မင်မင်ရေ အကြံလေးတစ်ခုလောက်တောင်းချင်လို့ပါ ညီမဆုံးဖြတ်ချက်ချဖို့အခက်တွေ့နေလို့ပါ
ညီမ အိမ်ထောင်သည်ပါ သားလေးတစ်ယောက်ရှိပါတယ်
ညီမ အမျိုးသားနဲ့မိဘတွေသဘောမတူတဲကြားက လက်ထပ်ခဲ့တာပါ
သူက ချစ်သူဘဝတုန်းက ညီမအပေါ်အရမ်းကောင်းခဲ့တာပါ အရမ်းချစ်ခဲ့တယ်
ဒါပေမယ့် လက်ထပ်ပြီး အခက်ခဲမျိုးစုံနဲ့ရင်ဆိုင်ခဲ့ရပါတယ်
သူအရက်သောက်ပါတယ် ပထမတော့နည်းနည်းပါးပါးပေါ့
သားလေးမွေးpတော့ သူကအရက်ကို နေ့တိုင်းသောက်တယ်
မူးလာရင်ရစ်တယ် ပိုက်ဆံတွေလဲသုံးတော့ အိမ်တွင်းရေးအဆင်မပြေတော့ပါဘူ
ညီမလဲ သားလေးရှေ့ရေးရှိသေးတာကြောင့် နိုင်ငံခြားထွက်အလုပ်လုပ်မယ်ဆိုပြီးမိဘတွေဆီပြန်လာခဲ့ပါတယ်
ညီမ မိဘတွေကလဲ သူနဲ့မပေါင်းတော့ဘူးဆိုရင်
လိုအပ်တဲ့ ပိုက်ဆံထုတ်ပေးမယ်ပြောတယ်
သူကပြန်လာခဲ့ဖို့ညီမကိုတောင်းပန်တယ် နောက်မလုပ်တော့ဘူးလို့ ကတိပေးပါတယ်
ညီမ သူကိြုပန်ယုံကြည်ပေးသင့်လား
ညီမမိဘတွေကလဲသူကိုခါးခါးသီးသီးပါပဲ
သားလေးလဲရှိသေးတော့ ညီမဘာဆက်လုပ်ရမလဲ ဆုံးဖြတ်ရခက်နေလို့ပါ
နိုင်ငြံခားသွားဖို့ကလဲသင်တန်းတတ်ရတော့မှာမလို့ပါ ညီမကို ပြောပေးကြပါနော်
ညီမဘဝအတွက် အရေးကြီးတဲ့ ဆုံးဖြတ်ချက်ချမယ့်အချိန်မို့ပါ မင်မင်ရေ
မင္မင္ေရ အႀကံေလးတစ္ခုေလာက္ေတာင္းခ်င္လို႔ပါ ညီမဆုံးျဖတ္ခ်က္ခ်ဖို႔အခက္ေတြ႕ေနလို႔ပါ
ညီမ အိမ္ေထာင္သည္ပါ သားေလးတစ္ေယာက္ရွိပါတယ္
ညီမ အမ်ိဳးသားနဲ႔မိဘေတြသေဘာမတူတဲၾကားက လက္ထပ္ခဲ့တာပါ
သူက ခ်စ္သူဘဝတုန္းက ညီမအေပၚအရမ္းေကာင္းခဲ့တာပါ အရမ္းခ်စ္ခဲ့တယ္
ဒါေပမယ့္ လက္ထပ္ၿပီး အခက္ခဲမ်ိဳးစုံနဲ႔ရင္ဆိုင္ခဲ့ရပါတယ္
သူအရက္ေသာက္ပါတယ္ ပထမေတာ့နည္းနည္းပါးပါးေပါ့
သားေလးေမြးpေတာ့ သူကအရက္ကို ေန႔တိုင္းေသာက္တယ္
မူးလာရင္ရစ္တယ္ ပိုက္ဆံေတြလဲသုံးေတာ့ အိမ္တြင္းေရးအဆင္မေျပေတာ့ပါဘူ
ညီမလဲ သားေလးေရွ႕ေရးရွိေသးတာေၾကာင့္ ႏိုင္ငံျခားထြက္အလုပ္လုပ္မယ္ဆိုျပီးမိဘေတြဆီျပန္လာခဲ့ပါတယ္
ညီမ မိဘေတြကလဲ သူနဲ႔မေပါင္းေတာ့ဘူးဆိုရင္
လိုအပ္တဲ့ ပိုက္ဆံထုတ္ေပးမယ္ေျပာတယ္
သူကျပန္လာခဲ့ဖို႔ညီမကိုေတာင္းပန္တယ္ ေနာက္မလုပ္ေတာ့ဘူးလို႔ ကတိေပးပါတယ္
ညီမ သူကိျုပန္ယုံၾကည္ေပးသင့္လား
ညီမမိဘေတြကလဲသူကိုခါးခါးသီးသီးပါပဲ
သားေလးလဲရွိေသးေတာ့ ညီမဘာဆက္လုပ္ရမလဲ ဆုံးျဖတ္ရခက္ေနလို႔ပါ
ႏိုင္ၿငံခားသြားဖို႔ကလဲသင္တန္းတတ္ရေတာ့မွာမလို႔ပါ ညီမကို ေျပာေပးၾကပါေနာ္
ညီမဘဝအတြက္ အေရးႀကီးတဲ့ ဆုံးျဖတ္ခ်က္ခ်မယ့္အခ်ိန္မို႔ပါ မင္မင္ေရ