ရင်ဖွင့်စာ

မိန်းမသားတို့ရင်ဖွင့်ရာ ရင်ဖွင့်စာ ၄၀၁

ညီမမှာအိမ်ထောင်ရှိပါတယ် 2နှစ်ကျော်တွဲပီးမှလက်ထပ်တာ အိမ်ထောင်သက် 2နှစ်ပြည့်တော့မှာပါ

သူအဝေးမှာအလုပ်သွားလုပ်တာ 2လပြည့်တော့မယ်

ရန်ဖစ်စကားများတာ 1လ ရှိပီအဆက်သွယ်မလုက်ဘဲ မိဘတွေဖုန်းကအစအကုန် bl ထားတယ်

သူ့ကိုစောင့်မျှော်မနေနဲ့ ပြန်လဲအဆင်မပြေချင်ဘူး

နင့်ကိုစိတ်ကုန်သွားပီဆိုတဲ့စာတစ်လူံးပို့ပီဘာမှဆက်သွယ်မရတော့ဘူး

သူကအလုပ်မရှိတာ 4 လရှိတော့မိန်းမဆိုတော့နားပူတာနေရာတကာလိုက်ပြောမိတယ်

ရန်ဘဲရှာနေခဲ့မိတာ သူကရည်းစားဘဝထဲကညီမကိုအရမ်းချစ်ပေးပါတယ်

ဘယ်အချိန်မှမျက်နှာငယ်အောင်မထားခဲ့ဘူး ဘယ်လောက်ဆိုးဆိုးသူ သည်းခံပေးတယ်

မျက်နှာမဲ့နေရင်တောင်သူမမှားလဲအတင်းလိုက်ချော့တယ်

သူ့အပေါင်းသင်းကို့အပေါင်းသင်းကြားမှာလဲ မိန်းမကိုဘယ်လိုချစ်ကြောင်း လှကြောင်းလိုက်ကြွားနေခဲ့တဲ့သူပါ

သူငယ်ချင်းတွေကတောင်သူတို့ထဲမှာအားအကျရဆူံးအတွဲဖစ်ခဲ့တာ

အခုကျ မက်ဆေ့100 လောက်ပို့တာ တစ်စောင်ဘဲပို့လာတယ်

ငါ့နင့်ကိုပြောပီးပီ ငါဘယ်တော့မှပြန်လာမှာမဟုဘူးတဲ့

အဲ့တစ်စောင်ဘဲညီမသူမရှိရင်မနေနိုင်ဘူး ဘယ်လိုလုပ်ရမလဲ

ပြန်အဆင်ပြေအောင် သူချစ်နေသေးလောက်လားပြန်လာနိုင်သေးလား

ရည်းစားဘဝတုန်းကလဲစိတ်ကုန်လို့ပြတ်သွားပီးမနေနိုင်လို့ ပြန်လာတာခနခနဘဲ

ချစ်နေသေးလို့လက်ခံမိတာ အခုကျအ​ဝေးမှာဆိုတော့ဘာမှလုပ်မရဘူး

သူ့ဆီလိုက်သွားဖို့လဲဘယ်မှာနေလဲမသိ 1 လရှိတော့မယ်ငိုရလွန်းလို့မျက်ရည်တောင်မကျန်တော့ဘူး

ကွဲဖို့တော့မပြောကျပါနဲ့နော်အဆင်ပြေချင်တာပါ

တစ်ခုလပ်လဲမဖစ်ချင်ဘူး အရှက်တကွဲဖစ်ရမှာ

သူငယ်ချင်းတွေကိုရင့်ဖွင့်တိုင်ပင်ရမှာရှက်လို့ပါ




















