ဟယ်လို မင်မင် အခမဲ့လေးတင်ပေးပါနော်
ညီမမှာရင်ဖွင့်စရာလူမရှိလို့ ဒီpageမှာရင်ဖွင့်ပါရစေရှင့်
ညီမ တို့အိမ်ထောင်သက်5နှစ်ကျော်ပါပြီ ကလေးတစ်ယောက်ရှိပါတယ်
ညီမက ဆင်းရဲတဲ့မိသားစုကပါ သူကတော့ ချမ်းသာတဲ့မိသားစုကမို့ ညီမ တို့နေဖို့ စားဖို့အကုန် သူ့မိဘကထောက်ပံပါတယ်
သူကညီမအပေါ်တော့သည်းခံပါတယ်
ဘာပြောပြောပြန်မပြောပါဘူး
ဆဲချင်သလောက်ဆဲ ဆူချင်သလိုဆူ ပြန်ကိုမပြောတာပါ
စိတ်မဆိုး အပြုံးမပျက်သူပါ
ညီမ စားချင်တာစားလို့ရတယ် ဝတ်ချင်တာဝတ်လို့ရတယ်
ညီအစ်ကိုမောင်နှမ ကို ထောက်ပံ့လည်း အပြစ်မမြင်ပါဘူး
အိမ်မှုကိစ္စမလုပ်လည်းမပြောပါဘူး
သွားချင်တဲ့နေရာမှန်သမျှ လည်းလိုက်ပို့ပါတယ်
တက်ချင်တဲ့သင်တန်းတက်လို့ရပါတယ်
လွတ်လပ်မှုအပြည့်ပေးတယ်ပေါ့နော်
ဒါက သူ့အားသာချက်ပါ
သူ့အားနည်းချက်က အပြင်သွားတာနဲ့ အလုပ်ကိစ္စရှိရှိမရှိရှိ အပြန်နောက်ကျတာပါပဲ
အပေါင်းအသင်းအရမ်းမက်ပြီး
အသောက်အစားမက်ပါတယ်
အပြင်ရောက်နေလို့နောက်ကျလို့phဆက်ရင် လုံးဝမကိုင်တော့တာပါပဲ
စိတ်ပူပြီးငိုငိုမငိုငို သူဂရုကိုမစိုက်တာပါ
10ခါမှာ 8ခါလောက်အဲ့လိုလုပ်ပါတယ်
ညီမလည်းအဲ့တာကိုမကြိုက်တာပါ
ပြန်လာတဲ့အခါ ပြောပြပါတယ်အေးအေးဆေးဆေး
နောက်ဆိုphကိုင်ဖို့ စောစောပြန်ဖို့
အင်းပဲပြောပြီး စကားမတည်ပါဘူး
အဲ့တာဘယ်လိုလုပ်မှ သူphကိုင်တာတို့ အပြန်နောက်မကျတာတို့ ဖြစိမှာလဲရှင့်
အကြံပေးကြပါဦး
ဟယ္လို မင္မင္ အခမဲ့ေလးတင္ေပးပါေနာ္
ညီမမွာရင္ဖြင့္စရာလူမရွိလို႔ ဒီpageမွာရင္ဖြင့္ပါရေစရွင့္
ညီမ တို႔အိမ္ေထာင္သက္5ႏွစ္ေက်ာ္ပါၿပီ ကေလးတစ္ေယာက္ရွိပါတယ္
ညီမက ဆင္းရဲတဲ့မိသားစုကပါ သူကေတာ့ ခ်မ္းသာတဲ့မိသားစုကမို႔ ညီမ တို႔ေနဖို႔ စားဖို႔အကုန္ သူ႔မိဘကေထာက္ပံပါတယ္
သူကညီမအေပၚေတာ့သည္းခံပါတယ္
ဘာေျပာေျပာျပန္မေျပာပါဘူး
ဆဲခ်င္သေလာက္ဆဲ ဆူခ်င္သလိုဆူ ျပန္ကိုမေျပာတာပါ
စိတ္မဆိုး အၿပဳံးမပ်က္သူပါ
ညီမ စားခ်င္တာစားလို႔ရတယ္ ဝတ္ခ်င္တာဝတ္လို႔ရတယ္
ညီအစ္ကိုေမာင္ႏွမ ကို ေထာက္ပံ့လည္း အျပစ္မျမင္ပါဘူး
အိမ္မႈကိစၥမလုပ္လည္းမေျပာပါဘူး
သြားခ်င္တဲ့ေနရာမွန္သမွ် လည္းလိုက္ပို႔ပါတယ္
တက္ခ်င္တဲ့သင္တန္းတက္လို႔ရပါတယ္
လြတ္လပ္မႈအျပည့္ေပးတယ္ေပါ့ေနာ္
ဒါက သူ႔အားသာခ်က္ပါ
သူ႔အားနည္းခ်က္က အျပင္သြားတာနဲ႔ အလုပ္ကိစၥရွိရွိမရွိရွိ အျပန္ေနာက္က်တာပါပဲ
အေပါင္းအသင္းအရမ္းမက္ၿပီး
အေသာက္အစားမက္ပါတယ္
အျပင္ေရာက္ေနလို႔ေနာက္က်လို႔phဆက္ရင္ လုံးဝမကိုင္ေတာ့တာပါပဲ
စိတ္ပူၿပီးငိုငိုမငိုငို သူဂ႐ုကိုမစိုက္တာပါ
10ခါမွာ 8ခါေလာက္အဲ့လိုလုပ္ပါတယ္
ညီမလည္းအဲ့တာကိုမႀကိဳက္တာပါ
ျပန္လာတဲ့အခါ ေျပာျပပါတယ္ေအးေအးေဆးေဆး
ေနာက္ဆိုphကိုင္ဖို႔ ေစာေစာျပန္ဖို႔
အင္းပဲေျပာၿပီး စကားမတည္ပါဘူး
အဲ့တာဘယ္လိုလုပ္မွ သူphကိုင္တာတို႔ အျပန္ေနာက္မက်တာတို႔ ျဖစိမွာလဲရွင့္
အႀကံေပးၾကပါဦး