ကျမ မှာဆယ်နှစ်ကျော်တွဲခဲ့တဲ့သူရှိပါတယ် မိဘချင်းလဲသဘောတူထားကျတယ်
အနေဝေးတော့သွေးအေးတယ်ဘဲဆိုရမလား
တလ တခါတောင်မတွေ့ဖစ်ကြဘဲphနဲ့ပြောတာဘဲများပါတယ်
သူက ကျမကိုအရမ်းချစ်ပါတယ် ၁၀လုံးလုံးတခြားတယောက်ကိုစိတ်ကစားတာမျိုးတောင်မရှိခဲ့တဲ့သူပါ
အစစအရာရာကျမကိုအလိုလိုက်ပီးအပြစ်မမြင်တဲ့သူပါ
ဒါမယ့်သူက သူ့အချစ်ကိုထုတ်မပြတတ်ဘူး ဂရုစိုက်မပြတတ်ဘူး
တခါတလေတွေ့လို့လမ်းလျှောက်ရင်တောင် လက်တွဲမထားတတ်ဘူး
ကျမကိုတွေ့ချင်တယ်လို့လဲမပြောဘူး ကျမဘက်ကတွေ့ဖို့အဆင်မပြေဘူးထင်လို့ မပြောတာလို့ဘဲထင်ပါတယ်
နေ့စဥ် ကျမဖစ်တဲ့အကြောင်းရာတေကိုအရင်ကပြောပြမိပါတယ်
ဒါမယ့်သူကစိတ်ပူလို့ဘဲလားတော့မသိဘူး
နှစ်သိမ့်တဲ့စကားလုံးတေထက် အပြစ်တင်တဲ့စကားတေဘဲဲပြောတော့ ကျမအနေနဲ့ နားလည်ပေးရမယ်ဆိုတာသိပေမယ့်
တကယ်တမ်းကျတော့ကျမစိတ်ထဲမှာအဆင်မပြေဘူး
အာ့တော့ကျမဖစ်သမျှကိုမပြောပြဖစ်တော့ဘူး phပြောရင်လဲသူ့ဘက်ကစကားအစမပြောတော့ကျမကဘဲအကြောင်းအရာတေရှာပီးပြောခဲ့ပါတယ်
နောက်တော့ကျမဘက်ကပြောစရာမရှိတော့တဲ့အခါ ကျမ ကပြောင်းလဲတဲ့သူဖစ်သွားပါတယ်
ပီးခဲ့တဲ့တစ်လကကျမရဲ့ငယ်သူငယ်ချင်းကောင်လေးတယောက်နဲ့ပြန်တွေ့ပါတယ်
သူက ကျမရဲ့ချစ်သူနဲ့အရာရာမှာဆန့်ကျင်ဘက်ပါ ကျမကိုအရမ်းဂရုစိုက်ပီးကြင်နာပါတယ်
ကျမနဲ့လဲလက်တွဲချင်တဲ့အကြောင်းခနခနပြောပါတယ်
အာ့တော့ကျမလဲသူ့ရဲ့ဂရုစိုက်မှုအောက်မှာသာယာခဲ့ပါတယ် သူ့ကိုလဲချစ်မိခဲ့ပါတယ်
ကျမရဲ့အရင်ချစ်သူက ကျမနဲ့လက်ထပ်ဖို့အကြောင်းမပြောဖူးပေမယ့် လက်ထပ်ဖို့ငွေစုနေခဲ့တယ်ဆိုတာသူငယ်ချင်းတေပြောလို့သိခဲ့ရပါတယ်
ကျမရဲ့မိဘဆွေမျိုးအပေါင်းသင်းသူငယ်ချင်းတေအားလုံးရှေ့မှာကျမကချစ်သူကိုသစ်စာဖောက်ပီးအရမ်းနားလည်ပေးတဲ့သူကိုအပစ်လုပ်မိခဲ့တယ်လို့ပြောကြပါတယ်
အာ့စကားတွေကိုကျမရဲ့အမေကလဲပြောတဲ့အတွက် ကျမဝေခွဲမရဖစ်ရပါတယ်
အရာရာကိုကျောခိုင်းပီးဘာကိုမှဂရုမစိုက်ဘဲအခုလက်ရှိချစ်သူနဲ့ဘဲလက်တွဲသင့်လား
ကျမရဲ့ပတ်ဝန်းကျင်ကအားလုံးသဘောကျတဲ့အရင်ချစ်သူနဲ့ဘဲပြန်လက်တွဲသင့်လား
နှစ်ယောက်လုံးကိုဘဲလက်လွှတ်လိုက်သင့်လား
ကျမနောက်မှရတဲ့နောင်တတွေကိုအရမ်းကြောက်တဲ့အတွက် ကျမလဲဘာဆက်လုပ်ရမှန်းတကယ်မသိတဲ့အတွက်ကူညီပီးအကြံပေးကြပါရှင့်
က်မ မွာဆယ္ႏွစ္ေက်ာ္တြဲခဲ့တဲ့သူရွိပါတယ္ မိဘခ်င္းလဲသေဘာတူထားက်တယ္
အေနေဝးေတာ့ေသြးေအးတယ္ဘဲဆိုရမလား
တလ တခါေတာင္မေတြ႕ဖစ္ၾကဘဲphနဲ႔ေျပာတာဘဲမ်ားပါတယ္
သူက က်မကိုအရမ္းခ်စ္ပါတယ္ ၁၀လုံးလုံးတျခားတေယာက္ကိုစိတ္ကစားတာမ်ိဳးေတာင္မရွိခဲ့တဲ့သူပါ
အစစအရာရာက်မကိုအလိုလိုက္ပီးအျပစ္မျမင္တဲ့သူပါ
ဒါမယ့္သူက သူ႔အခ်စ္ကိုထုတ္မျပတတ္ဘူး ဂ႐ုစိုက္မျပတတ္ဘူး
တခါတေလေတြ႕လို႔လမ္းေလွ်ာက္ရင္ေတာင္ လက္တြဲမထားတတ္ဘူး
က်မကိုေတြ႕ခ်င္တယ္လို႔လဲမေျပာဘူး က်မဘက္ကေတြ႕ဖို႔အဆင္မေျပဘူးထင္လို႔ မေျပာတာလို႔ဘဲထင္ပါတယ္
ေန႔စဥ္ က်မဖစ္တဲ့အေၾကာင္းရာေတကိုအရင္ကေျပာျပမိပါတယ္
ဒါမယ့္သူကစိတ္ပူလို႔ဘဲလားေတာ့မသိဘူး
ႏွစ္သိမ့္တဲ့စကားလုံးေတထက္ အျပစ္တင္တဲ့စကားေတဘဲဲေျပာေတာ့ က်မအေနနဲ႔ နားလည္ေပးရမယ္ဆိုတာသိေပမယ့္
တကယ္တမ္းက်ေတာ့က်မစိတ္ထဲမွာအဆင္မေျပဘူး
အာ့ေတာ့က်မဖစ္သမွ်ကိုမေျပာျပဖစ္ေတာ့ဘူး phေျပာရင္လဲသူ႔ဘက္ကစကားအစမေျပာေတာ့က်မကဘဲအေၾကာင္းအရာေတရွာပီးေျပာခဲ့ပါတယ္
ေနာက္ေတာ့က်မဘက္ကေျပာစရာမရွိေတာ့တဲ့အခါ က်မ ကေျပာင္းလဲတဲ့သူဖစ္သြားပါတယ္
ပီးခဲ့တဲ့တစ္လကက်မရဲ႕ငယ္သူငယ္ခ်င္းေကာင္ေလးတေယာက္နဲ႔ျပန္ေတြ႕ပါတယ္
သူက က်မရဲ႕ခ်စ္သူနဲ႔အရာရာမွာဆန္႔က်င္ဘက္ပါ က်မကိုအရမ္းဂ႐ုစိုက္ပီးၾကင္နာပါတယ္
က်မနဲ႔လဲလက္တြဲခ်င္တဲ့အေၾကာင္းခနခနေျပာပါတယ္
အာ့ေတာ့က်မလဲသူ႔ရဲ႕ဂ႐ုစိုက္မႈေအာက္မွာသာယာခဲ့ပါတယ္ သူ႔ကိုလဲခ်စ္မိခဲ့ပါတယ္
က်မရဲ႕အရင္ခ်စ္သူက က်မနဲ႔လက္ထပ္ဖို႔အေၾကာင္းမေျပာဖူးေပမယ့္ လက္ထပ္ဖို႔ေငြစုေနခဲ့တယ္ဆိုတာသူငယ္ခ်င္းေတေျပာလို႔သိခဲ့ရပါတယ္
က်မရဲ႕မိဘေဆြမ်ိဳးအေပါင္းသင္းသူငယ္ခ်င္းေတအားလုံးေရွ႕မွာက်မကခ်စ္သူကိုသစ္စာေဖာက္ပီးအရမ္းနားလည္ေပးတဲ့သူကိုအပစ္လုပ္မိခဲ့တယ္လို႔ေျပာၾကပါတယ္
အာ့စကားေတြကိုက်မရဲ႕အေမကလဲေျပာတဲ့အတြက္ က်မေဝခြဲမရဖစ္ရပါတယ္
အရာရာကိုေက်ာခိုင္းပီးဘာကိုမွဂ႐ုမစိုက္ဘဲအခုလက္ရွိခ်စ္သူနဲ႔ဘဲလက္တြဲသင့္လား
က်မရဲ႕ပတ္ဝန္းက်င္ကအားလုံးသေဘာက်တဲ့အရင္ခ်စ္သူနဲ႔ဘဲျပန္လက္တြဲသင့္လား
ႏွစ္ေယာက္လုံးကိုဘဲလက္လႊတ္လိုက္သင့္လား
က်မေနာက္မွရတဲ့ေနာင္တေတြကိုအရမ္းေၾကာက္တဲ့အတြက္ က်မလဲဘာဆက္လုပ္ရမွန္းတကယ္မသိတဲ့အတြက္ကူညီပီးအႀကံေပးၾကပါရွင့္