မင်မင်ရေအခမဲ့တင်ပေးပါနော်
Groupထဲကမမတို့ရေအကြံညဏ်လေးပေးကြပါအုံး
အရမ်းမွန်းကျပ်နေလို့ပါညီမအသက်27ပါ19နှစ်အိမ်ထောင်ကြတာပါ
သမီးလေး2ယောက်ရှိပါတယ် စရပါပြီဆိုကတည်းကအဆင်မပြေခဲ့တာ ခုထိဒူးနဲ့မျက်ရည်သုတ်နေရတုန်းပါ
ဒုတိယသမီးလေးမွေးပြီးစီပွားရေးလေးအဆင်ပြေလာပါတယ်
နေတာတော့ညီမတို့မိဘအိမ်မှာပါ
အိမ်ကနေနှင်ထုတ်ခံရတာခည်းအကြိမ်ကြိမ်ပါပဲ
လမ်းဘေးရောက်လိုက်နဲ့ဒီလိုနဲ့သမီးနောက်ထပ်မွေးပြီးအဆင်ပြေလာတော့ သူအလုပ်ကမဲမဲရရမလုပ်ပါဘူး
ပွဲစားလိုလိုအရောင်းဝယ်လိုလိုနဲ့ပါ
သူလုပ်စားလည်းစားခဲ့ရပါတယ် လက်စားစားခဲ့ရတာအညိုမည်းစွဲတဲ့အထိပါ
အိမ်ငှားနေတော့လည်းအမေအိမ်သွားလိုက်ဈေးလေးကူရောင်းလိုက် အမေကမုန့်ဖိုးပေး အဖေကကလေးမုန့်ဖိုးပေးနဲ့ဒီလိုနဲ့စားသောက်လာခဲ့ရတညပါအိမ်ငှားခတော့သူကြံဖန်ရှာတာပေါ့
အမေအိမ်ဆိုတော့အကိုနဲ့မောင်လေးတွေရှိတယ် ပြသနာဖြစ်ရင် ကိုယ့်ညီမထိတော့ ဘယ်သူကကြိုက်မလဲ
ရန်ဖြစ်ကြထွက်ကြရ ပြီးတော့ပြန်ကပ်ရ အရှက်မရှိသူလည်းလိုက်လာတာပါပဲ
စီးပွားရေးအဆင်ပြေတာပဲဆိုပြီး အလုပ်မလုပ်လို့ပါ ဒါကိုမသိရင် သူရှာထားပဲရန်ဖြစ်တိုင်းစကားနိူင်လုပါတယ်
ညီမသူကိုပြိုင်မပြောနိုင်ပါဘူး ခုလည်းသူကခါးနာနေတာပါ အာရုံကြောညပ်သွားတာဆိုလားပဲ အလုပ်မလုပ်နိုင်ပါဘူး
ညီမဖြစ်စေချင်တာက အလုပ်မလုပ်နိုင်လည်း ညီမကိုကူလုပ်စေချင်တာ
ကလေးက11လ သူ့ကိုထိန်း အကြီးကမူကြို အပို့အကြိုလေးလုပ်ပေးစေချင်တာ
အမတို့ရယ်ဘာဆိုဘာမှကူမလုပ်ပေးဘူး အချိန်ပြည့်အိပ်ရာထဲမှာဖုန်းတလုံးနဲ့
ဘယ်ယောက်ခမကကြည်ဖြူမှာလဲ သူကကိုယ်အဖေအမေတောင်ရန်လုပ်ချင်နေသေးတာ
သူတို့အိမ်မှာနေ သူတိုကျွေးတာစားပြီးတော့
ခုလည်းမောင်အငယ်ဆုံးသမီးကြီးဆော့ရင်းနဲ့ရန်ဖြစ်ကြတာ အဲဒါကိုသူကဘာဖြစ်တယ် ညာဖြစ်တယ်ပြောတော့ အမေနဲ့စကားများကြတယ်
အဖေကမထားတော့ဘူး ညီမကဆုကြေးကိုင်ပါတယ် ဆုကြေးပြီးရင်ထွက်ကြတဲ့
အဲဒါနဲ့သူကသွားသောက်ပါတယ် ပိုက်ဆံကိုသူသုံးချင်သလောက်ရေလို့သုံး အလကားနေနေရတာပါ
သူကပဲလူကောင်းဖြစ်နေတယ် ရကတည်းကစိတ်ဆင်းရဲရတော့မပေါင်းချင်တော့ဘူး
အရင်ကအိမ်ကထွက်ရလည်းကလေး1ယောက်လက်ဆွဲလုပ်စားရတယ်
ခုက2ယောက်အငယ်လေးနိုတောင်မပြတ်သေးဘူး အမေအိမ်မှာနေမှအဆင်ပြေမှာ
သူကိုမပေါင်းချငိတော့ဘူး ဘယ်လိုလုပ်ရမလဲအမတိုရေ
စာရှည်သွားရင်တောင်းပန်ပါတယ်
ရင်ဖွင့်စရာတွေကအများကြီးပဲမပြောပြတတ်လို့ပါလတ်တလောဖြစ်နေတာလေးပဲပြောလိုက်တာပါ
စီးပွားရေးအဆင်ပြေတာပဲဆိုပြီး အလုပ်မလုပ်လို့ပါ ဒါကိုမသိရင် သူရှာထားပဲရန်ဖြစ်တိုင်းစကားနိုင်လုပါတယ်