အမရေ ရင်ဖွင့်စာလေးမို့ အခမဲ့တင်ပေးပါနော်
ညီမကောင်းလေးနက်က တွဲလာတာ 1နှစ်11လရှိပါပီ
ညီမတို့က LDRS တေပါ တစ်နှစ်ကျော်တဲ့ထိ သူညီမကို အရမ်းချစ်ပြခဲ့တယ်
ညီမကြောင့်သူ့မာအမြဲငိုရပီး သူ့အပေါ်ဆိုးခဲ့တာတေလဲရှိပါတယ်
ညီမသတိမထားမိခဲ့တာက သူကညီမအပေါ် အာ့တာတေကို အညိုးထားနေခဲ့တာ
သူကအရမ်းကောင်းခဲ့တဲ့သူမို့ သူ့ကိုမမုန်းရက်ဘူးဖစ်နေတယ်
ညီမက အတ္တကြီးတဲ့သူပါ သူ့အပေါ်လဲ အရမ်းချုပ်ချယ်ခဲ့တယ်
1နှစ်4လမာ သူနောက်တစ်ယောက်နက်တွဲခဲ့တာကို သူတို့8လပြည့်မှ သိခဲ့ရတယ်
အာ့ကြားထဲမာ သူနက်အနေနီးတဲ့ သူနက်လဲ 1လလောက်တွဲခဲ့သေးတယ်တဲ့
အာ့လိုမျိုးလုပ်နေတာ ညီမက သူ့ကိုနားမလည်ပေးလို့တဲ့
အပျော်ရှာတယ်တဲ့ ညီမကိုလာတွေ့တဲ့အချိန်မာလဲ ညီမကိုနေ့ဘက်တွေ့ပီး8လကြာတဲ့သူကိုလဲ ညဘက်သွားတွေ့တယ်
အာ့ချိန်ထိ ညီမမသိသေးပါဘူး အာ့လောက်ထိ သူကအရမ်းတော်တာ သူ့ကိုလဲယုံကြည်ခဲ့တယ်
ညီမကို သူ့မိဘ သူ့အသိုင်းအဝိုင်းနက် အကုန်အသိပေးပါတယ်
လူချင်းလဲတွေ့ပီးပါပီ အာ့လောက်အဆင်ပြေနေတာကို သူနောက်တစ်ယောက်ထားနေတာ
ခုချိန်မာတော့ သူအာ့ကောင်မလေးတေနက်ဖြတ်ပီး ညီမကိုတကယ်ချစ်ပါတယ်လို့ပြောနေတာပဲ
ခုလိုအဆင်ပြေအောင်လဲ ညီမကပဲရင်နာနာနက် အာ့ကောင်မလေးတေကို ဖုန်းဆက်ပြောခဲ့တာပါ
သူက အာ့အကြောင်းတေပြောရင် မကြိုက်ဘူး တကယ်ချစ်ခဲ့ရင် သူအာ့လိုတေမလုပ်သင့်ဘူးမတ်လား
သူ့ကိုသယ်ချင်းတေကလဲ မတွဲနက်လို့တားပါတယ် သူ့အမကအစ အာ့လိုလူကို အမဆိုပြန်မတွဲဘူးတဲ့
ညီမက သူ့ကိုလက်မလွတ်နိုင်ဘူးဖစ်နေတာ အာ့ကြောင့်လဲ ရင်နာနာနက်ပြန်တွဲနေတာပါ
ညီမကို အကြံအဥာဏ်ပေးကြပါအုံး သူညီမဆီ ပြန်လာတာ တကယ်ချစ်လို့ဆိုပေမဲ့
သူနောက်တခါပြန်လုပ်လောက်လား သူကတော့
မလုပ်တော့ဘူးပြောတာပဲ အာ့စိတ်နက်ပဲ ညီမစားမဝင်အိပ်မပျော်ညတေ များနေပါပီ