ညီမ ဘာလုပ်ရမလဲမသိလို့ရင်ဖွင့်မိတာပါ ကိုယ်မှားတာလဲကိုယ်သိပါတယ်
ညီမမှာအရင်ကရည်းစားရှိဖူးပါတယ်
အဲ့ရည်းစားနဲ့နောက်ပိုင်း ရန်ခနခနဖြစ်ရင်းကနေ ကွဲတဲ့ဆီရောက်သွားပါတယ်
အဲ့နောက်ပိုင်းအီစီကလီတွေအများကြီးထားပါတယ်
အပြင်မှာတော့မတွေ့ပါဘူး အခုကိုယ်တကယ်ချစ်ရတဲ့သူကိုမတွေ့ခင်အထိပေါ့
ကိုယ်တကယ်ချစ်တဲ့သူကိုတွေ့တော့လည်းကံမကောင်းပြန်ပါဘူး
သူကအိမ်ထောင်သည်ဖြစ်နေခဲ့ပါတယ် စစတွဲချင်းကတော့ သူညာခဲ့တာပါ
နောက်ပိုင်းသူဝန်ခံခဲ့ပါတယ် ညီမဘက်က စစသိချင်းတော့ ပျက်မယ်ဆိုပြီးစိတ်ဆုံးဖြတ်ခဲ့ပြီးသားပါ
ဒါမယ့် သူလာတွေ့ရင်သွားမတွေ့ဘဲ မနေနိုင်ပြန်ဘူး
နှစ်ယောက်လုံးက နောက်ဆုတ်လိုက် လွမ်းရင်တွေ့လိုက်ဖြစ်နေပါတယ်
ဘယ်လိုစိတ်ကိုလုံးလုံးဖြတ်ချရမလဲမသိအောင်ခက်ခဲလွန်းပါတယ်
တစ်ဖက်မိန်းကလေးကိုမစာနာတက်ဘူးလားလို့မေးရင်
ညီမအရင်ကဆို အခြားသူပိုင်ဆိုင်ပြီးသားလူမပြောနဲ့ အခြားသူအရမ်းကြိုက်နေရင်တောင် အဲ့လူကိုရှောင်တဲ့အမျိုးပါ
အခုလိုရင်လာဖွင့်ရတာလဲ တစ်ယောက်တည်း လွမ်းလိုက်နေနိုင်အောင်နေလိုက်
သူလာတွေ့ရင်လည်း မငြင်းဆန်ဘဲသွားတွေ့မိလိုက်ဖြစ်နေလို့ အကြံဉာဏ်လေးလိုချင်လို့ပါ
ညီမတို့က တစ်ခါတလေ အလုပ်ကပွဲတွေဘာတွေရှိရင်လည်း တစ်ခါတလေ တွေ့ရတယ်
သူနဲ့အဆက်အသွယ် မလုပ်မိအောင်နေရင်းကနေ
အဲ့လိုတစ်ခါတလေ ပြန်တွေ့ပြန်ရင် ပြန်ဆက်သွယ်မိ ပြန်တွေ့မိ ဖြစ်နေပြန်လို့ပါ
ညီမ ဘာလုပ္ရမလဲမသိလို႔ရင္ဖြင့္မိတာပါ ကိုယ္မွားတာလဲကိုယ္သိပါတယ္
ညီမမွာအရင္ကရည္းစားရွိဖူးပါတယ္
အဲ့ရည္းစားနဲ႔ေနာက္ပိုင္း ရန္ခနခနျဖစ္ရင္းကေန ကြဲတဲ့ဆီေရာက္သြားပါတယ္
အဲ့ေနာက္ပိုင္းအီစီကလီေတြအမ်ားႀကီးထားပါတယ္
အျပင္မွာေတာ့မေတြ႕ပါဘူး အခုကိုယ္တကယ္ခ်စ္ရတဲ့သူကိုမေတြ႕ခင္အထိေပါ့
ကိုယ္တကယ္ခ်စ္တဲ့သူကိုေတြ႕ေတာ့လည္းကံမေကာင္းျပန္ပါဘူး
သူကအိမ္ေထာင္သည္ျဖစ္ေနခဲ့ပါတယ္ စစတြဲခ်င္းကေတာ့ သူညာခဲ့တာပါ
ေနာက္ပိုင္းသူဝန္ခံခဲ့ပါတယ္ ညီမဘက္က စစသိခ်င္းေတာ့ ပ်က္မယ္ဆိုၿပီးစိတ္ဆုံးျဖတ္ခဲ့ၿပီးသားပါ
ဒါမယ့္ သူလာေတြ႕ရင္သြားမေတြ႕ဘဲ မေနႏိုင္ျပန္ဘူး
ႏွစ္ေယာက္လုံးက ေနာက္ဆုတ္လိုက္ လြမ္းရင္ေတြ႕လိုက္ျဖစ္ေနပါတယ္
ဘယ္လိုစိတ္ကိုလုံးလုံးျဖတ္ခ်ရမလဲမသိေအာင္ခက္ခဲလြန္းပါတယ္
တစ္ဖက္မိန္းကေလးကိုမစာနာတက္ဘူးလားလို႔ေမးရင္
ညီမအရင္ကဆို အျခားသူပိုင္ဆိုင္ၿပီးသားလူမေျပာနဲ႔ အျခားသူအရမ္းႀကိဳက္ေနရင္ေတာင္ အဲ့လူကိုေရွာင္တဲ့အမ်ိဳးပါ
အခုလိုရင္လာဖြင့္ရတာလဲ တစ္ေယာက္တည္း လြမ္းလိုက္ေနႏိုင္ေအာင္ေနလိုက္
သူလာေတြ႕ရင္လည္း မျငင္းဆန္ဘဲသြားေတြ႕မိလိုက္ျဖစ္ေနလို႔ အႀကံဉာဏ္ေလးလိုခ်င္လို႔ပါ
ညီမတို႔က တစ္ခါတေလ အလုပ္ကပြဲေတြဘာေတြရွိရင္လည္း တစ္ခါတေလ ေတြ႕ရတယ္
သူနဲ႔အဆက္အသြယ္ မလုပ္မိေအာင္ေနရင္းကေန
အဲ့လိုတစ္ခါတေလ ျပန္ေတြ႕ျပန္ရင္ ျပန္ဆက္သြယ္မိ ျပန္ေတြ႕မိ ျဖစ္ေနျပန္လို႔ပါ