ရင်ဖွင့်စာ

မိန်းမသားတို့ရင်ဖွင့်ရာ ရင်ဖွင့်စာ ၃၉၄

မင်မင်ရေ ရင်ဖွင့်စာလေးကို အခမဲ့တင်ပေးပါနော်

Page ထဲမာရှိတဲ့ညီမ အမတို့အကြံလေးတောင်းချင်လို့ပါ

ညီမအသက်က၂၄ပါသူနဲ့က ငယ်ငယ်တည်းကချစ်လာတာပါ

ညီမနဲ့ကြားထဲအဆက်သွယ်ပြတ်တော့ ညီမအမတစ်ဝမ်းကွဲနဲ့ကြိုက်ပါတယ်

ပြီးတော့လောင်းကစားလုပ်တယ်

ခုတော့မလုပ်တာကြာပါပြီ

ခက်တာက၂ဘက်မိဘ သဘောမတူတာပါ

အမေကလောင်းကစားအရင်ကလုပ်လို့သဘောမတူတာပါ

သူ့မိဘကတော့ ညီမအမျိုးမကောင်းလို့တဲ့

သူ့မိဘကအတ္တကြီးတယ်

အဲဒါကြောင့်သူကနိုင်ငံခြားသွားပြီးသူဘာသာရအောင်တောင်းမယ်ပြောပါတယ်

ဒါမဲ့သူ့မိဘတောင်းမပေးရင်ခိုးရာလိုက်ခဲ့တဲ့

ညီမမလိုက်ချင်ပါဘူး

ညီမဘာလုပ်သင့်လဲရှင့်ရှေ့ဆက်ရမလားနောက်ဆုတ်ရမလား

သူ့မိဘကလုံးဝကိုလက်မခံတာပါ










သူ့မိဘကအတ္တကြီးတယ်



ညီမမလိုက်ချင်ပါဘူး

