ညီမနဲ့ သူနဲ့ တွဲလာတာ တစ်နှစ်ကျော်ပါပီ
တစ်ယောက်တစ်မြို့စီမှာနေပါတယ်
သူ့ကအလောင်းကစားနဲ့ပက်သက်တဲ့ အလုပ်ပဲလုပ်ပါတယ်
သူ့က နှစ်လုံးရောင်းပါတယ်
ဒီရက်ပိုင်း သူ့ဘက်က ပုံမှန် မဟုတ်ပါဘူး
နေ့တိုင်း ညနေ့ခင်းနှစ်လုံးပီးတဲ့အချိန်ဖုန်းခေါ်ရင်မကိုင်ပါဘူး
ချပစ်တယ် ဖဲရိုက်နေတယ်သူ့ကိုင်လို့မရဘူးအကြောင်းပြပါတယ်
နေ့တိုင်းလိုလိုဒီအကြောင်းပြချက်ကြောင့်စကားများရန်ဖြစ်ရတာအကြိမ်ပေါင်းမနည်းတော့ပါဘူး
မနေ့က ညီမဖုန်းဆက်တဲ့အချိန်မှာ အစပိုင်းကဖုန်းလုံးဝမကိုင်ပဲချပစ်ပါတယ်
ခဏနေတော့ပြန်ခေါ်တဲ့အချိန်မှာ ကျွန်မ ဖုန်းကိုင်လိုက်ပါတယ်
အံ့သြစရာအဖြစ်ကတော့ တစ်ခြားမိန်းမ တစ်ယောက်နဲ့ အတူနေတဲ့အသံတွေကြားနေပါတယ်
ညီမအံ့သြလွန်းလို့ ငိုလည်းငို ဒိဘက်ကနေ အော်ပြောဆဲဆိုနေတာတောင် သူ့တိုက ဂရုမစိုက်ပဲ အတူဆက်နေပါတယ်
နားမခံသာတဲ့ စကားတွေကြားနေရတာမို့ ကျွန်မ နားလည်း ဆက်မထောင်နိုင်တာနဲ့ဖုန်းချပစ်လိုက်ပါတယ်
အခုတော့ ကျွန်မ လမ်းခွဲလိုက်ပါပီ
အခုတော့ ကျွန်မ ကိုယ်ကျွန်မ ပြန်ရပ်တည့်နိုင်အောင်ကြိုးစားရတော့မယ်
ဘယ်သူမှ ရင်မဖွင့်ရဲလို့ စိတ်သက်သာအောင် ရင်လာဖွင့်တာပါ
မိန်းမ မသားတို့ရယ် ငိုပဲငိုနေရတယ် အခုထိ