ဒီရင်ဖွင့်စာလေးကိုဖတ်ပီးညီမကိုအကြံဥာဏ်လေးပေးကြပါ
ညီမမှာ တစ်နှစ်၃လအရွယ်သားလေးတစ်ယောက်ရှိပါတယ်
အမျိုးသားကထိုင်းမာအလုပ်လုပ်နေပါတယ် အိမ်ထောင်ရေးလဲအဆင်ပြေပါတယ်
အဆင်မပြေတာက ယောကျာ်းအနားမရှိတော့ သားအမိနှစ်ယောက်ထဲမိဘနဲ့ပြန်နေပါတယ်
မိဘကအဖေပဲရှိတာပါ အဖေကနောက်အိမ်ထောင်နဲ့ပါ
မိထွေးနဲ့လဲအဆင်ပြေပါတယ် အဆင်မပြေတာကမိထွေးအမေပါ
နေရာတကာဘာလုပ်လုပ်လိုက်ပြောနေတာပါ
အပြစ်မရှိအောင်နေလဲအပြစ်မရှိအပြစ်ရှာပီးလိုက်ပြောပါတယ်
ကိုယ်ကကလေးတစ်ဖက်နဲ့အိမ်အလုပ်လုပ်နိုင်သလောက်အကုန်လိုက်လုပ်ပေးပါတယ်
လုပ်ပေးရင်သာကိုယ်လုပ်ပေးတယ်နာမည်မထွက်တာ အပြစ်ပြောစရာရှိရင်ကိုယ့်ကိုယ်ပဲအပြစ်ပုံချပြောပါတယ်
ညီမလဲကလေးတစ်ဖက်နဲ့အမျိုးကအဝေးမာဆိုတော့သူတို့နဲ့ပြန်နေတာပါ
နို့မို့ဆိုမနေချင် စိတ်တအားကျဥ်းကျပ်လွန်းလို့ပါ
မိထွေးကတော့နားလည်ပေးပါတယ်သူ့အမေဘာပြောပြောစိတ်ထဲမထားနဲ့တဲ့
စိတ်ထဲမထားနဲ့ဆိုပေမယ့် နေ့တိုင်းဖြစ်နေတော့ညီမလဲအဆင်မပြေတော့ဘူး
ကိုယ့်မာကလေးတစ်ဖက်နဲ့အပြင်အလုပ်လဲမလုပ်နိုင်တော့ အိမ်မာပဲနေပီးအလုပ်လဲမရှုပ်ရအောင် စျေးလေးရောင်းကြည့်ပါတယ်
စျေးရောင်းလို့မရအောင်လဲမိထွေးအမေကလုပ်ပါတယ်
အမျိုးသားကို ကိုယ့်ဘာသာကိုနေမယ်ပြောတော့ နင်တို့သားအမိနှစ်ယောက်ထဲငါစိတ်မချဘူး အဆင်ပြေအောင်ကြည့်နေလို့ပြောပါတယ်
ကိုယ်လဲအမျိုးသားကအလုပ်လုပ်နေရတော့သူစိတ်ညစ်မှာစိုးလို့ခနခနမပြောချင်ဘူး
တော်ရုံဆိုအဆင်ပြေအောင်နေလို့ရပေမယ့် နေတလူကြီးဆိုတော့စိတ်ပင်ပန်းလာတယ်
အပြစ်မရှိအပြစ်ရှာပီးလိုက်ပြောတယ် ဘယ်လိုမှအဆင်မပြေဘူးဖြစ်နေတယ်
ညီမဘယ်လိုလုပ်သင့်လဲအကြံဥာဏ်လေးပေးကြပါဦးရှင်
ကလေးလဲသူဝိုင်းမထိန်းပေးရပါဘူး ကလေးအိပ်တုန်းပုခက်လွဲပေးတာလေးတခုပဲရှိပါတယ်
ဒါလေးကိုယ်ကကလေးအိပ်တုန်းလျှော်ဖွတ်ရေချိုးနေတဲ့ခနလေးပါ
အိမ်မာလူအများကြီးကိုဘယ်သူဘာလုပ်လုပ်မပြောပေမယ့်
ညီမကိုယ်ဆိုဒေါင့်စိအောင်လိုက်ကြည့်ပီးပြောနေတာပါ
အဖေ့ကိူပြောပြပီးခွဲနေရင်လဲ သားမိနှစ်ယောက်ထဲအဖေလဲစိတ်ချမာမဟုပ်ပါဘူး
ညီမစာအရေးအသားမှာရင်တောင်းပန်ပါတယ်ရှင် ကျေးဇူးပြုပီးအခမဲ့တင်ပေးပါရှင်
ဒီရင္ဖြင့္စာေလးကိုဖတ္ပီးညီမကိုအႀကံဥာဏ္ေလးေပးၾကပါ
ညီမမွာ တစ္ႏွစ္၃လအ႐ြယ္သားေလးတစ္ေယာက္ရွိပါတယ္
အမ်ိဳးသားကထိုင္းမာအလုပ္လုပ္ေနပါတယ္ အိမ္ေထာင္ေရးလဲအဆင္ေျပပါတယ္
အဆင္မေျပတာက ေယာက်ာ္းအနားမရွိေတာ့ သားအမိႏွစ္ေယာက္ထဲမိဘနဲ႔ျပန္ေနပါတယ္
မိဘကအေဖပဲရွိတာပါ အေဖကေနာက္အိမ္ေထာင္နဲ႔ပါ
မိေထြးနဲ႔လဲအဆင္ေျပပါတယ္ အဆင္မေျပတာကမိေထြးအေမပါ
ေနရာတကာဘာလုပ္လုပ္လိုက္ေျပာေနတာပါ
အျပစ္မရွိေအာင္ေနလဲအျပစ္မရွိအျပစ္ရွာပီးလိုက္ေျပာပါတယ္
ကိုယ္ကကေလးတစ္ဖက္နဲ႔အိမ္အလုပ္လုပ္ႏိုင္သေလာက္အကုန္လိုက္လုပ္ေပးပါတယ္
လုပ္ေပးရင္သာကိုယ္လုပ္ေပးတယ္နာမည္မထြက္တာ အျပစ္ေျပာစရာရွိရင္ကိုယ့္ကိုယ္ပဲအျပစ္ပုံခ်ေျပာပါတယ္
ညီမလဲကေလးတစ္ဖက္နဲ႔အမ်ိဳးကအေဝးမာဆိုေတာ့သူတို႔နဲ႔ျပန္ေနတာပါ
ႏို႔မို႔ဆိုမေနခ်င္ စိတ္တအားက်ဥ္းက်ပ္လြန္းလို႔ပါ
မိေထြးကေတာ့နားလည္ေပးပါတယ္သူ႔အေမဘာေျပာေျပာစိတ္ထဲမထားနဲ႔တဲ့
စိတ္ထဲမထားနဲ႔ဆိုေပမယ့္ ေန႔တိုင္းျဖစ္ေနေတာ့ညီမလဲအဆင္မေျပေတာ့ဘူး
ကိုယ့္မာကေလးတစ္ဖက္နဲ႔အျပင္အလုပ္လဲမလုပ္ႏိုင္ေတာ့ အိမ္မာပဲေနပီးအလုပ္လဲမရႈပ္ရေအာင္ ေစ်းေလးေရာင္းၾကည့္ပါတယ္
ေစ်းေရာင္းလို႔မရေအာင္လဲမိေထြးအေမကလုပ္ပါတယ္
အမ်ိဳးသားကို ကိုယ့္ဘာသာကိုေနမယ္ေျပာေတာ့ နင္တို႔သားအမိႏွစ္ေယာက္ထဲငါစိတ္မခ်ဘူး အဆင္ေျပေအာင္ၾကည့္ေနလို႔ေျပာပါတယ္
ကိုယ္လဲအမ်ိဳးသားကအလုပ္လုပ္ေနရေတာ့သူစိတ္ညစ္မွာစိုးလို႔ခနခနမေျပာခ်င္ဘူး
ေတာ္႐ုံဆိုအဆင္ေျပေအာင္ေနလို႔ရေပမယ့္ ေနတလူႀကီးဆိုေတာ့စိတ္ပင္ပန္းလာတယ္
အျပစ္မရွိအျပစ္ရွာပီးလိုက္ေျပာတယ္ ဘယ္လိုမွအဆင္မေျပဘူးျဖစ္ေနတယ္
ညီမဘယ္လိုလုပ္သင့္လဲအႀကံဥာဏ္ေလးေပးၾကပါဦးရွင္
ကေလးလဲသူဝိုင္းမထိန္းေပးရပါဘူး ကေလးအိပ္တုန္းပုခက္လြဲေပးတာေလးတခုပဲရွိပါတယ္
ဒါေလးကိုယ္ကကေလးအိပ္တုန္းေလွ်ာ္ဖြတ္ေရခ်ိဳးေနတဲ့ခနေလးပါ
အိမ္မာလူအမ်ားႀကီးကိုဘယ္သူဘာလုပ္လုပ္မေျပာေပမယ့္
ညီမကိုယ္ဆိုေဒါင့္စိေအာင္လိုက္ၾကည့္ပီးေျပာေနတာပါ
အေဖ့ကိူေျပာျပပီးခြဲေနရင္လဲ သားမိႏွစ္ေယာက္ထဲအေဖလဲစိတ္ခ်မာမဟုပ္ပါဘူး
ညီမစာအေရးအသားမွာရင္ေတာင္းပန္ပါတယ္ရွင္ ေက်းဇူးျပဳပီးအခမဲ့တင္ေပးပါရွင္