ရင်ဖွင့်စာ

မိန်းမသားတို့ရင်ဖွင့်ရာ ရင်ဖွင့်စာ ၄၀၉

မင်္ဂလာပါရှင့် ​

မင်မင်မှ gpချစ်သူများအားလုံး

ရင်ဖွင့်ချင်လို့ပါရှင့်

ဘယ်သူ့ကိုမှမပြောပြဖူးလို့ အကြံကောင်းပေးကြပါရန်တောင်းဆိုပါရစေ

သူနဲ့ဆုံခဲ့​ကြတယ်အပြင်မှာမဟုတ်ပါဘူး သူရောကိုယ်ရောကြိုက်ခဲ့ကြတယ်နေ့စဥ်စကားပြောဖြစ်ခဲ့ကြတယ်

​အလုပ်တစ်ဖက်နဲ့ သူနဲ့ပဲအချိန်ကုန်ခဲ့တယ် အားပေးတယ်ဆုံးမပေးတယ်ချစ်ပေးတယ် သူ့ကြောင့်စိတ်ချမ်းသာခဲ့ရပါတယ်

ကြာလာတော့ချစ်မိသွားလို့ ချစ်သူတွေဖြစ်လာတယ် အဲ့မှာ​သေချာမေးကြည့်တာ သူကလူပျိလူလွတ်မဟုတ်ကြောင်းသိခဲ့ရတယ်

သူ့ကိုချစ်မိတာ​ရယ် သူ့အကြောင်းသိရတာနဲ့ အရူးလိုမျိုးခံစားခဲ့ရတယ်

ကိုယ့်ကိုယ်လမ်းပျောက်နေခဲ့တယ် အသိစိတ်ကဆက်မချစ်သင့်ပေမယ့် နှလုံးသားကလက်မခံနိုင်​သေးဘူးမေ့မရဖြစ်ခဲ့တယ်

ချစ်ကြိုက်ကတည်းက အပျော်သဘောမတွေးထားခဲ့တဲ့အတွက် လက်တွဲဖော်လည်းဖြစ်လာမယ်ထိ​တွေးထားခဲ့တာပါ

ခုထိလည်းကိုယ့်အပေါ်ကောင်းနေပါတယ် ဘာကြောင့်ဖောက်ပြန်တာလဲမေးကြည့်တာ ကိုယ့်ကိုယ်ချစ်မိသွားလို့ဖြေပါတယ်

ဘယ်လိုဆက်လုပ်သင့်လဲ အစ်ကိုအစ်မတို့ရယ်

ဆဲတာ ပြောပြတာကလွယ်ပေမယ့် ထိရောက်မယ့်အကြံကောင်းပဲမျှော်လင့်ပါတယ်

ခုတော့ဒီလောက်နဲ့စာကိုအဆုံးသတ်ပါရစေရှင့်

မဂၤလာပါရွင့္ ​

မင္မင္မွ gpခ်စ္သူမ်ားအားလုံး

ရင္ဖြင့္ခ်င္လို႔ပါရွင့္

ဘယ္သူ႔ကိုမွမေျပာျပဖူးလို႔ အႀကံေကာင္းေပးၾကပါရန္ေတာင္းဆိုပါရေစ

သူနဲ႔ဆုံခဲ့​ၾကတယ္အျပင္မွာမဟုတ္ပါဘူး သူေရာကိုယ္ေရာႀကိဳက္ခဲ့ၾကတယ္ေန႔စဥ္စကားေျပာျဖစ္ခဲ့ၾကတယ္

​အလုပ္တစ္ဖက္နဲ႔ သူနဲ႔ပဲအခ်ိန္ကုန္ခဲ့တယ္ အားေပးတယ္ဆုံးမေပးတယ္ခ်စ္ေပးတယ္ သူ႔ေၾကာင့္စိတ္ခ်မ္းသာခဲ့ရပါတယ္

ၾကာလာေတာ့ခ်စ္မိသြားလို႔ ခ်စ္သူေတြျဖစ္လာတယ္ အဲ့မွာ​ေသခ်ာေမးၾကည့္တာ သူကလူပ်ိလူလြတ္မဟုတ္ေၾကာင္းသိခဲ့ရတယ္

သူ႔ကိုခ်စ္မိတာ​ရယ္ သူ႔အေၾကာင္းသိရတာနဲ႔ အ႐ူးလိုမ်ိဳးခံစားခဲ့ရတယ္

ကိုယ့္ကိုယ္လမ္းေပ်ာက္ေနခဲ့တယ္ အသိစိတ္ကဆက္မခ်စ္သင့္ေပမယ့္ ႏွလုံးသားကလက္မခံႏိုင္​ေသးဘူးေမ့မရျဖစ္ခဲ့တယ္

ခ်စ္ႀကိဳက္ကတည္းက အေပ်ာ္သေဘာမေတြးထားခဲ့တဲ့အတြက္ လက္တြဲေဖာ္လည္းျဖစ္လာမယ္ထိ​ေတြးထားခဲ့တာပါ

ခုထိလည္းကိုယ့္အေပၚေကာင္းေနပါတယ္ ဘာေၾကာင့္ေဖာက္ျပန္တာလဲေမးၾကည့္တာ ကိုယ့္ကိုယ္ခ်စ္မိသြားလို႔ေျဖပါတယ္

ဘယ္လိုဆက္လုပ္သင့္လဲ အစ္ကိုအစ္မတို႔ရယ္

ဆဲတာ ေျပာျပတာကလြယ္ေပမယ့္ ထိေရာက္မယ့္အႀကံေကာင္းပဲေမွ်ာ္လင့္ပါတယ္

ခုေတာ့ဒီေလာက္နဲ႔စာကိုအဆုံးသတ္ပါရေစရွင့္