ရင်ဖွင့်တယ်ဆိုတာထက် တွေဝေပြီးလမ်းပျောက်နေလို့ပါ
ညီမက ကုမ္ပဏီတစ်ခုမှာ နေရာတစ်နေရာ ရနေတဲ့လူပါ… အသက်လည်း တည်ငြိမ်တဲ့အရွယ်အနေအထားတစ်ခု
ရှိပါပြီ…
ကိုယ့်ဘာသာရပ်တည်နေတဲ့သူတစ်ယောက်ပါ
တစ်ယောက်တည်းနေလာရင်း ညီမထက်အသက် 4/5နှစ်လောက်ငယ်တဲ့ ကောင်လေးတစ်ယောက်နဲ့ ခင်မင်ခဲ့ပါတယ်
သူကလည်း လူကြီးဆန်ပြီးတည်တည်ငြိမ်ငြိမ် သန့်သန့်ပြန့်ပြန့်လေးမို့ သဘောကျမိခဲ့ပါတယ်…
သူနဲ့က တစ်မြို့တည်းပေမယ့် ခင်တာ တစ်နှစ်လောက်ပဲရှိပါသေးတယ်
တစ်နှစ်အတောအတွင်းမှာ သူနဲ့နေ့တိုင်းနီးပါး Massanger မှာ စကားပြောဖြစ်ခဲ့ကြပါတယ်
သူကအမြဲဂရုစိုက်စိတ်ပူပေးခဲ့ပါတယ် ခရီးဘာညာသွားရင် ပြန်လာရင်တောင် ဖုန်းမခေါ်အားရင် စာပို့ထားခဲ့တတ်ပါတယ်
ဖုန်းကအမြဲမပြောဖြစ်ခဲ့ပေမယ့် လိုင်းပေါ်တော့ နေ့စဥ်ပြောဖြစ်ကြပါတယ်
သူကပုံမှန်ထက်ပိုတဲ့စကားတွေပြောတယ် ဂရုစိုက်ပေး စိတ်ပူပေးတာတွေကြောင့် သာယာခဲ့မိပါတယ်
သူက တစ်ကြိမ်ဖွင့်ပြောခဲ့ဖူးတာပါ ညီမဘက်က အတိအလင်းချစ်သူဖြစ်သွားရင် ယောကျ်ားလေးတွေက ပြောင်းလဲသွားတတ်တယ်ဆိုပြီး
ဒီတိုင်းပဲ ဆက်နေရအောင်ဆိုပြီး အလိမ္မာနဲ့ငြင်းခဲ့ပြီး ဒီတိုင်းပဲ ဆက်သွားခဲ့ပါတယ်
သူကပုံမှန်အတိုင်း ဂရုစိုက်မြဲ ပြောနေမြဲပါပဲ…
အခုနောက်ပိုင်းဖြစ်လာတာက ညီမပါ သူ့ကို သံယောဇဥ်ဖြစ်လာမိတာ ပိုပိုဆိုးလာပါပြီ. ,.
သူပြောတုန်းက ငြင်းမိခဲ့တာကိုလည်း နောင်တရနေသလိုပါပဲ.
.အခု ညီမဘက်က အရိပ်အယောင်ကိုသူမြင်တော့ သူက တစ်ပြန် ဒီတိုင်းပဲ ဆက်သွားရအောင်ဆိုပြီး ပြောလာပါတယ်…
အခုတလောဆို သူ့ဘက်က replyတွေလည်းကြာလာတတ်သလိုပါပဲ….
သူ့မှာတခြားသူရှိနေပြီလို့တွေးမိလို့ မေးတော့ မရှိဘူးပဲ ပြောပြီး ရှိရင်မိတ်ဆက်ပေးမယ်ပြောပါတယ်
သူက တမင်လက်စားပြန်ချေနေတာလား အလိမ္မာနဲ့ငြင်းခဲ့လို့….
အခုတော့ သူ့ကို ချစ်တဲ့စိတ်နဲ့ ပိုင်ဆိုင်ချင်စိတ်တွေများပြီး ဒီတိုင်းဆက်နေနေရတာတောင် ပူလောင်နေပါတယ်…
တခြားသူကိုချစ်သွားမလားဆိုပြီး….ဒီတိုင်းပဲ တစ်သက်လုံးနေသွားခွင့်ရရင်တောင်
သူချစ်သူရသွားရင် ဘယ်လို move on လုပ်နိုင်မလဲ ကိုယ့်ဘာသာ လမ်းပျောက်နေလို့ပါ..
သူရော ကိုယ်ရော ကိုယ့်အနေအထားနဲ့ကိုယ် အနေအထားတစ်ခုစီမှာ ရပ်တည်နေနိုင်ကြသူတွေပါ
ကိုယ့်နားမှာ ဘယ်သူတွေ ဘယ်လိုရောက်လာလာ လှည့်မကြည့်ဘဲ
တစ်ယောက်တည်းပဲနေမယ်လို့တွေးထားတဲ့အတွေးက သူနဲ့ကျမှ ကျုိးပြတ်လာရတာမို့ပါ…
သူက အခုမှ ဒီလိုပဲနေသွားကြမယ်ဆိုတော့ play ချင်နေတာလား ချစ်သူပဲရှိနေပြီး လိမ်နေတာလား
တစ်ယောက်ယောက်ရှိနေရက်နဲ့ လာflirt နေတာလား.တွေးမိနေလို့ပါ…
သူ့ကို လုံးဝအဆက်အသွယ်ဖြတ်ဖို့ကျ အခုချက်ချင်း စိတ်ကမပြတ်နိုင်ဘူး ဖြစ်နေလို့ပါ😔😔
ဘာဆက်လုပ်သင့်လဲ… အကြံညဏ်လေး ပေးပေးပါအုံးနော်
ရင္ဖြင့္တယ္ဆိုတာထက္ ေတြေဝၿပီးလမ္းေပ်ာက္ေနလို႔ပါ
ညီမက ကုမၸဏီတစ္ခုမွာ ေနရာတစ္ေနရာ ရေနတဲ့လူပါ… အသက္လည္း တည္ၿငိမ္တဲ့အ႐ြယ္အေနအထားတစ္ခု
ရွိပါၿပီ…
ကိုယ့္ဘာသာရပ္တည္ေနတဲ့သူတစ္ေယာက္ပါ
တစ္ေယာက္တည္းေနလာရင္း ညီမထက္အသက္ 4/5ႏွစ္ေလာက္ငယ္တဲ့ ေကာင္ေလးတစ္ေယာက္နဲ႔ ခင္မင္ခဲ့ပါတယ္
သူကလည္း လူႀကီးဆန္ၿပီးတည္တည္ၿငိမ္ၿငိမ္ သန္႔သန္႔ျပန္႔ျပန္႔ေလးမို႔ သေဘာက်မိခဲ့ပါတယ္…
သူနဲ႔က တစ္ၿမိဳ႕တည္းေပမယ့္ ခင္တာ တစ္ႏွစ္ေလာက္ပဲရွိပါေသးတယ္
တစ္ႏွစ္အေတာအတြင္းမွာ သူနဲ႔ေန႔တိုင္းနီးပါး Massanger မွာ စကားေျပာျဖစ္ခဲ့ၾကပါတယ္
သူကအၿမဲဂ႐ုစိုက္စိတ္ပူေပးခဲ့ပါတယ္ ခရီးဘာညာသြားရင္ ျပန္လာရင္ေတာင္ ဖုန္းမေခၚအားရင္ စာပို႔ထားခဲ့တတ္ပါတယ္
ဖုန္းကအၿမဲမေျပာျဖစ္ခဲ့ေပမယ့္ လိုင္းေပၚေတာ့ ေန႔စဥ္ေျပာျဖစ္ၾကပါတယ္
သူကပုံမွန္ထက္ပိုတဲ့စကားေတြေျပာတယ္ ဂ႐ုစိုက္ေပး စိတ္ပူေပးတာေတြေၾကာင့္ သာယာခဲ့မိပါတယ္
သူက တစ္ႀကိမ္ဖြင့္ေျပာခဲ့ဖူးတာပါ ညီမဘက္က အတိအလင္းခ်စ္သူျဖစ္သြားရင္ ေယာက်္ားေလးေတြက ေျပာင္းလဲသြားတတ္တယ္ဆိုၿပီး
ဒီတိုင္းပဲ ဆက္ေနရေအာင္ဆိုၿပီး အလိမၼာနဲ႔ျငင္းခဲ့ၿပီး ဒီတိုင္းပဲ ဆက္သြားခဲ့ပါတယ္
သူကပုံမွန္အတိုင္း ဂ႐ုစိုက္ၿမဲ ေျပာေနၿမဲပါပဲ…
အခုေနာက္ပိုင္းျဖစ္လာတာက ညီမပါ သူ႔ကို သံေယာဇဥ္ျဖစ္လာမိတာ ပိုပိုဆိုးလာပါၿပီ. ,.
သူေျပာတုန္းက ျငင္းမိခဲ့တာကိုလည္း ေနာင္တရေနသလိုပါပဲ.
.အခု ညီမဘက္က အရိပ္အေယာင္ကိုသူျမင္ေတာ့ သူက တစ္ျပန္ ဒီတိုင္းပဲ ဆက္သြားရေအာင္ဆိုၿပီး ေျပာလာပါတယ္…
အခုတေလာဆို သူ႔ဘက္က replyေတြလည္းၾကာလာတတ္သလိုပါပဲ….
သူ႔မွာတျခားသူရွိေနၿပီလို႔ေတြးမိလို႔ ေမးေတာ့ မရွိဘူးပဲ ေျပာၿပီး ရွိရင္မိတ္ဆက္ေပးမယ္ေျပာပါတယ္
သူက တမင္လက္စားျပန္ေခ်ေနတာလား အလိမၼာနဲ႔ျငင္းခဲ့လို႔….
အခုေတာ့ သူ႔ကို ခ်စ္တဲ့စိတ္နဲ႔ ပိုင္ဆိုင္ခ်င္စိတ္ေတြမ်ားၿပီး ဒီတိုင္းဆက္ေနေနရတာေတာင္ ပူေလာင္ေနပါတယ္…
တျခားသူကိုခ်စ္သြားမလားဆိုၿပီး….ဒီတိုင္းပဲ တစ္သက္လုံးေနသြားခြင့္ရရင္ေတာင္
သူခ်စ္သူရသြားရင္ ဘယ္လို move on လုပ္ႏိုင္မလဲ ကိုယ့္ဘာသာ လမ္းေပ်ာက္ေနလို႔ပါ..
သူေရာ ကိုယ္ေရာ ကိုယ့္အေနအထားနဲ႔ကိုယ္ အေနအထားတစ္ခုစီမွာ ရပ္တည္ေနႏိုင္ၾကသူေတြပါ
ကိုယ့္နားမွာ ဘယ္သူေတြ ဘယ္လိုေရာက္လာလာ လွည့္မၾကည့္ဘဲ
တစ္ေယာက္တည္းပဲေနမယ္လို႔ေတြးထားတဲ့အေတြးက သူနဲ႔က်မွ က်ဳိးျပတ္လာရတာမို႔ပါ…
သူက အခုမွ ဒီလိုပဲေနသြားၾကမယ္ဆိုေတာ့ play ခ်င္ေနတာလား ခ်စ္သူပဲရွိေနၿပီး လိမ္ေနတာလား
တစ္ေယာက္ေယာက္ရွိေနရက္နဲ႔ လာflirt ေနတာလား.ေတြးမိေနလို႔ပါ…
သူ႔ကို လုံးဝအဆက္အသြယ္ျဖတ္ဖို႔က် အခုခ်က္ခ်င္း စိတ္ကမျပတ္ႏိုင္ဘူး ျဖစ္ေနလို႔ပါ😔😔
ဘာဆက္လုပ္သင့္လဲ… အႀကံညဏ္ေလး ေပးေပးပါအုံးေနာ္