ပထမလူကြောင့်move on မလုပ်နိုင်ဘဲအသဲတွေကွဲနေချိန် သုံးနှစ်လောက်ကြာပြီးမှ ဒုတိယကောင်လေးကို တွေ့ခဲ့တယ်
သူနဲ့သိလိုက်ချိန်ကိုယ့်ကို propose လုပ်လိုက်ကတည်းက အဲ့ကောင်လေးကကိုယ့်ကို
စိတ်ချမ်းသာစေမယ်လို့ စိတ်ထဲဖြစ်ခဲ့တယ်
သူ့ကိုလည်းချစ်မိတယ် အဲ့ဒါကြောင့် သူ့နဲ့တွဲလိုက်တယ် တကယ်လည်းပထမလူနဲ့ရခဲ့တဲ့ဒဏ်ရာတွေအကုန်ပျောက်ပြီး
သူရဲ့အချစ်တွေနဲ့ လူကအရမ်းပေါ့ပါးလာခဲ့တယ် သူ့ကိုအစားထိုးချစ်တာမဟုတ်သလို ကိုယ်တိုင်က
အပျော်တမ်းချစ်တာမျိုးတွေ လုံးဝမလုပ်တတ်သူပါ
ပြောချင်တာကလေ သူကအစစအရာရာကိုယ့်ထက်
မပြည့်စုံပါဘူး စတွဲကတည်းက အကုန်လက်ခံထားပြီးသားပါ
သူ့ကို တိုးတက်စေချင်တယ်အောင်မြင်စေချင်တယ် ကိုယ်လက်တွဲခေါ်နိုင်မယ်လို့လည်းယုံကြည်တယ်သူကဘယ်အရာမဆိုကိုယ့်သဘောအတိုင်းပဲလက်ခံသူမို့ပါ
ပြီးတော့ကိုယ့်ကိုလည်းအရမ်းချစ်ပါတယ် ခုခေတ်မှာစစ်မှန်တဲ့အချစ်တွေအရမ်းရှားပါးနေပြီမို့ သူ့အချစ်ကိုအရမ်းတန်ဖိုးထားပါ
တယ် ကိုယ့်မိဘတွေကတော့ သူ့ထက်သာတဲ့သူနဲ့ လက်ထပ်စေချင်နေတာ မိဘဆိုတာကတော့
သားသမီးကို ကောင်းစားစေချင်ကြတာနားလည်ပါတယ် ကန့်ကွက်တာမျိုးတော့မရှိပေမယ့်သိပ်သဘောမကျချင်သလိုပါ
ကိုယ်က စုတတ်ဆောင်းတတ် ချွေတာတတ်သူပါ
အိမ်ထောင်ပြုပြီးလုပ်ကိုင်စားဖို့ငွေရင်းငွေနှီးလေးလည်းစုဆောင်းထားပါတယ်
မိန်းမကိုဦးစားပေးတတ်တဲ့ အမျိုးသားနဲ့ သာယာတဲ့မိသားစုဘဝလေးကိုဖန်တီးနိုင်မှာပါနော်
moti လေးပေးစေချင်တာပါ
သူ့အားနည်းချက်ကိုဘယ်တုန်းကမှ မလှောင်ခဲ့ဖူး
ထုတ်မပြောဖူးပါဘူး ဒါပေမယ့်သူကအားငယ်နေတယ် သူ့အားနည်းချက်ကြောင့်ကိုယ့်ကိုဆုံးရှုံးရမှာကြောက်နေတယ်
သူစိတ်မကောင်းရင်ကိုယ်ပါအလိုလိုဝမ်းနည်းတာ ချစ်ခြင်းတွေစစ်မှန်လို့ထင်ပါရဲ့