သူနဲ့ကိုယ်နဲ့ မနှစ်ကစတွေ့တာပါ အလုပ်တူနေတော့ တချိန်လုံးအတူတူရှိနေခဲ့ပါတယ်
အဲ့ချိန်သူ့မှာကရည်းစားရှိနေခဲ့ပါတယ်
ကိုယ်ကလဲအတူရှိချိန်တေများတော့သံယောဇဥ်ဖစ်ပီးရည်းစားရှိမှန်းသိသိကြီးနဲ့ပတ်သတ်ကြမိပါတယ်
နေတာကြာလာလေ သံယောဇဥ်တေပိုဖစ်လာပီးအဲ့မိန်းကလေးနဲ့ရည်းစားဖစ်နေတာကိုမနှစ်သက်တော့လို့
သူ့ကိုကျွန်မတို့နှစ်ယောက်ပတ်သတ်မှုကိုရပ်ဆိုင်းဖို့ပြောခဲ့ပါတယ်
သူလက်မခံပါဘူး အဲ့မိန်းကလေးကိုသူဖြတ်မယ်ပြောပါတယ်
ကျွန်မကလဲ ဖြတ်မယ်ဆိုရင်ချက်ချင်းဖြတ်စေချင်ပါတယ်ပြောတော့ သူ့ကိုအချိန်တလပေးဖို့ပြောပါတယ်
ကျွန်မလက်ခံလိုက်တယ် ဒါပေမယ့်သူတို့ကနေ့တိုင်းဆက်သွယ်နေကြပါတယ် အဲ့မိန်းကလေးကအဝေးမှာပါ
နေ့တိုင်းအဆက်အသွယ်ရှိနေတော့ ကျွန်မလက်မခံနိုင်တော့ပဲ သူ့ကိုပြောခဲ့ပါတယ်
နင်တောင်အဆက်အသွယ်မဖြတ်တာငါလဲလုပ်ပြမယ်ဆိုပီး တခြားယောကျာ်းတယောက်နဲ့ကျွန်မအီစီကလီလုပ်ခဲ့ပါတယ်
တခြားယောကျာ်းနဲ့ကျွန်မသွားတွေ့တယ် ကျွန်မတို့လွန်လွန်ကျူးကျူးတေထိဖစ်ခဲ့ပါတယ်
အဲ့တာတေသူလဲသိသွားပါတယ် ဒါပေမယ့်သူကျွန်မကိုမဖြတ်ပေးပါဘူး
ကျွန်မဘက်ကလမ်းခွဲစကားဘယ်လောက်ပြောပြောသူလမ်းမခွဲပေးပါဘူး
ဟိုမိန်းကလေးကိုကျလူသိရှင်ကြားတွဲနေတာပါ
ကျွန်မနဲ့အတူရှိနေချိန်ဆို အဲ့မိန်းကလေးဖုန်းလာလဲမကိုင်ပါဘူး
တခါတလေ ကိုင်ဖစ်ရင်တောင်သူအဲ့မိန်းကလေးကိုအမြဲလိမ်ပါတယ်
ကျွန်မနဲ့အဲ့မိန်းကလေးနဲ့ယှဥ်ရင် အဲ့မိန်းကလေးကိုဖြတ်မယ်လို့အမြဲပြောပါတယ်
ကျွန်မကလဲ ချက်ချင်းဖြတ်တာပဲလိုချင်တာပါ သူကအဲ့လိုလုပ်လို့မရဘူးလို့ပြောပါတယ်
တဖက်မိန်းကလေးအတွက်မကောင်းဘူးလို့ပြောပါတယ်
ဟိုမိန်းကလေးကိုလဲမဖြတ်ကျွန်မကိုလဲမဖြတ်ပေးနဲ့ ကျွန်မဘယ်လိုဆက်လုပ်သင့်ပါသလဲ