ရင်ဖွင့်စာ

မိန်းမသားတို့ရင်ဖွင့်ရာ ရင်ဖွင့်စာ ၄၀၆

ရင်ဖွင့်ချင်လို့ပါမင်မင် အကြံဉာဏ်လေးလည်းပေးပါ

ညီမသူနဲ့ချစ်သူဖြစ်တာ2နှစ်ကျော်ပါပြီ

အရင်ကဆိုရန်ဖြစ်တိုင်းချော့ပါတယ် စာတွေအများကြီးပို့တယ်

ဖုန်းတွေအများကြီးခေါ်ပါတယ်

အခုနောက်ပိုင်းညီမကပြတ်မယ်ပြောပြီးFbရောဖုန်းတွေပါ

blockထားတာတောင်သူကဂိမ်းဆော့မပျက်ပါဘူး

သူနဲ့ညီမhsလည်းရှိပါတယ် ပြသနာကတော့ သူကကျောင်းဆရာပါ

သူ့ကျောင်းက10တန်းကောင်မလေးတွေနဲ့cbမှာအီစီကလီပြောကြပါတယ်

ပြီးရင်သူကပြန်ဖျက်ပါတယ် အဲ့ဒါညီမသိသွားတော့ သူတို့telegramမှာပြောကြပါတယ်

ညီမသူ့ဖုန်းကိုစစ်ကြည့်မှတွေ့တာပါ အဲ့ဒါမျိုးကိုအကြိမ်ကြိမ်ညီမခွင့်လွှတ်ခဲ့ပါတယ်

သူကလည်းနောက်မလုပ်တော့ပါဘူးပြောပေမယ့် မထူးပါဘူးရှင်

ပိုဆိုးတာကအခုသူကသူ့exရဲ့tiktok postတွေအောက်မှာအသည်းပုံတွေလိုက်မန့်ပါတယ်

ညီမကဘာလို့မန့်တာလဲမေးတော့ဒီတိုင်းပါပဲဘာစိတ်မှမရှိပါဘူးတဲ့

ညီမအရမ်းခံစားရတယ် သူ့အပေါ်ဘယ်လောက်ထိချစ်လဲဆိုတာသူအသိဆုံးပါ

ဒါတောင်သူလုပ်ရက်တယ် ညီမသူ့ကိုပြန်လည်းမတွဲချင်တော့ဘူး

ဒါပေမယ့် မပြတ်သားနိုင်ဘူးဖြစ်နေတယ်

ညီမခံစားရတာအလူးအလဲပါပဲ ညီမဘာဆက်လုပ်သင့်လဲအကြံဉာဏ်လေးပေးကြပါနော်
















