ရင်ဖွင့်စာ

မိန်းမသားတို့ရင်ဖွင့်ရာ ရင်ဖွင့်စာ ၄၀၃

အခမဲ့တင်ပေးပါ မင်ရေ

မွန်းကြပ်လွန်းလို့ ရင်ဖွင့်ချင်ပါတယ်

ကျနော့်ကို ညီမအရင်း သားသမီးအရင်းလေးလို ပြောပြပေးကြပါအုန်း

ညီမ ၈လပိုင်းမှာ ကောင်လေးတစ်ယောက်ကို (သူငယ်ချင်းရဲ့ညီအရင်း)ကို ခက်ခက်ခဲခဲရှာဖွေတွေ့ရှိခဲ့ပါတယ်

သူငယ်ချင်းက အရမ်းခင်တဲ့ယောက်ကျားလေးသူငယ်ချင်းပါ ။

အရင်နှစ်ကတည်းက သူ့ညီနဲ့အောင်သွယ်မယ်လို့ ခနခနသဘောတူကြောင်းပြောခဲ့ပါတယ်

သူ့မှာရည်းစားရှိမှန်းသိလို့ ရည်းစားရှိရင်ရှောင်တယ်ဆိုပြီ မသိလိုက်မသိဘာသာ နေလာခဲ့ရင်းက

သည်နှစ်ထဲ အရင်ကောင်လေးနဲ့ညီမနဲ့ပြတ်သွားတဲ့အချိန်ကစပီး ကျနော့ဘဝထဲကို သူရောက်လာခဲ့ပါတယ်

သူငယ်ချင်းကိုလဲ မေးပါတယ် သူ့မှာရည်းစားရှိရင် လက်မခံဘူးနော်လို့ ။

သူငယ်ချင်းကလဲမရှိဘူး သူကလဲမရှိဘူးဆိုတော့ အစကတော့ အပျော်သဘောတွဲရင်းက နောက်ပိုင်း တကယ်ချစ်မိသွားတာပါ

တွဲလာရင်းနဲ့ သူ့မိဘတွေနဲ့လဲ သိပြီး သူ့အိမ်လိုက်လည်ဖြစ်တယ်

ကိုယ်ကိုယ်တိုင်ကလဲ ချစ်မိသွားလို့ အတူနေပီးရင်တော့ ငါတို့ မခွဲရလောက်တော့ဘူးယုံကြည်ချက်နဲ့ သူ့အိမ်လိုက်လည်ရင်း အတူနေကြပါတယ်

လွတ်လွတ်လပ်လပ်မနေရတဲ့အခြေအနေမို့ မပြီးမစီးဘဲနေခဲ့တဲ့ အရင်ဆုံး၂ညကိစ္စမှာ ဆေးမသောက်ခဲ့ပါဘူး

နောက်ဆုံးညမှာတော့ Emergency pillသောက်ခဲ့ပါတယ်

သူဟာ တည်တည်ကြည်ကြည်နဲ့ မိဘအားထားရတဲ့သားလိမ္မာလေးမို့ အမှတ်အပြည့်နဲ့ ကျနော့်ဘက်က ဂုဏ်ယူခဲ့ရသူပါ

၁၂လပိုင်း ၁ရက်နေ့မှာ ရန်ကုန်တက်လာပြီး အလုပ်လုပ်မယ်ဆိုလို့ အလုပ်ကို ညီမကိုယ်တိုင်ရှာပေးခဲ့ပါတယ်

အစကတော့ အားလုံးအဆင်ပြေပြေပါပဲ စနောက်လိုက်ရယ်မောလိုက်နဲ့ ပျော်စရာကြီး😔

ဆဋ္ဌမအာရုံရနေတဲ့မိန်းမဟာ အရမ်းပူလောင်တယ်ဆိုတာ ကိုယ့်ကိုယ်ကိုအခုမှသိခဲ့ရပါတယ်

သူ့မှာ ရည်းစားသက်တမ်း၈လရှိတဲ့ ကောင်မလေးရှိနေပါသတဲ့

ညီမ ဒုတိယလူဖြစ်သွားပါပြီ ညီမနဲ့သူဟာ သည်လမှ ၅လပြည့်မှာပါ

အချစ်နဲ့ပတ်သတ်ရင် စိတ်တစ်ခုလုံးကို နှစ်ချလိုက်မိတာကိုက ညီမရဲ့အားနည်းချက်ပါ

အခမဲ့တင်ပေးပါ မင်ရေ



















