ရင်ဖွင့်စာ

မိန်းမသားတို့ရင်ဖွင့်ရာ ရင်ဖွင့်စာ ၃၈၀

ကျွန်မအမျိုးသားက တအား အတ္တကြီး လွန် : တယ်

တစ်ကိုယ်ကောင်း သိပ်ဆန်းတယ်

ကျွန်မ ပထမကလေးကိုမွေးတော့ ၄၅ ရက်တောင် မပြည်.သေးဘူး

သူကတော့ မိန်းမနဲ့ ကလေးကို ပြုစုဖို့ အနားမှာ တစ်နာရီလေးတောင်မနေဘူး

KTV မှာတော့ ကောင်မ တကာနဲ့ပျော်ပါးနေတယ်

ကလေးနေမကောင်းလို့ ဆေးခန်းကို သူများ အကူအညီနဲ့ သွားရတယ်

ဆေးခန်းရောက်တော့လဲ သူကတော့ မူးရူးပြီး ရောက်လာပြီ

ကလေးက ဘယ်လိုဖြစ်တာလဲ မေးဖော်မရတဲ့အပြင် မိန်းမကိုတွေ့တာနဲ့ တန်းဆဲတော့တာဘဲ

မင်းက ဘယ်သွားနေတာတုန်း ဖုန်းက စက်ပိတ်ထားရတာက လို့ပြောတော့

သူပြန်ပြောတဲ့စကားကဘယ်လောက်ရင်နာစရာကောင်းလဲ

KTV သွားနေလို.စတ်ပိတ်ထားတာ ဘာဖြစ်လဲတဲ့

မိန်းမနဲ့ ကလေးကို အားနာပြီ မတောင်းပန်းဘဲသူက အရင်ဆဲဆိုနေတယ်

ကျွန်မ သူနဲ့ကွဲဖို့ဆုံးဖြတ်ခဲ့တယ် အဲ့နေ့ညက ပေါ့

ကြားထဲကလူကြီးတွေ မိဘတွေက ပြန်ညှိပေးတယ်

သူကလဲ နောက် မဖြစ်စေရဘူး ဒီလို ထပ်မမှားတော့ဘူးလို့ကတိတွေပေးတယ်

အခုကျွန်မ ဒုတိယကလေး ထပ်မွေးတော့လဲ ဒီအချိုးဘဲထပ်လုပ်ပြန်တယ်

မိန်းမကခွဲမွေးထားတာအနားမှာနေပြီ ပြုစုပေးမယ်

ကလေးကူထိန်းမယ် ဆိုးတာ ဝေး သူကလူပျို လုပ်နေတယ်

တစ်နေကုန် တစ်နေခမ်း သေစားပျော်ပါးနေပြီး KTV တကား ပတ်သွားနေပြန်တယ်

အိမ်က မိန်းမနဲ့ကလေးကိုကြ၁ နာရီ လောက် အချိန်ပေးပြီဂရုမစိုက်နိုင်ဘူး

ဒီလို အိမ်မှာ မိန်းမနဲ့ ကလေးတွေ ဘယ်လို ကျန်ခဲ့ ကျန်ခဲ့ ဂရုမစိုက်တဲ့ယောကျားပေါ့




















