ဆုံးဖြတ်ရခတ်နေလို့ပါရှင့် အမျိုးသားက ပြန်တမ်းဝန်အရာရှိတစ်ယောက်ပါရှင့်
သူအိမ်ထောင်ရေးဖောက်ပြန်တာကို သင်္ကြန်ပြန်လာတော့ ဖုန်းခဏတိုင်းအဲကောင်မလေးဆီခေါ်နေတော့ ကိုယ်က ဆက်ကြည့်လိုက်တာ
ကောင်မလေးကိုမိန်းမရှိတာသိလားဆိုတော့ သိတယ်တဲ့
ကလေးရှိတာရောသိလားဆိုတော့သိတယ်ပြောတယ်
ဒါဆိုဘာလို့ကြိုက်လည်းမေးတော့ ပြီရင်ပြီသွားမှာပဲမို့ ကြိုက်တယ်ဆိုပြီပြောတယ်
ဒါနဲ့ယောက်ကျားနဲ့ပြသနာတက်ကြတယ် ယောက်ကျားလည်းဆံပင်တွေဆွဲပါးတွေရိုက်လုပ်မိသွားတယ်
ယောက်ကျားကိုပြောတယ် အဲကောင်မလေးကို ငါ့ရှေ့တင် ဖြတ်လို့ပြောတော့
ငါ့မိန်းမစိတ်ဆင်းရဲနေလို့ ဒို့နှစ်ယောက်ရှေ့ဆက်မတိုးတော့ဘူးပြောတော့ ဟုတ်ကဲ့ပါလို့
စှိက်မလေးကပြောတော့ ဪ တော်တော် စိတ်ထားကောင်းပုံပဲဆိုပြီ လတ်ဆောင်လေးတွေတောင်ကိုယ်ကထည့်ပေးလိုက်သေးတယ်
ကိုယ်ကလည်း ဝန်ထမ်းဖြစ်နေတော့ လိုက်မသွားနိုင်ဘူး နောက်ကြ မပြတ်ကြဘူး အဲကောင်မလေးတွေ့မှ အချစ်စစ်တွေ့တယ်ပြောတယ်ရှင့်
သူကကျွန်မကိုကွာရှင်းခြင်တာကွာရှင်းမရလို့ ပြောလို့သူ့လူကြီးတွေကိုနားလည်အောင်ပြောပြပြီ ကွာရှင်းခွင့်ရအောင် ကြိုးစားခဲ့တယ်
ကွာရှင်းခွင့်လည်းရရော မကွာရှင်းခြင်ဘူးလို့ပြောပြန်တယ်
ဒါနဲ့ကောင်မလေးကိုဖုန်းဆက်မေးတယ် နင်တို့ပြတ်တာဟုတ်လားလို့ ဟုတ်တယ် ညီမလုံးဝအစ်မယောက်ကျားကိုမကြိုက်ပါဘူးပြောတယ်
မယူနိုင်ဘူးလို့လည်း သွင်သွင်ညင်းတယ် ကောင်မလေးက ရာထူးတိုးဖြေထားလို့ ကိုယ့်ကိုအကြောင်းပြုပြီ ဘယ်သူ့ကိုမှ ဒုက္ခမပေးခြင်လို့ တိုင်စာရေးပြီမှ မတိုင်ဖြစ်ခဲ့ဘူး
နှစ်ကြိမ်တိတိ ယောက်ကျားကိုလည်းမေးတယ် ပြတ်တာသေချာလား ပြတ်တာမှ ဟိုဘက်တောင်လွန်နေတယ်လို့ပြောပြီ ည ၁၁ နာရီ ၁၂ နာရီလောက်ဆိုအဲကောင်မနဲ့ဖုန်းပြောတယ်
လူ့ရှေ့ သူ့ရှေ့ဆိုကိုယ့်ကိုဖုန်းပြောတယ် ဒီနေ့တော့ကိုယ့်ဆီကိုခဏ လာတဲ့အချိန် အဲကောင်မကဖုန်းခေါ်လာတယ်
ဒါနဲ့ ကိုယ်ကကိုင်လိုက်တယ် ညီမလေး ပြောဆိုတော့ တစ်ဖတ်ကခဏ အသံတိက်သွားပြီ ပြီမှ ကိုယ့်ယောက်ကျားဆီ အကြွေးတောင်းတယ်ဆိုပဲ
ဒါနဲ့ဘယ်လောက်လည်းမေးတော့ ရေရေရာရာမပြောဘူး နင့်လစ ာနှစ်သိန်းလောက်နဲ့ နင့်မိဘပေးတာနဲ့ နင့်ကိုယ်နင်တောင်မလောက်ဘူးလို့ငါ့ကိုပြောဖူးတယ်လေ ဆိုတော့
သိန်းချီတော့ ဘယ်ချီးနိုင်မလဲ တစ်သောင်းနှစ်သောင်းပေါ့ဆိုပြီ အတိကျလည်းမပါဘူးပြောတာက စော်ကားတာတွေ လိမ်တာတွေ များလွန်းအားကြီးလို့ နှစ်ယောက်လုံးကိုတိုင်လိုက်တော့ပမယ်ဆိုပြီ သူ့အုပ်ထိန်းသူကိုလှမ်းပြောတယ်
ကိုယ်ရေးထားတဲ့ တိုင်စာတွေ ပြလိုက်တယ် ရာထူး တစ်ခုလည်းရှိတော့ အဆင့်ရှိမယ်ထင်နေတာ လင်ခိုးတာကို သူတို့ကပါ အားပေးနေရှာတယ်
သူ့အစ်မေက အသက်ခုနှစ်ဆယ်လို့ပြောတယ် ဆဲတာမှ ရိုင်းလိုက်တာ
သူ့သမီးက အပျိုလေး တည်းခိုခန်းအိပ်တာ နင်မျက်စိနဲ့မြင်လားလို့မေးတယ်
ပြီတော့ ကိုယ့်ကိုပြန်ပြီ တရားစွဲမယ်ဆိုပဲ ကိုယ်ဆီမှာ ခိုင်မာတဲ့ သက်သေတွေရှိပြီသားပါ
နှစ်ယောက်လုံးပဲတိုင်ရမလား ကိုယ့်ယောက်ကျားပဲထောင်ချပြစ်ရမလားဝေခွဲ မရဘူးဖြစ်နေလို့ပါရှင့်
ကောင်မလေးကလည်းတော်တော်ကြီး ကိုယ့်ယောက်ကျားကိုစွဲလန်းနေပုံပဲ
ယောက်ကျားကလည်းမပြတ်နိုင်ဖြစ်နေတယ်ဆိုတော့ စွဲလမ်းနေတာလား
ကိုယ့်ကြတော့လည်းမကွာရှင်းခြင်ဘူး ဟိုဘက်ကြတော့လည်းလတ်မလွှတ်ခြင်ဘူး
ကောင်မလေးကလည်းပိုက်ဆံပဲယူခြင်ပြီ ယောက်ကျားကြ မယူခြင်တာလား ဘယ်လိုတွေမှန်းကိုမသိတော့လို့ပါရှင့်