လူ၂ ယောက်အိမ်ထောင်ပြုလို့ စီးပွားဖြစ်တာ မဖြစ်တာ
အိမ်ထောင်ရေး သာယာတာ မသာယာတာတွေက နေ့နံတွေနဲ့ ဆိုင်ရဲ့လားရှင့်
အဓိကက အဲ့လူ၂ ဦးအပေါ်မှာပဲ ဆိုင်တယ်ထင်ပါတယ်
အရင်ကတည်းက ဗေဒင်တွေ ဘာတွေယုံတဲ့ထဲမှာတော့ မပါပေမဲ့ စိတ်ထဲမှာ တမျိုးဖြစ်နေလို့ပါ
ညီမက စနေသမီးပါ ယောကျာ်းလေး တော်”များ” က စနေသမီးကို မယူဘူးတို့ ယူရင်ခိုက်တယ်
စီးပွားမဖြစ်ဘူးတို့ ကြားဖူးလို့ပါ အခု ညီမကောင်လေးက တနင်္ဂနွေသားပါ
ညီမက စနေသမီးဆိုတော့ ယူရင်အိမ်ထောင်ရေး အဆင်မပြေဘူးတို့
စီးပွားမဖြစ်တာတို့က တကယ်ဖြစ်တတ်လားရှင့်
အကို အမတို့ရော အဲ့လိုလူတွေ တွေ့ဖူးလားရှင့်
ညီမပတ်ဝန်းကျင်မှာ အဲ့လိုလူမျိုးတွေ တွေ့နေရတော့ စိတ်ထဲမှာ တမျိုးကြီးဖြစ်နေလို့ မေးကြည့်တာပါ