ကျွန်မ စိတ်တွေ အရမ်းညစ်ပီး ဝေခွဲမရ ဖြစ်နေလို့ပါရှင့် ငွေကြေးမတက်နိုင်လို့ အခမဲ့ တင်ပေးပါရှင့်။
ကျွန်မမှာ အရမ်းချစ်ရတဲ့ သူရှိခဲ့ပါတယ် သုံးနှစ်ကျော် တွဲခဲ့တာပါ
သူက အဝေးမှာပါ LDRSပေါ့
သုံးနှစ်ကျော် ကာလအတွင်းးကျွန်မ အပေါ် အရမ်းအနိုင်ယူပါတယ်
ကျွန်မ အသက်ထက် ချစ်ခဲ့လို့ သူဆိုးသမျှသီးခံပါတယ်
စိတ်မဆိုးဖူးဘူး သူငယ်ချင်းတွေ အားလုံးကလည်းသူ့ကို အရမ်းမုန်းကြတယ်
ကျွန်မအပေါ်အနိုင်ယူလို့ ကျွန်မကို ဖြက်ခိုင်းတယ် မဖြက်နိုင်ခဲ့ဘူးး
2021ဒီဇင်ဘာ လမှာ သူအသစ်ရလို့ ကျွန်မကို ဖြက်ခဲ့တယ် 2လကြာတယ် ပျက်သွားတယ်
ကျွန်မ သေမလောက်ခံစားရတယ် အရူးတပိုင်းပေါ့ 2လပြည့်တော့ ပြန်ဆတ်သွယ်တယ် ကျွန်မ ချက်ချင်းလက်ခံခဲ့တယ်
သူ့အိဘ အသိုင်းအဝိုင်း မောင်နှမတွေ အကုန် ကျွန်မနဲ့ သဘောတူကြတယ်
ကျွန်မ ပြန်လာဖို့ ပြောတယ် သူမပြန်လာတော့ဘူးတဲ့
နင် ကြိုက်ရာရွေးတဲ့ ငါ့ကိုမမျှော်လင့်နဲ့တဲ့ အဲ့လိုပြောပီးး2022၊10လပိုင်းအကုန်မှာ ကျွန်မကို blockပီးနောက်ကောင်မလေးးအသစ်ထားတယ်
ကျွန်မ မရှက်တန်းဝန်ခံပါတယ် သူ့ကိုရော ဟိုကောင်မလေးကိုရော အတင်းလိုက်တောင်းပန်ခဲ့တယ်
သူတို့ ရှေ့ပိုဆတ်ကြတယ် သူ့မိဘ မောင်နှမတွေတိုင်လိုက်တယ် သူ့မိဘတွေက ကျွန်မကလွဲပီးးသဘောမတူဘူးပြောတော့ သူ့မိဘတွေကို အဆတ်သွယ် ဖြက်ထားတယ်
ကျွန်မ သူနဲ့အဆတ်သွယ် ပျက်နေချိန် ကျွန်မအပေါ် အရမ်းသီးခံပီးး နားလည်မှု့ ပေးတဲ့သူနဲ့ တွေ့ခဲ့တယ်
လိုင်းပေါ်ကပဲ သူနဲ့မတွေ့ဖူးသေးပါဘူး သူပိုက်ဆံမရှိဘူး
ကျွန်မ စိတ်ညစ်နေတာတွေ စိတ်ပြေပျောက်အောင် လုပ်ပေးနိုင်တယ်။
သူနဲ့အဆင် ပြေနေပီးမှ ပထမ လူက ပြန်ပေါ်လာတယ် ဟိုကောင်မကို မချစ်တော့လို့ပါတဲ့
သူအခု့မှ တကယ်ချစ်မှန်းးသိလာပါတယ်တဲ့ ကျွန်မ လက်မခံခဲ့ဘူးး
ဒါပေမယ့် သူရဲ့တဇွက်ထိုးးစိတ်ကြောင့် မိဘ ပက်ဝန်းကျင် အကုန်လိုက်တောင်းပန်တယ်
10ရက်လောက် အရူးတစ်ယောက်လို ဖြစ်နေတယ် ကျွန်မကို ဖုန်းတွေဆတ် ဒူးတွေထောက်ငိုယိုပီး သူ့မိဘတွေ သူပက်ဝန်းကျင်က လူတွေက ပြန်လက်ခံဖို့ တောင်းဆိုတယ်
ကျွန်မစိတ်ကြိုက်နေပေးမယ် အဆုံးရှုံးးမခံနိုင်ဘူးတဲ့
အမျိုးမျိုးဆတ်သွယ်တယ် လက်ခံမယ်ဆို လူကြီးစုံရာနဲ့ လာတောင်းမယ်တဲ့
သူ့ အရူးကြီးလို အကုန်လိုက်တောင်းပန်တယ် ကျွန်မကိုမရရင် သေမယ့်ပုံ ဒုတိယကောင်လေးက သူ့အကြောင်းလည်းသေချာမသိသေးပါဘူး
ဒါပေမယ့် တည်ငြိမ်တယ် ကြိုက်သလို ဆုံးဖြက်ပါတဲ့
ကျွန်မ ပျက်သားသင့်ပီ ထင်တယ် ဘယ်သူ့ကို ရွေးချယ်ရမလဲ
ဒုတိယလူကို ချစ်တယ် ဒါပေမယ့် ရွေးချယ်မှု့မှားပီးးထားခဲ့မှာ ကြောက်တယ်
အပြင်မှာ မတွေ့ဖူးသေးတော့ ပထမ လူက ကျွန်မထားခဲ့ရင် သူ့ဘဝ စုက်ပျက်သက်နေပါပီတဲ့
ဘာကိုရွေးချယ်သင့်လဲ အကြံဉာဏ်လေးပေးပါ
ကျွန်မ ငွေမမက်ပါဘူး ပထမလူက လက်ခံမယ်ဆို ငွေ စုထားတာတွေနဲ့ လာတောင်းမယ်ပြောနေပါတယ်
စာရှည်သွားရင်ခွင့်လွှတ်ပါရှင့် အကြံဉာဏ်လေးးပေးကြပါအုံး ဘယ်သူ့ကိုယ် ရွေးချယ်သင့်ပါသလဲ