ညီမနဲ့ညီမကောင်လေးတွဲတာ၅နှစ်ကျော်ပါပြီ..
သူက၁၀တန်းအောင်ပါတယ်ညီမကတော့၁၀တန်းမအောင်ပါဘူးရှင်
၂၀၁၇လောက်ကစတွေ့ပြီးတွဲခဲ့ကြတာပါ…
အသက်အရွယ်လည်းငယ်ကြသေးတဲ့အချိန်မို့ခနခနပြသနာတက်ရန်ဖြစ်ကြပါတယ်
အဲ့ဒါကြောင့်သူ့မိဘတွေကသဘောမတူလို့ဆိုပြီးသူကိုနိုင်ငံခြားကိုအတင်းပို့လို့၂နှစ်ထွက်သွားတယ်
ဒါပေမဲ့ညီမတို့မပျက်ခဲ့ကြပါဘူး..
သူငယ်ငယ်ထဲကအဖေမရှိသူမို့ အမေတွေအမတွေကအရမ်းချစ်ကြပါတယ်သူ့ကို
ဒါပေမဲ့ညီမကိုသူဝယ်ပေးချင်တာကျွေးချင်တာဆိုသူ့အိမ်ကမသိအောင်ပေးရကျွေးရပါတယ်…
ညီမလေးလည်းသူ့အပေါ်ကောင်းပေးသင့်တာထက်ပိုကောင်းတဲ့သူပါ
ညီမကိုယ်တိုင်ရောသူ့အပေါင်းသင်းတွေရောသိပါတယ်..
ဒါပေမဲ့သူမိသားစုက ညီမကိုသူ့ဆီကချူစားတယ်လို့ပြောပါတယ်
ညီမတို့၅နှစ်ကျော်အတွင်းစုမိတာတစ်ခုမှမရှိပါဘူး စုမယ်ကျန်ရင်တစ်ခုခုအကြောင်းပြ ပြီးသူအိမ်ကတောင်းလို့မစုမိပါဘူး..
သူ့ကိုမလွန်ဆန်နိုင်လို့သာညီမနဲ့တွဲတာကိုလွှတ်ပေးထားပေမဲ့ သူ့အိမ်ကညီမကိုသဘောမကျတာညီမသိပါတယ်…
ညီမဘာဆက်လုပ်သင့်လည်းရှေ့ဆက်သင့်လားနောက်ဆုတ်သင့်လား..
သူကသူအိမ်က်ိုလည်းချစ်တယ်ညီမကိုလည်းချစ်တယ်ဒါပေမဲ့
သူ့အိမ်ကသွေးထိုးလိုက်ရင်ညီမဘက်ပါမလာတော့ဘူး…
သူ့အိမ်ကမကောင်းမှန်းသိပေမဲ့သူမိသားစုဖြစ်နေတာကြောင့်မို့လို့သူအမြဲပြောပါတယ်😞အကြံပေးကြပါအုံးရှင်.
သူကသူအိမ်ကိုလည်းချစ်တယ်ညီမကိုလည်းချစ်တယ်ဒါပေမဲ့