ကိုယ်ကလဲ အရာရာဖြည့်ဆည်းပေးနိူင်မယ်အထင်နဲ့ ယုံကြည်ပြီးသူ့ကို ယူခဲ့တယ်.
သူ့ဘက်ကိုလည်း ခုချိန်ပြန်တွေးမိတော့ ကိုယ့်ထက်ငယ်တဲ့သူက စိတ်ကစားပြီး ကိုယ့်ကို ဇွတ်ယူတာ.ယူပြီး
တစ်နှစ်မကြာဘူး သူ့လောင်းကစားစရိုက်က ပေါ်လာခဲ့တယ်.
လင်မယားသာဆိုတယ် တစ်နှစ်မှာ ၃လလောက်ပဲအတူရှိပြီး ပေါင်းလိုက် ကွဲလိုက်နဲ့ ဒီနေ့ ကလေးရတဲ့ထိပါ.
သူကလည်း လောင်းကစားနဲ့ပက်သက်ရင် ကိုယ့်အပေါ်မငဲ့ညှာ
ကိုယ်စုတဲ့ငွေခိုးတဲ့အထိ မပြောင်းလဲသေးဘူး
ကိုယ်ကလဲ သူ့အပေါ် မကြင်နာခဲ့ဘူး
ယနေ့အချိန်ထိ.ဝဋ်လင်ဝဋ်မယားဆိုတာ ကိုယ့်ကိုပြောတယ်ထင်ပါရဲ့.
မကွဲနိူင်ဘူးလားဆိုလည်း ကွဲနိူင်ပြတ်နိူင်ပါရက်နဲ့
ကိုယ်ရှာတာကိုယ်သုံးတဲ့ကျမ ဘာကြောင့်ပြန်လက်ခံမိလဲတွေးမရဘူး.
ခုလည်း ကိုယ်က ကိုယ့်အိမ် သူက သူ့အိမ်မှာ.
သမီးလေး ဘာမှနားမလည်ခင် အပြီးအပိုင် ဝေးသွားချင်မိပြီ.
သူအသစ်တစ်ယောက်နဲ့လက်ချိတ်ပြီး ဆုံခဲ့ရင်တောင် ပြုံးပြနိူင်တဲ့အထိ ဝေးကွာသွားချင်တာမျိူး
ကိုယ်ကလဲ အရာရာဖြည့်ဆည်းပေးနိုင်မယ်အထင်နဲ့ ယုံကြည်ပြီးသူ့ကို ယူခဲ့တယ်.
မကွဲနိုင်ဘူးလားဆိုလည်း ကွဲနိုင်ပြတ်နိုင်ပါရက်နဲ့
သူအသစ်တစ်ယောက်နဲ့လက်ချိတ်ပြီး ဆုံခဲ့ရင်တောင် ပြုံးပြနိုင်တဲ့အထိ ဝေးကွာသွားချင်တာမျိုး