မဂ်လာဆောင်မှာသတိုးသားမပါပဲ တစ်ဦးထဲ မဂ်လာဆောင်ရပြီးမှတ်တာ
အမျိုးသားကအရမ်းသဘောကောင်းလို့
ကျမနာမည်မပျက်ခဲ့ဖူး
အမျိုးသားကမိသားစု စုစုစည်းစည်းနေချင်တယ် အဲ့ဒါနဲ့ ကျမကိုနစ်သိမ့်တယ်
သူ့အမေကစိတ်ဆိုးလို့ပြောတာပါ ရင်ထဲကမပါဘူးတဲ့
ကျမလဲသူ့စကားနားထောင်ပြီးသူ့ဘက်လိုက်ခဲ့တယ်
ရောက်တာ တစ်ပတ်မပြည်သေးဘူး ကလေးမရလို့တဲ့
နင်ကအသက်30ကျော်နေတော့ကလေးကောရမှာလားတဲ့ 😏😏😏😏
မသိဘူးလို့ဖြေလိုက်တယ် အပြင်မှာထပ်ပြောတယ်
မိန်းမတစ်ယောက်ကကလေးမမွေးနိုင်ရင် မြုံနေရင် မိန်းမကောင်းမဟုတ်ဖူးတဲ့
ကျမလဲအမျိုးသားကို ရှင့်အမေပြောချင်လဲ ကျမမကြားအောင်ပြောလို့
မိန်းမသားချင်း ချင်းကိုယ်ချင်းစာလို့ ပြောလိုက်တယ်
သူလဲမပြောဘူးနဲ့တူပါတယ်
ကလေးမရလဲဘာဖြစ်လဲဗျာဆိုတာတော့သူပြောတာ ကြားတယ်
2လကြာတော့ ကျမကိုယ်ဝန်စစ်ကြည့်တာ ရှိနေပြီ
2ယောက်လုံးပျော်နေကြတာပေါ့
မပျော်တာကသူ့အမေ
သူ့သားမရှိတဲ့အချိန်ကြအပြစ်မရှိအပြစ်ရှာပြီး
ကိုယ်ဝန်က လင်ငယ်နဲ့ရတာနေမှာပေါ့တဲ့
ကျမလဲသည်းမခံနိုင်တော့လို့
ရှင်ကလင်ငယ်နေဖူးလို့သိတာလားမေးလိုက်တာ ဆပ်ဆပ်ကိုတုန်လို့
ကျမကို အခန်းထဲ ဆံပင်ဆွဲပြီး
နံရံနဲ့စောင့်တယ် ကျမလဲ ကိုယ်ဝန်တစ်ခုခုဖြစ်မှာဆိုးလို့
ရအောင်ရှောင်လိုက်တယ်
ပြီးတော့ ကျမပြောလိုက်တာ ရှင်တို့နဲ့အတူတူမနေနိုင်ဘူး
ကျမယောက်ျားအိမ်ကဆင်းလို့ပြောလိုက်တာ
အမျိုးသားလဲသူ့မိဘနဲ့ ကျမ ကိုရွေးခိုင်းလိုက်တယ်
ရှင့်အမေက ကျမကိုယ်ဝန်ရှိမှန်းသိသိနဲ့ ကိုယ်ထိလက်ရောက် စော်ကားတယ်
ကျမသည်းမခံနိုင်တော့ဘူး
ကျမ သက်ဆိုင်ရာတိုင်မယ်ပြောတော့ တားတယ်
သူ့မိဘပါလေဆိုတဲ့ စိတ်နဲ့ ကျမ နေလိုက်တော့တယ်
အခုအိမ်မှာလဲ သူ့မိဘတွေမရှိတော့ဘူး ကျမတို့ ဘဝကို အစကနေ ပြန်စရမယ်
အမျိုးသမီးကောင်းလေးများ ကိုယ့်အမျိုးသားက ကောင်းနေပေမယ့်
ယောက္ခမဆိုးတွေ လက်က လွတ်မြောက်ပါစေ ဆုတောင်းပေးလိုက်ပါတယ်
ကျမနာမည်မပျက်ခဲ့ဖူး
မပျော်တာကသူ့အမေ