ရင်ဖွင့်စာ

မိန်းမသားတို့ရင်ဖွင့်ရာ ရင်ဖွင့်စာ ၄၂၅

စိတ်တွေအရမ်းမွန်းကြပ်လာလို့ပါ ကျမချစ်သူနဲ့RSသက်တမ်းခြောက်နှစ်ကျော်ပါပြီ

တခါတလေသူကအရမ်းချစ်ပြီးဂရုစိုက်တယ်လို့ခံစားရပြီး တခါတလေတော့လဲ မချစ်ဘူးလို့ခံစားရတယ်

(အဲ့လိုခံစားရတာကပိုများပါတယ်)

ရီးစားသက်တမ်းတစ်လျှောက်မှာ သူ့ဘက်ကစပြီးလက်ထပ်ဖို့တခါမှမပြောဖူးဘူး

ကျမဘက်ကစပြောပြန်ရင်လဲ ဟိုအကြောင်းပြ ဒီအကြောင်းပြနဲ့ အမြဲအချိန်ဆွဲပြီးငြင်းပါတယ်

ရီးစားဖြစ်ပြီး2နှစ်ကျော်မှာကိုယ်ဝန်ရှိပါတယ်

အဲ့တုန်းကတော့ယူဖို့အဆင်မပြေသေးလို့ကိုယ်ဝန်ကလဲရှိရှိချင်းမှာတန်းသိတာရောဆိုတော့သူပြောတဲ့အတိုင်း ဆေးသောက်ပြီးဖျက်ခဲ့မိပါတယ်😔

ခုခြောက်နှစ်ကျော်ကြာလာတော့သူ့ပုံစံတွေကအရင်လိုမဟုတ်တော့ပါဘူး

ဖုန်းလဲညီမမဆက်ရင်မဆက်ပါဘူး တခါတလေ ညီမကစမဆက်သွယ်ရင်သူကလဲပစ်ထားတတ်ပါတယ်

ဘယ်တော့မှစမဆက်သွယ်ပါဘူး ကြာတော့ညီမလဲစိတ်ကုန်လာလို့ပါ

ပြတ်ရအောင်လဲ နှစ်ဖက်မိဘဆွေမျိုးတွေအကုန်သိ တရားဝင်တွဲခဲ့တာဆိုတော့ ရှက်လို့ပါ

ခုစိတ်တွေအရမ်းမွန်းကျပ်ပြီး ဘာလုပ်ရမှန်းမသိလို့ပါ

တစ်ယောက်ယောက်ကိုရင်ဖွင့်ပြောပြရမှာလဲရှက်လို့ပါ

ကျမအ ဖြစ်ကဆုပ်လဲစူး စားလဲရူးဆိုသလိုဖြစ် နေ လို့ဘာလုပ်သင့်လဲဆိုတာ အကြံပေးကြပါအုံး😔













