ညီမနဲ့ ညီမချစ်သူနဲ့က ရည်းစား သက်တမ်း 5 years ကျော်ပါပီ
ကောင်လေးကလည်း ညီမကို အရမ်းချစ်ပါတယ်
ညီမကလည်း အရမ်းချစ်ပါတယ် တစ်ခု ခက်နေတာက ညီမဘက်ကလည်း ပိုက်ဆံချမ်းသာတဲ့ မိသားစုကမဟုတ်ပါဘူးရှင်
ပုံမှန် စားနိုင်သောက်နိုင်ပါပဲ
ဒါမယ် ညီမကောင်လေးမိသားစုက ၀န်ထမ်းမိသားစုပါ
သူ့အစ်ကိုတွေကြောင့် သူ့မိသားစုမှာ အကြွေး သိန်း 100ကျော်ရှိနေပါတယ်
ညီမတို့ နှစ်ယောက်လုံးက လက်ထပ်ချင်နေပါပီ
သူက မိဘအပေါ် သိတတ်လိမ္မာပီး အသောက်အစားမရှိ အလုပ်မှာလည်း တော်တဲ့ လူတစ်ယောက်ပါ
ညီမတို့ဘက် ဓလေ့က လက်ထပ်ရင် တင်တောင်းရပါတယ်
သူ့မှာက ညီမတို့ လက်ထပ်ဖို့မစုရသေးပါဘူးရှင်
ရတဲ့လစာ အိမ်ကို အကုန်ပေးနေရတုန်းမို့ပါ
ခု လောလောဆယ်တော့ သူ့က ရတဲ့လစာအကုန် အိမ်ပေးနေရတော့ ညီမတို့ဖုန်းပြောဖို့ ဆိုရင်တောင် ညီမဘက်ကပဲ အကုန်ခံပါတယ်ရှင်
မဖြစ်ဖြစ်တဲ့ နည်းနဲ့ လက်ထပ်လိုက်ရင်လည်း ညီမပဲ စိတ်ဆင်းရဲရမှာလို့ ထင်နေပါတယ်ရှင်
ဘာလို့ဆို သူ့မှာက မိဘနှစ်ပါးကို သူပဲ လုပ်ကျွေးပီး သူကပဲ အဲ့အကြွေးတွေ ဆပ်ပေးရမှာပါရှင့်
သူ့အစ်ကိုတွေက အကြွေးတွေနဲ့ မိဘနှစ်ပါးကို ပစ်ထားပီး မိန်းမယူသွားကြပါပီရှင်
ဒီအခြေအနေမှာ ညီမ ဘယ်လိုလုပ်သင့်လည်းရှင် ညီမတို့အသက်က 26နှစ်တွေပါရှင့်
ခုသူက နိုင်ငံခြား ထွက်ဖို့တော့ ပြင်နေပါတယ်ရှင် ညီမတို့က LDRS ပါ တစ်နှစ်မှာ တစ်ခါလောက်ပဲ တွေ့ရတာပါရှင့်
မတွေ့ရပေမယ့် သူက ညီမကလွဲပီး ဘယ်ကောင်မလေးကိုမှ စိတ်မ၀င်စားပါဘူးရှင်
ညီမကသာ တစ်ခါတလေ သူ့ကို စိတ်ညစ်ပီး တခြားသူတွေနဲ့ စကားပြောတာတွေတော့ရှိပါတယ်ရှင်
ဒါပေမယ့် စိတ်က သူ့ကိုပဲ လိုချင်တာပါရှင့် ဖြစ်နိုင်ရင် သူဖြစ်နေတဲ့ အခက်အခဲကို ဖြေရှင်းပေးချင်ပေမယ့် ညီမ ကလည်း ပြည့်စုံတဲ့ မိသားစုက မဟုတ်တော့
သူနိုင်ငံခြားသွားဖြစ်ခဲ့ရင်လည်း ညီမရှိတဲ့လက်၀တ်လက်စားရောင်းပီး စီစဉ်ပေးရမှာပါရှင်
သူ့အိမ်က လမ်းစရိတ် မစီစဉ်ပေးနိုင်ပါဘူးရှင်
ညီမှာက သူအဆင်ပြေဖို့ သူ့မိသားစု အဆင်ပြေဖို့ စဉ်းစားပေးနေရပါတယ်ရှင်
သူ့မိသားစု အဆင်ပြေမှ ညီမတို့က လက်ထပ်ရမှာမို့ပါ
အဲ့ဒါ ဘယ်လိုလုပ်ရမလည်းရှင် ညီမသူ့ကိုလည်း မစွန့်လွတ်နိုင်ဖြစ်နေပါတယ်
လက်ထပ်ဖို့ကလည်း မျှော်လင့်ချက်မရှိ
ညီမအပေါ် သူ့လောက်ချစ်နိုင်တဲ့သူကတော့ မရှိတော့ပါဘူးရှင်
သူက ညီမကို လာတွေ့တဲ့ချိန်ဆို အ၀တ်စားကစ အကုန်လျော်ပေးပါတယ်
ထမင်းဟင်းချက်တာ အကုန်လုံးပါ
သူ့လို လိမ္မာတဲ့သူက တော်တော်ရှားပါတယ် ဘယ်လိုလုပ်သင့်လည်း အကြံပေးကြပါဦးရှင့်