အကြံညာဏ်လေးတောင်းချင်လို့ပါရှင်
ညီမကအပျိုပါရှင့် ကောင်လေးတော့ရှိပါတယ်
မိသားစုကိုအရမ်းခင်တွယ်တဲ့လူပါ အခုအကြံညာဏ်တောင်းချင်တာကလေ ညီမက ငယ်ငယ်ထဲက broken family ကပါ
ညီမ အဖေက အမေဆုံးပြီးအိမ်ထောင်ထပ်ပြုထားပါတယ်ရှင့်
ညီမငယ်ငယ်ထဲက သီးခံခဲ့ပါတယ်
အဖေကညီမတို့ကိုချစ်တယ်ဆိုတဲ့စိတ်နဲ့ သားသမီးတိုင်းကိုချုပ်ချယ်လွန်းပါတယ်
နောက်အိမ်ထောင်နဲ့က ကလေး၂ယောက်ပါရပါတယ်ရှင့်
ညီမအထက်ကအကြီးတွေကအိမ်ထောင်ကျကုန်ပါပြီ
သူ့ရဲ့အငယ်ဆုံးကလေးက အခုမှလသားလေးပါ
ပြသနာက အဲ့ကလေးကိုညီမထိန်းရတာပါ ကလေးလဲထိန်းရပါတယ်
အိမ်အလုပ်အကုန်လုပ်ရပါတယ် အလုပ်ကတော့ဘာမှမဖြစ်ပေမဲ့ကလေးကိုညီမတကယ်မထိန်းချင်ပါဘူ
အလုပ်တွေရှာပြီး အလုပ်လုပ်မယ်ပြောတော့လဲ ဘာမှကိုမလုပ်ခိုင်းပါဘူး
ညီမအသက်က၂၂ပါ နောက်ဆုံးနှစ်ကိုနားထားတာပါ
အလုပ်ကျဘာမှမလုပ်ခိုင်းပဲ ညီမကိုအိမ်မှာပဲကလေးထိန်းခိုင်းချင်တာပဲထင်ပါတယ်ရှင်
ညီမကောင်လေးကတော့ မနေချင်ထွက်လာခဲ့သူလက်ထပ်မယ်ပြောပါတယ်
ညီမကအဖေကိုလဲတအားချစ်လို့ပါ
ဘာလုပ်သင့်လဲရှင့်အကြံလေးပေးကြပါအုံးနော် စာကအစီစဥ်မကျရင်ခွင့်လွှတ်ပေးကြပါရှင့်