ညီမလေး ကတော့အသက်၂၁ပါ ဗျာ
သိပ်မကြာသေးခင်က လိုင်းပေါ်မှာ ကိုကြီး တယောက်နဲ့ ခင်ခဲ့ပါတယ်
သူက အရမ်းစိတ်သဘောထားပြည့်ဝတယ်
ညီမလေး ကိုလဲ ညီမလေး တယောက်လို အရမ်းဂရုတစိုက် ရှိတယ်
ညီမလေး ကျောင်းတုန်းကရော ရည်းစားထားခဲ့ဘူးပါတယ်
ဒါပေမယ့် တည်တံ့မှုမရှိခဲ့သလို စိတ်ကစားတယ်လို့ပဲပြောရမလားပေါ့နော်
အခု လိုင်းပေါ်ကအကိုကတော့ ညီမလေး ကို ညီမလေး တယောက်လိုဆိုပေမယ့် ညီမလေး ဘက်ကရော အရောင်တွေဆိုးနေမိတယ်ဗျာ
သူမှာကောင်မလေးရှိပါတယ်
ညီမလေး သိပါတယ် အစကတည်းက
ဒါပေမယ့် ညီမလေး သူ့ကိုမေးလိုက်တယ် ကိုယ်လျစ်တဲ့သူကိုဖွင့်ပြောလို့ရလားလို့ ယျောက်ကျား မိန်းမ သတ်မှတ်ချက်ဘေးဖယ်ပီး
သူကပြောပါတယ်
ကိုယ်ချစ်သူကို ဖွင့်မပြောတာလောက်မိုက်တာမရှိပါဘူးတဲ့
သူ့စကားတေကြောင့် ညီမလေး သူ့ကိုဖွင့်ပြောလိုက်ပါတယ်
ဒါပေမယ့် သူက ကောင်မလေး နဲ့လေ သစ္စာစောင်သြိရမယ်တဲ့
ညီမလေး ကိုလဲ ညီမလေး တယောက်လို အရမ်ချစ်ပါတယ်တဲ့
အခုလဲခေါ်ခေါ်ပြောပြောရှိပါတယ်
သူကပြောသေးတယ် စိတ်ကစားတာတဲ့ တနေ့နေ့ရင်ကျက်လာတဲ့အခါ လေးစားမှုနဲ့ ချစ်ခြင်းကိုကွဲကွဲပြားပြားသိရမယ်တဲ့
ညီမလေး နဲ့သူက ၁၅နှစ်လောက်ကွာပါတယ်
သူက အရမ်းစိတ်သဘောပြည့်ဝသူပါ
သူ့လိုလူမျိုး တစ်ခါမှမတွေ့ဘူးခဲ့ဘူ
ညီမလေး ဘာဆက်လုပ်ရမလဲမသိတော့ပါဘူး
ချစ်ရသူကိုပိုင်ဆိုင်ချင်တဲ့အတ္တတွေ ရှိနေလို့ပါ
မဖြစ်နိုင်ပေမယ့် ဆက်ချစ်နေပါ့မယ် ဘာဆက်လုပ်သင့်လဲ အကြံလေးပေးပါအုံးဗျာ
သူကပြောပါတယ်