ရင်ဖွင့်စာ

မိန်းမသားတို့ရင်ဖွင့်ရာ ရင်ဖွင့်စာ ၃၈၃

မကြာခန အိမ်မက်တွေမက်တယ် တနေရာမှာ အသက်ရှင်လျက်ရှိနေတယ်ဆိုရင်ပဲ ကျေနပ်ပြီ

ကို နဲ့စသိတဲ့နေ့ နာဂစ်မဖြစ်ခင်တရက် တက်ကသိုလ်နောက်ဆုံးနှစ် သူငယ်ချင်းရဲ့မိတ်ဆက်ပေးမှုနဲ့ ပျော်ခဲ့ရတဲ့ရက်တွေ ချစ်သူဖြစ်ပြီး

အတူတူရှိခဲ့တဲ့နေ့တွေ အမှတ်တရပေါင်းများစွာ ၊

အလုပ်ကိုလာကြို အပြန်မုန့်စား အဓိပဓိ(အပြာ)စီးပြီး အိမ်လိုက်ပို့ခဲ့တယ်။

ကို ကားပေါတက်သွားတာကြည့်ပြီးမှ အိမ်ပြန်ခဲ့တယ်၊ တရက်တောင်‌ေ၀◌းပြီးမနေချင်တော့ဘူး၊

ချစ်သူဖြစ်ပြီးတနှစ်တောင်မပြည့်သေးဘူးအစိုးရရုံးတွေအကုန်နေပြည်တော်ပြောင်းဖို့ဖြစ်လာခဲ့တယ်

ကိုလဲ အလုပ်ကြောင့် နေပြည်တော်ပြောင်းဖို့ဖြစ်လာခဲ့တယ် အဆက်အသွယ်လုပ်ဖို့ခက်ခဲ ခဲ့တယ်

ဖုန်းတွေလဲ ပေါပေါမကိုင်နိုင်သေးဘူး၊ ကို ရှိတဲ့နေရာကို မြေပုံပေါမှန်းကြည့်ရင်း လွမ်းခဲ့ရတယ်၊

တနှစ်မှ တခါ ဆုံခဲ့ရတယ် လွမ်းရတာရင်နှင့်အမျှပါ ကို ။

လူကြုံနဲ့စာပေးလိုက်တယ်ဆို သွားယူပြီး လိုင်းကားပေါမှာဖတ်ပြီး မျက်ရည်ကျခဲ့ရတယ်

မခွဲချင်တော့ဘူး ဆို အရမ်းချစ်ခဲ့ကျတယ်လေ။

အနေ‌ေ၀◌းမှုတွေက အနေအေးစေခဲ့တာလား၊ကို့ရဲ့ ဆုံးဖြတ်ချက်တွေက မပြတ်သားခဲ့တာလား အဆက်အသွယ်တွေခြားခဲ့ကျတယ် ကို တယောက် ပြောင်းလဲလာတယ် ၊

လာစေ့စပ်မယ်ပြောပြီးမရောက်လာခဲ့ဘူး၊ သေချာတဲ့အဖြေတခုကို မပေးခဲ့ဘူး။

၂၀၀၈ ကနေ ချစ်သူတွေဖြစ်ခဲ့ကျတာ ၂၀၁၃ မှာ မသိမသာလေး မရေမရာမှုတွေနဲ့ ဘာ့ကြောင့်မှန်းမသိ လမ်းခွဲခဲ့ကျတယ်။

၃ လလောက်ကြာတော့ viber ကနေစာပို့လာတယ် ကိုယ့်ကို ခွင့်လွတ်ပါတဲ့

ကိုယ့်ရဲ့အချစ်ဉီးပါတဲ့ ကိုယ့်အမှားတွေပါတဲ့

အဲ့အချိန်မှာ ကျွန်မ က လဲ လက်ရှိအမျိုးသားနဲ့ မဂ်လာကိစစီစဉ်နေပါပြီ၊

လမ်းခွဲပြီးတနှစ်အတွင်း အိမ်ထောက်ပြုဖို့စဉ်းစားခဲ့တာက ကျွန်မပြိုလဲနေတဲ့အချိန် မှီခိုစရာတခုလိုအပ်နေခဲ့လို့ပါ အမျိုးသားကဒီအဖြစ်ပျက်တွေကို သိခဲ့ပြီးသားပါ။

စာကိုဖတ်ရတဲ့အချိန်မှာ ရင်ထဲမှာလေ ကျစရာမျက်ရည်လဲမရှိတော့ပါဘူး

ပါးစပ်အဟောင်းသားနဲ့ သက်ပြင်းသာချနိုင်တော့တယ်။

အမှတ်တရကတော့ မဂ်လာဉီးညမှာ ကို့ ကိုသတိရလို့ ငိုမိတာပါပဲ။

ကြားထဲမှာ အဆက်အသွယ်လုံး၀မရှိတော့ပဲ သူလဲ သူအိမ်ထောင်နဲ့သူ ကိုယ်လဲကိုယ့်အိမ်ထောင်နဲ့ကို ၊ လက်ရှိအမျိုးသားက အရမ်းနားလည်ပြီး ကျွန်မအပေါကောင်းတဲ့အမျိုးသားတယောက်ပါ

ကိုနဲ့ ပက်သက်တဲ့ ခံစားချက်တွေကတော့ အရှင်းပျောက်မသွားခဲ့ပါဘူး တိုက်ဆိုင်မှုရှိရင် သတိရဆဲပါပဲ

ဒီလိုနဲ့ တရက် လိုင်းပေါကနေ ပြန်ဆုံခဲ့တယ် cb ကနေစကားပြောဖြစ်ခဲ့တယ် အဆင်ပြေလား၊

မိသားစုကိစ ဘာညာပေါ့ အရင်တည်းကအရမ်းသိချင်ခဲ့တဲ့ အကြောင်းကို မေးဖြစ်ခဲ့တယ်

ကျွန်မတို့ နှစ်ယောက် ဘယ်နေရာမှာစ လွဲခဲ့ကျတာလဲ ပေါ့ တဖက်သတ်ကြိုက်နေတဲ့ မိန်းမတယောက်ရဲ့ ကျော့ကွင်းမိခဲ့တယ်ပေါ့ ။

တယောက်နဲ့ တယောက်မမြင်ရပေမယ့် မျက်ရည်ကျနေကျတယ်ဆိုတာ နှစ်ယောက်လုံး သိကျတယ် ၊

မတွေ့ရတာ ၁၀ နှစ်ရှိပြီ လေ မိတ်ဆွေတွေအနေနဲ့ စကားပြောဖြစ်ကျတာကို လူမှုရေးစည်းဖောက်တယ်လို့ ကျွန်မ မထင်ခဲ့ဘူး၊

ခံစားချက်ရှိသေးတာကို ၀◌င်ခံပါတယ် ကျွန်မရဲ့ အချစ်ဉီးပါ ကျွန်မရဲ့ ငယ်ရွယ်နုပျိုမှုစတင်ချိန်မှာ ကို နဲ့ တွေ့ဆုံခဲ့ပြီး အချစ်ဆိုတာကို ကို နဲ့ပဲစသိခဲ့တာ ကို သာလျှင်ကျွန်မ ဘ၀ဖြစ်ခဲ့တာပါ၊

အဲ့အချိန်က နာကျင်မှုတွေကိုပြန်မခံစားချင်ဘူး တွေးမိတိုင်းရင်ဘတ်တွေအောင့်တုန်းပါ အချစ်ဉီးဆိုတာ မေ့ဖို့ခက်လွန်းလို့ပါ။

ကြားထဲမှာ အဆက်အသွယ်မလုပ်ခဲ့တာကြာခဲ့ပါပြီ။

တနေ့က အိမ်မက်ထဲမှာ ကို ရှိတဲ့နေရာကို ကျွန်မလိုက်သွားပြီး ကို့ ကို အ‌ေ၀◌းကနေပဲကြည့်နေတဲ့အချိန် ကိုကကျွန်မလက်ကိုဆွဲပြီး နေပါအုန်းဆိုပြီး စကားတွေပြောကျတယ်

အပြင်မှာတွေ့နေရတဲ့အတိုင်းမက်ခဲ့တာ(တစုံတယောက်ကို အိမ်မက်မက်ရင် တစုံတယောက်ကလဲ ကိုယ့်ကို သတိရနေတယ်ဆိုတာကြားဖူးတယ် ယုံလဲယုံတယ်)

အိပ်ယာနိုးတော့ ရင်ထဲမကောင်းတာနဲ့ အဆင်ပြေရဲ့လားလို့ Message ပို့မိတယ် မပြေဘူး လွမ်းနေလို့တဲ့

တွေ့ချင်တယ်လို့ပြောပါတယ် ကျွန်မတွေ့ချင်ပေမယ့် သတ်တိ မရှိဘူး ခံစားချက်တွေကိုကြောက်တယ်။

လက်ရှိအမျိုးသားအပေါဖောက်ပြန်ချင်မရှိသလို ကို နဲ့ လဲ မရှင်းမရှင်းပက်သက်မှုမျိုး ပြန်မဖြစ်ချင်ခဲ့ဘူး။

မိတ်ဆွေတွေလို မျိုး ကျွန်မတို့ဆက်ပြီးပက်သက်လို့ ဖြစ်နိုင်ပါ့မလား၊

ကျွန်မတို့တွေ့ခွင့်ရှိရဲ့လား၊ ကို့ ကိုတွေ့ရင်လေ ထုရိုက်ပြီးအော်ဟစ်ငိုပစ်လိုက်ချင်တာ၊

ရင်ထဲမှာ မွန်းကျပ်လွန်းလို့ပါ

ဖြူစင်သောအလွမ်းလေး လွမ်းခွင့်ရှိအုန်းမလား ထပ်ပြီးရင်မနာချင်တော့ပါ၊

မၾကာခန အိမ္မက္ေတြမက္တယ္ တေနရာမွာ အသက္ရွင္လ်က္ရွိေနတယ္ဆိုရင္ပဲ ေက်နပ္ၿပီ

ကို နဲ႔စသိတဲ့ေန႔ နာဂစ္မျဖစ္ခင္တရက္ တက္ကသိုလ္ေနာက္ဆုံးႏွစ္ သူငယ္ခ်င္းရဲ႕မိတ္ဆက္ေပးမႈနဲ႔ ေပ်ာ္ခဲ့ရတဲ့ရက္ေတြ ခ်စ္သူျဖစ္ၿပီး

အတူတူရွိခဲ့တဲ့ေန႔ေတြ အမွတ္တရေပါင္းမ်ားစြာ ၊

အလုပ္ကိုလာႀကိဳ အျပန္မုန႔္စား အဓိပဓိ(အျပာ)စီးၿပီး အိမ္လိုက္ပို႔ခဲ့တယ္။

ကို ကားေပါတက္သြားတာၾကည့္ၿပီးမွ အိမ္ျပန္ခဲ့တယ္၊ တရက္ေတာင္‌ေ၀◌းၿပီးမေနခ်င္ေတာ့ဘူး၊

ခ်စ္သူျဖစ္ၿပီးတႏွစ္ေတာင္မျပည့္ေသးဘူးအစိုးရ႐ုံးေတြအကုန္ေနျပည္ေတာ္ေျပာင္းဖို႔ျဖစ္လာခဲ့တယ္

ကိုလဲ အလုပ္ေၾကာင့္ ေနျပည္ေတာ္ေျပာင္းဖို႔ျဖစ္လာခဲ့တယ္ အဆက္အသြယ္လုပ္ဖို႔ခက္ခဲ ခဲ့တယ္

ဖုန္းေတြလဲ ေပါေပါမကိုင္ႏိုင္ေသးဘူး၊ ကို ရွိတဲ့ေနရာကို ေျမပုံေပါမွန္းၾကည့္ရင္း လြမ္းခဲ့ရတယ္၊

တႏွစ္မွ တခါ ဆုံခဲ့ရတယ္ လြမ္းရတာရင္ႏွင့္အမွ်ပါ ကို ။

လူႀကဳံနဲ႔စာေပးလိုက္တယ္ဆို သြားယူၿပီး လိုင္းကားေပါမွာဖတ္ၿပီး မ်က္ရည္က်ခဲ့ရတယ္

မခြဲခ်င္ေတာ့ဘူး ဆို အရမ္းခ်စ္ခဲ့က်တယ္ေလ။

အေန‌ေ၀◌းမႈေတြက အေနေအးေစခဲ့တာလား၊ကို႔ရဲ႕ ဆုံးျဖတ္ခ်က္ေတြက မျပတ္သားခဲ့တာလား အဆက္အသြယ္ေတြျခားခဲ့က်တယ္ ကို တေယာက္ ေျပာင္းလဲလာတယ္ ၊

လာေစ့စပ္မယ္ေျပာၿပီးမေရာက္လာခဲ့ဘူး၊ ေသခ်ာတဲ့အေျဖတခုကို မေပးခဲ့ဘူး။

၂၀၀၈ ကေန ခ်စ္သူေတြျဖစ္ခဲ့က်တာ ၂၀၁၃ မွာ မသိမသာေလး မေရမရာမႈေတြနဲ႔ ဘာ့ေၾကာင့္မွန္းမသိ လမ္းခြဲခဲ့က်တယ္။

၃ လေလာက္ၾကာေတာ့ viber ကေနစာပို႔လာတယ္ ကိုယ့္ကို ခြင့္လြတ္ပါတဲ့

ကိုယ့္ရဲ႕အခ်စ္ဉီးပါတဲ့ ကိုယ့္အမွားေတြပါတဲ့

အဲ့အခ်ိန္မွာ ကြၽန္မ က လဲ လက္ရွိအမ်ိဳးသားနဲ႔ မဂ္လာကိစစီစဥ္ေနပါၿပီ၊

လမ္းခြဲၿပီးတႏွစ္အတြင္း အိမ္ေထာက္ျပဳဖို႔စဥ္းစားခဲ့တာက ကြၽန္မၿပိဳလဲေနတဲ့အခ်ိန္ မွီခိုစရာတခုလိုအပ္ေနခဲ့လို႔ပါ အမ်ိဳးသားကဒီအျဖစ္ပ်က္ေတြကို သိခဲ့ၿပီးသားပါ။

စာကိုဖတ္ရတဲ့အခ်ိန္မွာ ရင္ထဲမွာေလ က်စရာမ်က္ရည္လဲမရွိေတာ့ပါဘူး

ပါးစပ္အေဟာင္းသားနဲ႔ သက္ျပင္းသာခ်ႏိုင္ေတာ့တယ္။

အမွတ္တရကေတာ့ မဂ္လာဉီးညမွာ ကို႔ ကိုသတိရလို႔ ငိုမိတာပါပဲ။

ၾကားထဲမွာ အဆက္အသြယ္လုံး၀မရွိေတာ့ပဲ သူလဲ သူအိမ္ေထာင္နဲ႔သူ ကိုယ္လဲကိုယ့္အိမ္ေထာင္နဲ႔ကို ၊ လက္ရွိအမ်ိဳးသားက အရမ္းနားလည္ၿပီး ကြၽန္မအေပါေကာင္းတဲ့အမ်ိဳးသားတေယာက္ပါ

ကိုနဲ႔ ပက္သက္တဲ့ ခံစားခ်က္ေတြကေတာ့ အရွင္းေပ်ာက္မသြားခဲ့ပါဘူး တိုက္ဆိုင္မႈရွိရင္ သတိရဆဲပါပဲ

ဒီလိုနဲ႔ တရက္ လိုင္းေပါကေန ျပန္ဆုံခဲ့တယ္ cb ကေနစကားေျပာျဖစ္ခဲ့တယ္ အဆင္ေျပလား၊

မိသားစုကိစ ဘာညာေပါ့ အရင္တည္းကအရမ္းသိခ်င္ခဲ့တဲ့ အေၾကာင္းကို ေမးျဖစ္ခဲ့တယ္

ကြၽန္မတို႔ ႏွစ္ေယာက္ ဘယ္ေနရာမွာစ လြဲခဲ့က်တာလဲ ေပါ့ တဖက္သတ္ႀကိဳက္ေနတဲ့ မိန္းမတေယာက္ရဲ႕ ေက်ာ့ကြင္းမိခဲ့တယ္ေပါ့ ။

တေယာက္နဲ႔ တေယာက္မျမင္ရေပမယ့္ မ်က္ရည္က်ေနက်တယ္ဆိုတာ ႏွစ္ေယာက္လုံး သိက်တယ္ ၊

မေတြ႕ရတာ ၁၀ ႏွစ္ရွိၿပီ ေလ မိတ္ေဆြေတြအေနနဲ႔ စကားေျပာျဖစ္က်တာကို လူမႈေရးစည္းေဖာက္တယ္လို႔ ကြၽန္မ မထင္ခဲ့ဘူး၊

ခံစားခ်က္ရွိေသးတာကို ၀◌င္ခံပါတယ္ ကြၽန္မရဲ႕ အခ်စ္ဉီးပါ ကြၽန္မရဲ႕ ငယ္႐ြယ္ႏုပ်ိဳမႈစတင္ခ်ိန္မွာ ကို နဲ႔ ေတြ႕ဆုံခဲ့ၿပီး အခ်စ္ဆိုတာကို ကို နဲ႔ပဲစသိခဲ့တာ ကို သာလွ်င္ကြၽန္မ ဘ၀ျဖစ္ခဲ့တာပါ၊

အဲ့အခ်ိန္က နာက်င္မႈေတြကိုျပန္မခံစားခ်င္ဘူး ေတြးမိတိုင္းရင္ဘတ္ေတြေအာင့္တုန္းပါ အခ်စ္ဉီးဆိုတာ ေမ့ဖို႔ခက္လြန္းလို႔ပါ။

ၾကားထဲမွာ အဆက္အသြယ္မလုပ္ခဲ့တာၾကာခဲ့ပါၿပီ။

တေန႔က အိမ္မက္ထဲမွာ ကို ရွိတဲ့ေနရာကို ကြၽန္မလိုက္သြားၿပီး ကို႔ ကို အ‌ေ၀◌းကေနပဲၾကည့္ေနတဲ့အခ်ိန္ ကိုကကြၽန္မလက္ကိုဆြဲၿပီး ေနပါအုန္းဆိုၿပီး စကားေတြေျပာက်တယ္

အျပင္မွာေတြ႕ေနရတဲ့အတိုင္းမက္ခဲ့တာ(တစုံတေယာက္ကို အိမ္မက္မက္ရင္ တစုံတေယာက္ကလဲ ကိုယ့္ကို သတိရေနတယ္ဆိုတာၾကားဖူးတယ္ ယုံလဲယုံတယ္)

အိပ္ယာႏိုးေတာ့ ရင္ထဲမေကာင္းတာနဲ႔ အဆင္ေျပရဲ႕လားလို႔ Message ပို႔မိတယ္ မေျပဘူး လြမ္းေနလို႔တဲ့

ေတြ႕ခ်င္တယ္လို႔ေျပာပါတယ္ ကြၽန္မေတြ႕ခ်င္ေပမယ့္ သတ္တိ မရွိဘူး ခံစားခ်က္ေတြကိုေၾကာက္တယ္။

လက္ရွိအမ်ိဳးသားအေပါေဖာက္ျပန္ခ်င္မရွိသလို ကို နဲ႔ လဲ မရွင္းမရွင္းပက္သက္မႈမ်ိဳး ျပန္မျဖစ္ခ်င္ခဲ့ဘူး။

မိတ္ေဆြေတြလို မ်ိဳး ကြၽန္မတို႔ဆက္ၿပီးပက္သက္လို႔ ျဖစ္ႏိုင္ပါ့မလား၊

ကြၽန္မတို႔ေတြ႕ခြင့္ရွိရဲ႕လား၊ ကို႔ ကိုေတြ႕ရင္ေလ ထု႐ိုက္ၿပီးေအာ္ဟစ္ငိုပစ္လိုက္ခ်င္တာ၊

ရင္ထဲမွာ မြန္းက်ပ္လြန္းလို႔ပါ

ျဖဴစင္ေသာအလြမ္းေလး လြမ္းခြင့္ရွိအုန္းမလား ထပ္ၿပီးရင္မနာခ်င္ေတာ့ပါ၊