ရင်ဖွင့်စာ

မိန်းမသားတို့ရင်ဖွင့်ရာ ရင်ဖွင့်စာ ၃၉၈

မင်မင်ရေ အကြံလေးတောင်းချင်လို့ပါ ညမဝေခွဲရအရမ်းခက်နေပါတယ်

ညမအခုရည်စားနဲ့ မချစ်ခင် ညမရဲ့ အချစ်ဦးဆိုတဲ့သူပါ

သူနဲ့က တစ်ရွာထဲသားတွေပါ ညမအခုရည်စားနဲ့ က ချစ်သူသက်တမ်း 8 နှစ်ရှိပါပီ

S*x ကိစ္စလည်း ရှိခဲ့ပါတယ် ဖြစ်ချင်တော့ အချစ်ဦးဆိုတဲ့ သူနဲ့ ခု 8 နှစ်တာ ကာလ အတွင်း အဆက်အသွယ်မလုပ်ခဲ့ပါဘူး

ဘာဖြစ်လို့လည်းဆို ညမ အခု ချစ်သူကလည်း ညမကို အရမ်းအလိုလိုက်တယ်

အရမ်းချစ်ပေးတယ်

ပြသာနာက ခုမှ စမှာ လွန်ခဲ့တဲ့ လ အနည်ငယ်က အချစ်ဦးဆိုတဲ့သူနဲ့ အဆက်အသွယ်ပြန်လုပ်ခဲ့တယ်

သူနဲ့စကားတွေ အရမ်းပျော်ခဲ့ ရင်နှီးခဲ့ကြတယ်

သူကလည်း ချစ်တယ်လို့ ပြန်ပြောခဲ့တယ် ဒါပေမယ့် ညမ လက်မခံခဲ့ပါဘူး

သူကပြည်ပမှာပါ ဒါပေမယ့် ဟိုတလောက သိခဲ့ရတာ သူ့မှာ ဟိုမှာ တစ်အိမ်ထဲ နေနေတဲ့ အမျိုးသမီးရှိတယ်တဲ့

ညမနဲ့ ဘာမှ မဆိုင်ဘူးထင်ထားပေမယ့် ညမ တွေးလိုက်တိုင်း ခံစားနေမိတယ်

စိတ်လည်း မကောင်းဘူး မပက်သက်ချင်ဘူး ကြိုးစားပေမယ့် စိတ်က အာ့ဘဲရောက်ရောက်နေတယ်

ညမ အခုလက်ရှိရည်စားကိုလည်း မပျက်နိုင်ဘူး

သူ့ကိုလည်း မပက်သက်ချင်ဘူး ညမ ဘာဆက်လုပ်ရမလည်း အကြံလေး ပေးပေးပါအုံးနော်…..

မင်မင်ရေ အခမဲ့ တင်ပေပါနော်

မင္မင္ေရ အႀကံေလးေတာင္းခ်င္လို႔ပါ ညမေဝခြဲရအရမ္းခက္ေနပါတယ္

ညမအခုရည္စားနဲ႔ မခ်စ္ခင္ ညမရဲ႕ အခ်စ္ဦးဆိုတဲ့သူပါ

သူနဲ႔က တစ္႐ြာထဲသားေတြပါ ညမအခုရည္စားနဲ႔ က ခ်စ္သူသက္တမ္း 8 ႏွစ္ရွိပါပီ

S*x ကိစၥလည္း ရွိခဲ့ပါတယ္ ျဖစ္ခ်င္ေတာ့ အခ်စ္ဦးဆိုတဲ့ သူနဲ႔ ခု 8 ႏွစ္တာ ကာလ အတြင္း အဆက္အသြယ္မလုပ္ခဲ့ပါဘူး

ဘာျဖစ္လို႔လည္းဆို ညမ အခု ခ်စ္သူကလည္း ညမကို အရမ္းအလိုလိုက္တယ္

အရမ္းခ်စ္ေပးတယ္

ျပသာနာက ခုမွ စမွာ လြန္ခဲ့တဲ့ လ အနည္ငယ္က အခ်စ္ဦးဆိုတဲ့သူနဲ႔ အဆက္အသြယ္ျပန္လုပ္ခဲ့တယ္

သူနဲ႔စကားေတြ အရမ္းေပ်ာ္ခဲ့ ရင္ႏွီးခဲ့ၾကတယ္

သူကလည္း ခ်စ္တယ္လို႔ ျပန္ေျပာခဲ့တယ္ ဒါေပမယ့္ ညမ လက္မခံခဲ့ပါဘူး

သူကျပည္ပမွာပါ ဒါေပမယ့္ ဟိုတေလာက သိခဲ့ရတာ သူ႔မွာ ဟိုမွာ တစ္အိမ္ထဲ ေနေနတဲ့ အမ်ိဳးသမီးရွိတယ္တဲ့

ညမနဲ႔ ဘာမွ မဆိုင္ဘူးထင္ထားေပမယ့္ ညမ ေတြးလိုက္တိုင္း ခံစားေနမိတယ္

စိတ္လည္း မေကာင္းဘူး မပက္သက္ခ်င္ဘူး ႀကိဳးစားေပမယ့္ စိတ္က အာ့ဘဲေရာက္ေရာက္ေနတယ္

ညမ အခုလက္ရွိရည္စားကိုလည္း မပ်က္ႏိုင္ဘူး

သူ႔ကိုလည္း မပက္သက္ခ်င္ဘူး ညမ ဘာဆက္လုပ္ရမလည္း အႀကံေလး ေပးေပးပါအုံးေနာ္…..

မင္မင္ေရ အခမဲ့ တင္ေပပါေနာ္