တင်သင့် မတင်သင့် အများကြီးစဉ်းစားပီးမှတင်ခဲ့တာပါ
ကျမအမျိုးသားနဲ့ ၂၀၀၈ မှာတွေ့ပီး ၂၀၀၉မှာမင်္ဂလာဆောင်ခဲ့ပါတယ်
ကိုယ်ထူကိုယ်ထ ရှိတဲ့ ငွေလေးနဲ့ လုပ်ခဲ့ရတာပါ နောက်ပိုင်းကျမ အလုပ်နဲ့ ကလေးပေါက်စလေးနဲ့ နေပြည်တော်ပြောင်းခဲ့ပါတယ်
ဒုက္ခမျိုးစုံပါပဲသူကတော့ မန်းလေးမှာပွေရှုပ်နေတာပေါ့
ဒါတေလဲနောက်မှသိခဲ့တာတေပါ ကြားထဲမှာ လိင်ကျွန်တယောက်လို အိမ်ဖေါ်တယောက်လို ဆက်ဆံခဲ့တာတေအများကြီးပါ
ကျမသီးခံခဲ့တယ် ကျမကလဲ ၁လ သမီးကတဲက အဖေ အမေကွဲထားလို့ ကျမအနေနဲ့ဘယ်မိသားစုမှမဖျက်စီးဘူးလို့ ခံယူထားသူပါ
ကျမ ခုဆောက်တည်ခဲ့တဲ့ မိသားစုကိုလဲ ပြိုကွဲမှာစိုးပီးကလေး၂ယောက်ရလို့ ခုချိန်ထိ သီးခံခဲ့တယ်
သမီးလေးမွေးပီးငြိမ်သွားပီလို့လဲယုံကြည်ခဲ့တယ်
ဒါကသူအတွက်အခွင့်ကောင်းဖြစ်သွားမှန်းမသိခဲ့ဘူး ခု သူဆုံးသွားပါ ပီ
ရုတ်တရက်နှလုံးရပ်သွားတာပါ
သူဆုံးမှ လားရှိုးမှာ နောက်တယောက်ရှိတယ် ဆိုတာသိခဲ့ရတယ်
cb မှာပုံတေအပြန်အလှန်ပို့ထားတာတေများကျမအိမ်ထောင်သည်တောင် မမြင်ရက်စရာပါ
ဒါကြောင့်လဲအကောင်ကပါသွားတာနေမှာ
လုပ်တဲ့ အလုပ်က နာမည်ကြီးဆုံး အင်္ဂလိပ်ကျောင်းကဆရာမ တဲ့
ခုတော့ ကလေးတေအိမ်မှာစာလိုက်သင်ပေးနေတာဝင်ငွေအနေနဲ့လဲ တလ ၁၀သိန်းလောက်ဝင်နေတာကို သူများဟ ာဘာလို့လိုချင်ရတာလဲ
ခုကျမတို့ မိသားစုတွေသေကွဲ ကွဲခဲ့ရပီ
ယောင်္ကျားသေသွားပီဆိုပီးဘာလို့ ပြောနေလဲလို့ ပြောကြမှာပဲနော်
ကျမရင်တေနာလွန်းလို့ရင်ဖွင့်တာပါ
နောက်ပီး ညီမလေးတွေ တူမလေးလေးတွေကိုလဲ ဒီကနေ အနူးညွတ်တောင်းပန်ပါတယ်ရှင်
ကိုယ်ချစ်မိသွားသူက အိမ်ထောင်နဲ့လား လူလွတ်လားစုံစမ်းကြည့်စေချင်ပါတယ်
ဒါလဲတဖက်သတ်ပြောတာမဟုတ်ပါဘူး အမျိုးသားတွေဘက်ကလဲ ကိုယ်ချစ်လို့ ယူထားတဲ့ မိန်းမအပေါ် အဆုံးထိချစ်ပေးကြပါ
သားသမီးတေအပေါ်လဲ ငဲ့ညှာပီးလိမ်လည်မပြောကြပါနဲ့လို့
ခုဆို ကျမ ကလေး၂ယောက်နဲ့ကျန်ခဲ့ပါတယ် အဲ့ကလေးမကလဲ ဆက်သွယ်လာပါတယ်
ကျမမိန်းမချင်းကိုယ်ချင်းစာပါတယ် သူဆုံးသွားပီဆိုတာပြောပြဖို့ပါ
ဒါပေမယ် နာရေးကိစ္စမပီးခင်မပြာချင်တာပါ သူလိုက်လာရင် ကျမကလေးတေမျက်နှာငယ် အရှက်ရမှာစိုးလို့ မပြောတာပါ
ကျေးဇူးပြုပီးစာလေးတင်ပေးစေချင်ပါတယ်
စာတွေမဆီလျှော်ခဲ့ရင်လဲတောင်းပန်ပါတယ်ရှင့် စာရိုက်ရင်းလက်တွေတုန်နေလို့ပါရှင်