ့လို့မကျေနပ်နပ်တဲ့ အကြောင်းတွေပြောတော့ ခုလိုဖုန်းတွေသာရှိရင်နင်နဲ့ ငါ ပျက်မှာမဟုတ်ဘူးလို့ ပြောမိခဲ့တယ်

အဆက်သွယ်ပျက်ပြီး ၁နှစ်လောက်နေတာ့ သူ့ ကမ လေးနဲ့ပျက်လို့ သူတော်တော်လေးခံစားလိုက်ရတယ်

သူ့acc ဝင်ကြည့်မိတော့သိတာ ကိုယ့်အကောင့်မှတော့သူ့နဲ့ပတ်သတ်တဲ့ ဘာပို့စ်မှမတင်တက်ဘူး သူအသဲကွဲပြီးတဲ့အချိန် လားဘဲ အမတယောက်ကို သူ့အကောင့်လက်ခံပေးဖို့လာပြောခိုင်းတဲ့အတွက်လက်ခံလိုက်တယ် သူအရမ်းချစ်ပါတယ်

စိတ်ချမ်းသာအောင်ထားပါ့မယ်ဘာညာပေါ့ ကိုယ့်မှာက ချို့ယွင်းချက်ဆိုလို့ ကျန်းမာရေးပါဘဲ သူက freedom လို့ပြောလို့လက်ခံလိုက်တာပါ

မကြာပါဘူး ပုံစံ ပြောင်းလာလို့ ငါ့မချစ်တော့ဘူးလား မေးတော့ မချစ်ဘဲတွဲမလားတဲ့ ကိုယ်ကြားချင်တဲ့အဖြေမဟုတ်လို့ နည်းနည်းလေးဘဲရစ်မိတယ် သူနားထောင်ပေးတယ်

သူ့ကိုဘယ်လောက်ချစ်ကြောင်းတွေ ပြသနာမဖစ်ခင် ပြောခဲ့တယ် သူ့ဘက်က အေးစက်တာ မခံစားနိုင်လို့ အရမ်းချစ်တယ်ပြောပြီး လမ်းခွဲခဲ့တယ်

ဘယ်လောက်ခံစားရတယ်ဆိုတာ မရေးတော့ပါဘူး သူaccကို ဝင်မကြည့်မိတဲ့နေ့မရှိအာင်ကို မေ့မရတာပါ

ခု သူ့အိမ်ကလည်း အဆင်ပြေမယ့် မိန်းကလေးနဲ့ တွဲနေပါပြီ ကိုယ်နဲ့ပြက်ပြီးဘဲ ဘယ်သူနဲ့တွဲတွဲဆိုတဲ့ post တင်တာတွေ့တော့ လာပြန်addပါတယ်

ဆံပင် ဘာလို့ညှပ်တာလဲ မညှပ်ပါနဲ့ပြောတော့ ကိုယ့်ရင်ထဲမှာဝမ်နည်းဝမ်သာ ပါဘဲ ညှပ်နေကျဖစ်နေပါပြီလို့ဘဲပြောခဲ့တယ်

၂ရက်၃က်နေတော့ နင်မျက်နှာမြင်ရရင် ရင်ဘက်ထဲမှာစူးအောင့်အောင့်ကြီး ခံစားရတယ်တယ်ပြောတော့ ကိုယ့်ရင်ဘက်က ကွဲမတက်ပါဘဲ ကိုယ်ပြန်ပို့တဲ့ စတစ်ကာ က ရယ်ပြနေတဲ့စတစ်ကာပါ

နင်ပျော်ပျော်ရွှင်ရွှနေတာမြင်ရတော့ ငါပျော်ပါတယ်တဲ့ ပျော်အောင်နေတဲ့

ညဉ်နက်အောင်အောင်နေရင် စောစောအိပ် ကျန်းမာရေးဂရုစိုက် ပြောပေးတာနဲ့ သေပျော်နေတာပါ

ကိုယ်က aww omm ဟု ကလွဲလို့မပြောပါဘူး စပြီးတော့လည်းမခေါ်ပါဘူး

သူကလည်း သူ့စည်းနဲ့ သူနေတာပါ သူ့ကလည်း သူ့ချစ်သူနဲ့ဘဲ လက်တွဲဖို့ အဆင်ပြေမှာပါ

ကိုယ်ကလည်း သူ့ကို အချစ်တခုထဲရှိတာပါ ကိုယ့်မိသားစုက ကိုယ့်ကို အရမ်းချစ်ပြီးတန်ဖိုးထားလို့ တော်ရုံအချစ် တော်ရုံမိသားစုဘဝနဲ့ မလဲနိုင်တဲ့လူမျိုးပါ

ကိုယ့်ကိုအတည်တကျ တွဲမယ့်လူတွေလည်း ရှိပါတယ် ခုပြောချင်တာ friထဲထားပြီး သူ့ကလည်း စည်းကမ်းရှိသူမလို့ ကိုယ်ကလည်း အကြောတင်းမလို့ ဖောက်ပြန်မယ့်ကိစ္စတွေ ရှိလာမှာ မဟုတ်ပါဘူး

fri ထဲ ထားသင့် မထားသင့်နဲ့ ခုရေးတဲ့အကြောင်းရာတွေကို တစ်ဦးတယောက်ကို ပြောပြ ရင်ဖွင့်ထားခြင်းမျိုး မရှိတဲ့အတွက် ရင်ဖွင့် ရုံ ရေးလိုက်တာပါ


































