ရင်ဖွင့်စာ

မိန်းမသားတို့ရင်ဖွင့်ရာ ရင်ဖွင့်စာ ၄၀၈

အရင်တခါရင်ဖွင့်ဖူးပါတယ်

မိဘသဘောမတူတာရယ်လောင်းကစားလုပ်တယ်ဆိုတာရယ်ကိုလေ

ညီမသူ့ကိုအဆက်သွယ်အကုန်ဖျက်လိုက်ပါပြီ

ဒါမဲ့သူ့ဖုန်းကို bl ထားတော့ခေါ်ထားတာမနည်းဘူး

သူကညီမကိုအရမ်းဂရုစိုက်ပါတယ် သူ့မိသားစုနဲ့ညီမနဲ့ဖြစ်ရင်အမြဲတမ်းညီမဘက်ကပါ

ခုသူကနိုင်ငံခြားထွက်ပြီးကြိုးစားပေးမယ် စောင့်ပေးပါတဲ့

ညီမဘာလုပ်သင့်လဲသူ့ကိုစောင့်သင့်လား

သူ့မိဘသဘောမတူတာကိုသူကြိုးစားတာကိုစောင့်ကြည့်နေသင့်လား

ညီမကပညာတတ်တစ်ယောက်ပါ သူကမိဘကူလုပ်ပေါ့

ဒါမဲ့သူ့မိဘကဘာလို့သဘောမတူလဲ ညီမစဉ်းစားမရဘူး

သူ့မိဘကသူ့အရင်သားသမီးတွေလဲ အဲလိုပါပဲ

သဘောမတူခဲ့ပါဘူး ညီမလဲကျောင်မပြီးသေးပါဘူး

သူ့ကိုအရမ်းသတိရနေတယ်သူဆက်သွယ်နေတာကိုပြန်လက်ခံသင့်လားရှင့်

နောင်တချိန်မာလောင်းကစားပြန်လုပ်မာကိုလဲ ညီမကြောက်နေတယ်

သူကတော့ဘုရားကိုလှုမယ်ပြောပါတယ်

ညီမဝေခွဲမရဖြစ်နေလို့အကြံပေးကြပါအုံးရှင့်















