ညီမအခုအခတ်ခဲနဲ့ရင်ဆိုင်နေရပါတယ်
ဘယ်သူ့ကိုမှလည်းရင်မဖွင့်ခဲ့ဖူးဘူး အမှားပါသွားရင် ခွင့်လွှတ်ပေးကြပါရှင်….
ညီမကအပျိုလေးတယောက်ပါ သူ့ကိုလည်းလူပျိုလို့ပဲထင်ပီးပြန်ကြိုက်မိတာ….
နောက်ကျမမေးကြည့်တော့သူကအိမ်ထောင်ကွဲတယောက်ဆိုတာသိခဲ့ရပါတယ်……..
အစကသူ့ကိုလူပျိုထင်ပီးအိမ်နဲ့မိတ်ဆက်ပေးထားပါတယ်
သူနဲ့အပျော်မဟုတ်ဘဲ ယူဖို့ထိဆုံးဖြတ်ထားပါတယ်….
သူ့မှာခလေးရှိတာတော့ အိမ်ကမသိသေးပါဘူး….
ညီမမှာသူ့မှာအဲ့လိုသူ့မှာအရင်အိမ်ထောင်နဲ့ရတဲ့ခလေးတယောက်ရှိပါတယ်
အနှောင်အဖွဲ့တေရှိနေတယ်ဆိုတဲ့နေ့ကဆိုလုံးဝကိုအရူးတယောက်လိုပါပဲ…
ရူးမတတ်ခံစားခဲ့ရပါတယ်…သူကလည်းညီမကိုအဲ့တုန်းကငိုပီးတောင်းပန်ပါတယ်…
ညီမရယ်အကို့ကိုမထားခဲ့ပါနဲ့ ငိုပီးတောင်းပန်တော့ညီမလည်းအဲ့ဒါတေကိုနားလည်ပေးခဲ့ပါတယ်….
ညီမရှေ့ဆက်သင့်လား နောက်ဆုတ်သင့်လားအကြံလေးတေပေးကြပါရှင်
ဆဲဆိုပီးပြောတာလေးထက် ကောင်းမဲ့အကြံလေးပေးပါရှင် …..ကျေးဇူးတင်ပါတယ်ရှင်….