သားသမီးတွေရမှ ဖောက်ပြန်တဲ့ ယောက်ျားနဲ့
သားသမီးတွေရမှ LGBT (လိင်တူ စွဲလန်းသူ ) ဖြစ်နေမှန်းသိရတဲ့ ယောက်ျား ဘယ်သူက ပိုအပြစ်ရှိတယ်လို့ ထင်ပါသလဲ၊
အမတို့ ညီမလေး တို့ရဲ့ အမြင်လေးတွေသိချင်ပါတယ်။
၁၇ နှစ်လုံးလုံး ကိုယ့်အပေါ်မှာ အရမ်းသိတတ်ပြီး၊ အရမ်းကြင်နာခဲ့တာပါ။
ရသမျှငွေအကုန်အပ်ပြီး အရက်ဆေးလိပ် လောင်းကစားအစုံ၊ မိန်းမ ကင်းရှင်းခဲ့သူပါ
တနေ့ကမှ သူ့ဖုန်းကို ဘာရယ်မဟုတ် ကြည့်မိရာကနေ ယူစစ်တော့ LGBT gp တွေ join ထားပြီး
NF မှာလည်း တက်နေတာတွေ အများကြီး တွေ့ရပါတယ်
သူကတော့ငြင်းပါတယ်၊ ဒါပေမယ့် Jioned လို့တွေ့လိုက်ကတည်းက သူ့ဖုန်းကို သူကိုယ်တိုင် join မှဖြစ်တာပါ။
ကျားသဘာဝ s*x တွေကိုကြည့်တာ နားလည်ပေးလို့ရပေမယ်၊ LGBT ကိုတော့ လက်ခံမပေးနိုင်ပါဘူး၊
အချိန်မှန်အိမ်ပြန်တတ်သူမို့ အပြင်မှာတော့ ဘာမှ မလုပ်ဘူးလို့ ယုံကြည်ပေမယ့်၊
ကျမ leave လုပ်လိုက်တဲ့ gp တွေကို ဒိတိုင်းလည်း ဝင်ကြည့်ရင် ရတယ်မလားလို့ ပြန်မေးနေကတည်းက
သူ ဒီကိစ္စကို အာရုံ ရနေပြီလို့ ကျမ ယူဆပါတယ်။
ကျမသူ့ကို ပြတ်ပြတ်သားသား ဆက်ဆံသင့်ပြီလား။
ထင်မြင်ချက်လေးတွေ ပြောကြပါဦး
ကလေးတွေ မသိစေချင်ဘူး
ကျမ ငွေမရှာတတ်ဘူး
သူက ပြည့်စုံအောင်တော့ထားပါတယ်။
သူ့ကို အထင်ကြီးခဲ့မိသမျှ လုံးဝ ကို ရွံပါတယ်။
ကလေးတွေ မသိစေချင်ဘူး
ကျမ ငွေမရှာတတ်ဘူး