ညီမ အသက်၂၅ နှစ်ပါ ညီမမှာ အိမ်ထောင်ရှိပါတယ် ရှင့် အိမ်ထောင်သက် ၇နှစ်ပါရှင့်
ပြသနာက ညီမယောကျား ဖောက်ပြန်ပါတယ်ရှင့် ညီမအဝေးရောက်နေတဲ့အချိန်ပါ
ညီမသိတော့ ညီမသူ့ကိုအဆက်သွယ်ဖြတ်ခဲ့ပါတယ်ရှင့်
နောက်တော့သူ့ဘက်က အတင်းဆက်သွယ်ပြီးတောင်းပန်တာရယ်
စကားမဆက်ညီမက တစ်ကောင်ကြွက်ပါ ပြီးတော့ညီမ တယောက်ထဲ နေဖို့ အားမရှိတာရယ်
သူ့မိဘတွေက ညီမကို တောင်းပန်တာရယ်ကြောင့် ညီမ သူဆီပြန်လာခဲ့တယ်
ဒါပေမယ့် ညီမသူ့ကိုအရင်လို ဘာ်လိုမှပြန်မချစ်နိုင်တော့ဘူး
သူ့ဘက်ကလဲ ညီမအပေါ် အရင်လိုမချစ်တော့ဘူးဆိုတာလဲ ညီမသိလာတယ်
ဒီလိုဘဲ ပြသနာဖြစ်လိုက်နဲ့ သည်းခံနေရင်းက သူတခြားနယ်မှာ အလုပ်လုပ်ဖို့ပေါ်လာတယ်
နောက်ပြသနာက ညီမစတာပါ စိတ်ညစ်စရာတွေများလာတာရယ် အနေနီးတာလဲ ပါလာတာပေါ့
ညီမစိတ်ထွက်ပေါက်အနေနဲ့ ညီမယောကျားသူငယ်ချင်းနဲ့အတူနေမိတယ်
အစကတော့ ညီမ က ငါ့ယောကျားတောင်ဖောက်ပြန်သေးတာဘဲ
ဘာလို့ငါကသူ့အပေါ်သစ္စာရှိရမှာလဲ ဆိုတဲ့စိတ်နဲ့ လုပ်မိခဲ့တာပါ
ဒုတိယအကြိမ်လောက်မှာ ညီမ စိတ်တွေပြောင်းနေပြီးသူငယ်ချင်းအပေါ်တွယ်တာမိနေပြီး
ဒါကို သူငယ်ချင်းကိုပြောပြတော့မရူးမိုက်စမ်းနဲ့မဖြစ်နိုင်တာတွေဆိုပြီး သူ့ဘက်ကပြောလာတယ်
တတိယအကြိမ်ဖြစ်ပြီးတော့ညီမက အဆုံးထိတွေးလာတာကို သူငယ်ချင်းကစိတ်ကုန်သွားတယ်ထင်တယ်
ဒီလိုဆက်သွားနေရင် နောက်ပိုင်းပိုနာကျင်လိမ့်မယ်ဆိုပြီးရပ်ရအောင်တဲ့
အရင်လိုဘဲ ပြန်နေရအောင်တဲ့ ညီမလဲ သဘောတူလိုက်တယ်
ဒါပေမယ့် သူ့ဘက်ကအရင်လိုပြန်မနေဘဲ ညီမအပေါ်သူစိမ်းဆန်သွားတယ်
ညီမဒါကိုလက်မခံနိုင်းဘူးဖြစ်နေတယ် အရင်ကညီမတို့က အရမ်းခင်ကြတာ ညီမဝမ်းနည်းရင်ရင်ဖွင့်တယ်
အကူညီလိုရင်ဘယ်တော့မှမငြင်းတတ်သူက ခုကိစ္စတွေဖြစ်ပြီးညီမကိုသူစိမ်းဆန်သွားတာက
ညီမကိုအရမ်းဝမ်းနည်းပြီးယူကြုံးမရဖြစ်စေတယ်
ညီမအမှန်တကယ်ဒီဆက်ဆံရေးကိုမလိုချင်ဘူး အရင်လိုသူငယ်ချင်းဆက်ဆံရေးတုန်းကအရမ်းပျော်ဖို့ကောင်းခဲ့တာ
ခုလိုဆက်ဆံရေးကညီမကိုအရမ်းနာကျင်စေသလို ညီမတွက်စိတ်အနှောက်ယှက်ကြီးဖြစ်နေတယ်
ခုညီမကနိုင်ငံခြားသွားဖို့စီစဥ်နေတယ် ဒါပေမယ့် ညီမခေါင်းထဲ ဘာမရောက်နေဘဲ သူငယ်ချင်းကိစ္စဘဲ ခေါင်းထဲ ရောက်ရောက်လာတယ်
သူညီမကိုစိတ်ပျက်သွားလို့ထွက်သွားတဲ့ပုံမျိုးလားဆိုပြီးတွေးတွေးပြီးဝမ်းနည်းနေတာ
ညီမနိုင်ငံခြားသွားရင် ညီမယောကျားကဖောက်ပြန်အုံးမှာဘဲလို့တွေးထားတယ်
ဒါပေမယ့် သူ့ကိုငါစွန့်လွှတ်မယ် အမြဲတွေးထားတော့ သူ့ကိစ္စက ဘာမဖြစ်ပေမယ့်
သူငယ်ချင်းနဲ့ကိစ္စကျခေါင်းထဲမထွက်ဘူးဖြစ်နေတယ်
သူခုလိုလုပ်သွားတာစိတ်နာရကောင်းမှန်းသိပေမယ့် ဝမ်းနည်းပြီး
သူ့ဘက်က အရင်လိုဆက်ဆံရေးလိုပြန်နေလာမှာကိုမျှော်နေမိတာ ပါ
ညီမဘာဆက်လုပ်ရမလဲဟင် ညီမရူးတော့မယ်သိလား
ဒါပေမယ့် ညီမသူ့ကိုအရင်လို ဘ်ာလိုမှပြန်မချစ်နိုင်တော့ဘူး