ရင်ဖွင့်စာ

မိန်းမသားတို့ရင်ဖွင့်ရာ ရင်ဖွင့်စာ ၄၀၅

ညီမကsingle monတစ်ယောက်ပါခုလက်ရှိထိုင်းနိုင်ငံမှာနေပါတယ်

ကလေးတွေကတော့အမေနဲ့မြန်မာနိုင်ငံမှာပါသားလေးနှစ်ယောက်ရှိပါတယ်

ထိုင်းရောက်ပြီးတစ်နှစ်လောက်မှာ ကျွန်မအပေါ်အရမ်းကောင်းတဲ့လူတစ်ယောက်နဲ့တွေ့ပါတယ်

ညီမအရင်ကဦးလေးအိမ်မှာနေတာပါ ဦးလေးနဲ့လဲအဆင်ပြေပါဘူး

အဲ့လိုအဆင်မပြေတဲ့အချိန်မှာကျွန်မအပေါ်ကောင်းတဲ့ခုလက်ရှိကျွန်မအမျိူးသားနဲ့ဆုံခဲ့ပါတယ်

သူကလူပျိူပါ သူကတော့ကျွန်မကိုချစ်ပါတယ် အကုန်လုံးကျွန်မတစ်ခွန်းပါပဲ

အဆင်လဲအကုန်ပြေပါတယ် ခုပြဿနာက လွန်ခဲ့တဲ့နှစ်‌လလောက်ထဲကကျွန်မနေမကောင်းဖြစ်ပါတယ်

အဆုတ်သွေးကြောပေါက်တာတဲ့ ညီမတို့အလုပ်ကလဲပင်ပန်းပါတယ်

ဆရာဝန်ကတော့အလုပ်ထွက်ပြီး ဆေးရုံတက်စေချင်ပါတယ်

ညီမမှာကအဲ့လောက်ထိအဆင်မပြေပါဘူး အဲ့တွက်ကြောင့်ညီမဆေးရုံမတက်ပါဘူး

အပြင်ဆေးခန်းပြပြီးနေပါတယ် အလုပ်မနိုင်ရင်ညီမနားပါတယ် နိုင်တ‌ဲ့အခါဆင်းပါတယ်

ညီမအမျိူးသားကလဲမနိုင်ရင်နားဆိုပြီးနားခိုင်းပါတယ်

ခုဟာက သူ့အဒေါ်တွေပါသူ့ကိုခေါ်ခေါ်ပြီးပြောပါတယ် နင့်မိန်းမကိုအိမ်မှာပဲ‌နေခိုင်းမနေနဲ့လင်မယားဖြစ်လာရင်ပါစပ်ကနှစ်ပေါက်ဖြစ်လာပြီ တစ်ယောက်ထဲလုပ်အားခနဲ့နေမရဘူးလို့ပြောပါတယ်

ညီမယောကျာ်းကလူအေးပါတော်ယုံတန်ယုံစကားလဲနည်းပါတယ်

သူ့ကိုပြောလဲသူကဘာမှပြန်မပြောပါဘူး အဲ့တော့သူ့ဒေါ်တွေကသူ့ကိုပိုပြီးတော့ပြောပါတယ်

နင့်မိန်းမကပျင်းနေတာ နင်ပဲရှာကျွေးရမယ်ဆိုပြီးယောကျာ်းလဲခနခနပြောခံနေရတော့မျက်နှာတော့မသာပါဘူး

သူ့ကိုညီမကအပြစ်တင်ရင်လဲငြိမ်ပြီးပဲနေပါတယ်

တစ်ခွန်းမှမပြောပါဘူးညီမလဲစိတ်ညစ်တယ်

သူလဲညီမကြောင့်နဲ့ခနခနပြော‌ခံနေရတယ်

ညီမလဲစိတ်ညစ်ရတယ်အလုပ်လဲလုပ်မနိုင်ပါဘူး‌နိုင်ရင်တော့ဆင်းပါတယ်

ခုညီမလဲပင်ပန်းပါတယ် ညီမယောကျာ်းကိုမပေါင်းပဲကွားလိုက်ရမလား

သူညီမကြောင့်နဲ့သူ့ဒေါ်ပြောတာလဲညီမပြောတာလဲခံနေရတာသနားလဲသနားလာပါပြီ

စိတ်တွေလဲညစ်နေပါပြီ

ဘာတွေဆက်လုပ်ရမလဲအကြံလေးပေးကြပါလားရှင်။စာအရေးအသားအမှားပါရင်လဲခွင့်လွှတ်ပေးပါ🥺

ညီမကsingle monတစ္ေယာက္ပါခုလက္ရွိထိုင္းႏိုင္ငံမွာေနပါတယ္

ကေလးေတြကေတာ့အေမနဲ႔ျမန္မာႏိုင္ငံမွာပါသားေလးႏွစ္ေယာက္ရွိပါတယ္

ထိုင္းေရာက္ၿပီးတစ္ႏွစ္ေလာက္မွာ ကြၽန္မအေပၚအရမ္းေကာင္းတဲ့လူတစ္ေယာက္နဲ႔ေတြ႕ပါတယ္

ညီမအရင္ကဦးေလးအိမ္မွာေနတာပါ ဦးေလးနဲ႔လဲအဆင္ေျပပါဘူး

အဲ့လိုအဆင္မေျပတဲ့အခ်ိန္မွာကြၽန္မအေပၚေကာင္းတဲ့ခုလက္ရွိကြၽန္မအမ်ိဴးသားနဲ႔ဆုံခဲ့ပါတယ္

သူကလူပ်ိဴပါ သူကေတာ့ကြၽန္မကိုခ်စ္ပါတယ္ အကုန္လုံးကြၽန္မတစ္ခြန္းပါပဲ

အဆင္လဲအကုန္ေျပပါတယ္ ခုျပႆနာက လြန္ခဲ့တဲ့ႏွစ္‌လေလာက္ထဲကကြၽန္မေနမေကာင္းျဖစ္ပါတယ္

အဆုတ္ေသြးေၾကာေပါက္တာတဲ့ ညီမတို႔အလုပ္ကလဲပင္ပန္းပါတယ္

ဆရာဝန္ကေတာ့အလုပ္ထြက္ၿပီး ေဆး႐ုံတက္ေစခ်င္ပါတယ္

ညီမမွာကအဲ့ေလာက္ထိအဆင္မေျပပါဘူး အဲ့တြက္ေၾကာင့္ညီမေဆး႐ုံမတက္ပါဘူး

အျပင္ေဆးခန္းျပၿပီးေနပါတယ္ အလုပ္မႏိုင္ရင္ညီမနားပါတယ္ ႏိုင္တ‌ဲ့အခါဆင္းပါတယ္

ညီမအမ်ိဴးသားကလဲမႏိုင္ရင္နားဆိုၿပီးနားခိုင္းပါတယ္

ခုဟာက သူ႔အေဒၚေတြပါသူ႔ကိုေခၚေခၚၿပီးေျပာပါတယ္ နင့္မိန္းမကိုအိမ္မွာပဲ‌ေနခိုင္းမေနနဲ႔လင္မယားျဖစ္လာရင္ပါစပ္ကႏွစ္ေပါက္ျဖစ္လာၿပီ တစ္ေယာက္ထဲလုပ္အားခနဲ႔ေနမရဘူးလို႔ေျပာပါတယ္

ညီမေယာက်ာ္းကလူေအးပါေတာ္ယုံတန္ယုံစကားလဲနည္းပါတယ္

သူ႔ကိုေျပာလဲသူကဘာမွျပန္မေျပာပါဘူး အဲ့ေတာ့သူ႔ေဒၚေတြကသူ႔ကိုပိုၿပီးေတာ့ေျပာပါတယ္

နင့္မိန္းမကပ်င္းေနတာ နင္ပဲရွာေကြၽးရမယ္ဆိုၿပီးေယာက်ာ္းလဲခနခနေျပာခံေနရေတာ့မ်က္ႏွာေတာ့မသာပါဘူး

သူ႔ကိုညီမကအျပစ္တင္ရင္လဲၿငိမ္ၿပီးပဲေနပါတယ္

တစ္ခြန္းမွမေျပာပါဘူးညီမလဲစိတ္ညစ္တယ္

သူလဲညီမေၾကာင့္နဲ႔ခနခနေျပာ‌ခံေနရတယ္

ညီမလဲစိတ္ညစ္ရတယ္အလုပ္လဲလုပ္မႏိုင္ပါဘူး‌ႏိုင္ရင္ေတာ့ဆင္းပါတယ္

ခုညီမလဲပင္ပန္းပါတယ္ ညီမေယာက်ာ္းကိုမေပါင္းပဲကြားလိုက္ရမလား

သူညီမေၾကာင့္နဲ႔သူ႔ေဒၚေျပာတာလဲညီမေျပာတာလဲခံေနရတာသနားလဲသနားလာပါၿပီ

စိတ္ေတြလဲညစ္ေနပါၿပီ

ဘာေတြဆက္လုပ္ရမလဲအႀကံေလးေပးၾကပါလားရွင္။စာအေရးအသားအမွားပါရင္လဲခြင့္လႊတ္ေပးပါ🥺