ညီမ ရင်ဖွင့်ချင်တယ်ဆိုတာထက် တိုင်ပင်ချင်တာပါ အကြံလေးတွေပေးကြပါဦးနော်
ပြသနာကတော့ လက်တွဲဖော်နဲ့ မိသားစု ကိုလွန်ဆွဲနေရတဲ့သဘောပါပဲ
ညီမကအိမ်မှာအငယ်ဆုံးမို့ မိသားစုအပေါ်အရမ်းဆိုးခဲ့ပါတယ်
ငွေကုန်ကြေးကျတွေများတဲ့အထိ ဆိုးခဲ့ပါတယ်
ကိုဗစ်တွေဖြစ်ချိန်မှာ အိမ်ရဲ့စီးပွားရေးတွေကျပြီး အကြွေးတင်နေချိန်မှာ ညီမအလုပ်တွေလုပ်ရင်း အိမ်ကိုထောက်ပံ့ပေးပြီး လိမ်မာလာခဲ့ပါတယ်
အ့မှာကောင်လေးတစ်ယောက်နဲ့တွေ့ခဲ့တယ် မိသားစုအပေါ်ဆိုးမရတာကြာတော့ သူ့အပေါ်အရမ်းဆိုးခဲ့မိတယ်
သူကလဲအလိုလိုက်ပေးပြီး အတော်လဲချစ်ပေးရှာပါတယ်
ချစ်သူဖြစ်ပြီး တစ်နှစ်မပြည့်ခင်လေးမှာ သူကညီမနဲ့အဝေးမှာမနေနိုင်တော့လို့ သူ့အနားမှာလာနေပါဆိုပြီးအတင်းခေါ်တာနဲ့ အိမ်ကိုအလုပ်လုပ်လို့ပြောပြီး အိမ်ကထွက်ခဲ့ပါတယ်
နှစ်ယောက်အတူ အလုပ်လုပ် သူ့လစာနဲ့စားညီမလစာကိုအိမ်ကိုပို့ပြီးနေလာခဲ့တာ အခု၈လရှိခဲ့ပါပြီ
သူကညီမကိုချစ်တယ် ညီမတစ်ယောက်အတွက်တော့မငတ်အောင်ထားနိုင်တယ်ဆိုရုံပါပဲ
အသောက်အစားလဲနည်းနည်းရှိပါတယ် သူ့မိသားစုနဲ့ယှဥ်ရင်တောင် ညီမကိုပဲရွေးခဲ့သူပါ
ညီမမိဘတွေက အတူနေတာသိသွားတော့ သဘောမတူပါဘူး ရည်းစားဖြစ်ခါစကတွေ့ဖူးထားတော့ သူ့ပုံစံကိုလုံးဝသဘောမကျခဲ့ပါဘူး
ငါ့သမီးလေးစိတ်ညစ်မှာစိုးလို့ သဘောမကျတဲ့အကြောင်းပဲပြောပြီး အတင်းမခွဲခဲ့ကြတာ
အခုလိုမိဘကိုအသိမပေးပဲ အတူနေတော့ အရမ်းစိတ်တိုပြီး အိမ်ကိုပြန်လာဖို့ပဲပြောနေကြတယ်
စကာ်ပူကအမဆီကိုပို့မယ်ဆိုပြီး ဗီဇာလျှောက်လွှာတွေလဲ တင်ဖို့လုပ်နေကြတယ်
ဒီဘက်ကလဲမခွဲနိုင်လို့ မသွားစေချင်ဘူး အိမ်ပြန်ပြီးမိဘတွေကိုတောင်းပန်မယ်
တစ်နှစ်တော့စောင့်ပေး တစ်နှစ်ပြည့်ရင် မဂ်လာလဲဆောင်ပါ့မယ်
မိသားစုရဲ့အကြွေးတချို့ကိုလဲဆပ်ပေးပါ့မယ်တဲ့
တစ်ဘက်ကမိဘကလဲ ဘာနောက်ခံဘာမှမရှိတဲ့ကောင်နဲ့လုံးဝသဘောမတူဘူး
အိမ်ပဲပြန်လာခဲ့တဲ့ အဖေကဆို သားသမီးတွေကမလိမ်မာကြဘူးဆိုတဲ့အကြောင်းတွေပြောပြောပြီး ငိုနေတာ
ညီမလဲ ဘယ်လိုဆုံးဖြတ်ရမလဲ မသိတော့လို့ အခုလို အကြံတောင်းရခြင်းပါ
မိဘကိုမျက်ရည်မကျစေချင်လို့ သမီးအလိမ်မာလုပ်ပြီး အိမ်ပြန်ချင်ပေမယ့် ကိုယ့်အပေါ်အရမ်းချစ်နေတဲ့သူ့ကိုလဲမခွဲချင်ဘူး
ဒါပေမယ့် နှစ်ခုလုံးကိုရွေးဖို့ကလဲ ဘယ်လိုမှမဖြစ်နိုင်အောင် တင်းမာနေကြလို့ 😔
စက်ာပူကအမဆီကိုပို့မယ်ဆိုပြီး ဗီဇာလျှောက်လွှာတွေလဲ တင်ဖို့လုပ်နေကြတယ်