ရင်ဖွင့်စာ

မိန်းမသားတို့ရင်ဖွင့်ရာ ရင်ဖွင့်စာ ၄၂၉

ညီမရင်ဖွင့်ချင်တာက ဘာသာရေးနဲ့ ဆိုင်ပါတယ်ရှင့်

ညီမက အစ္စလာမ်ဘာသာဝင် အမျိုးသားနဲ့ နှစ်ဦးသဘောတူ ခိုးပြေးပြီး လက်ထပ်ထားတာပါ

သူကတော့ အယူသီးတာ ထွေးထွေးထူးထူး မရှိပေမဲ့ သူတို့အမျိုးတွေက အယူအရမ်းသီးကြပါတယ်

ညီမကို သူတို့ဘာသာထဲ ဝင်ခိုင်းပါတယ်

ညီမက အဲ့လိုမှ အဆင်ပြေမယ်ဆို သူတို့ဘာသာကို မယုံကြည်ပေမဲ့ ဝင်မယ်ဆိုတော့လဲ

ညီမဘက်ကို အဆင်ပြေအောင် ဘာတစ်ခုမှ လုပ်ပေးခဲ့တာမျိုး မရှိပါဘူးရှင့်

ညီမက ဘာသာရေးကို ဘယ်ဘာသာနေနေ ကိုယ့်စိတ်နဲ့ စဥ်းစားပြီးမှ ဖြစ်နိုင်မှ ယုံကြည်တဲ့သူမျိုးပါ

သိချင်တာ တစ်ခုက ဒီခေတ်ကြီးမှာ ကိုယ်ယုံကြည်ရာ ကိုးကွယ်လို့ မရဘူးလား

အစ္စလာမ်ဘာသာဝင်တွေက လက်ထပ်ရင် ဘာဖြစ်လို့ သူတို့ဘာသာထဲဝင်မှ ဖြစ်ရတာလဲ

(စော်ကားခြင်းမဟုတ်ပါ) ဗုဒ္ဓဘာသာဝင် မြန်မာအမျိုးသမီးတစ်ယောက်ကိုယူရင် ခုလိုပဲ မျက်နှာလွဲခဲပစ်

ဖြစ်ချင်ရာဖြစ် မိန်းကလေးဘက်ကို မကြည့်ပေးလို့ ရလား

မြန်မာအယူအရ ခိုးပြေးပြီးရင် ပြန်အပ်ပေးရတာ ထုံးစံပါ

ပြန်အပ်ခဲ့ခြင်းလဲ မရှိသလို သူတို့ဘာသာထဲကျ အတင်းဝင်ခိုင်းပါတယ်

အကြံလေး နဲ့ အားပေးတာလေး လိုချင်လို့ပါ စာက အစီအစဥ်မကျရင် တောင်းပန်ပါတယ်ရှင့်

ညီမရင္ဖြင့္ခ်င္တာက ဘာသာေရးနဲ႔ ဆိုင္ပါတယ္ရွင့္

ညီမက အစၥလာမ္ဘာသာဝင္ အမ်ိဳးသားနဲ႔ ႏွစ္ဦးသေဘာတူ ခိုးေျပးၿပီး လက္ထပ္ထားတာပါ

သူကေတာ့ အယူသီးတာ ေထြးေထြးထူးထူး မရွိေပမဲ့ သူတို႔အမ်ိဳးေတြက အယူအရမ္းသီးၾကပါတယ္

ညီမကို သူတို႔ဘာသာထဲ ဝင္ခိုင္းပါတယ္

ညီမက အဲ့လိုမွ အဆင္ေျပမယ္ဆို သူတို႔ဘာသာကို မယုံၾကည္ေပမဲ့ ဝင္မယ္ဆိုေတာ့လဲ

ညီမဘက္ကို အဆင္ေျပေအာင္ ဘာတစ္ခုမွ လုပ္ေပးခဲ့တာမ်ိဳး မရွိပါဘူးရွင့္

ညီမက ဘာသာေရးကို ဘယ္ဘာသာေနေန ကိုယ့္စိတ္နဲ႔ စဥ္းစားၿပီးမွ ျဖစ္ႏိုင္မွ ယုံၾကည္တဲ့သူမ်ိဳးပါ

သိခ်င္တာ တစ္ခုက ဒီေခတ္ႀကီးမွာ ကိုယ္ယုံၾကည္ရာ ကိုးကြယ္လို႔ မရဘူးလား

အစၥလာမ္ဘာသာဝင္ေတြက လက္ထပ္ရင္ ဘာျဖစ္လို႔ သူတို႔ဘာသာထဲဝင္မွ ျဖစ္ရတာလဲ

(ေစာ္ကားျခင္းမဟုတ္ပါ) ဗုဒၶဘာသာဝင္ ျမန္မာအမ်ိဳးသမီးတစ္ေယာက္ကိုယူရင္ ခုလိုပဲ မ်က္ႏွာလြဲခဲပစ္

ျဖစ္ခ်င္ရာျဖစ္ မိန္းကေလးဘက္ကို မၾကည့္ေပးလို႔ ရလား

ျမန္မာအယူအရ ခိုးေျပးၿပီးရင္ ျပန္အပ္ေပးရတာ ထုံးစံပါ

ျပန္အပ္ခဲ့ျခင္းလဲ မရွိသလို သူတို႔ဘာသာထဲက် အတင္းဝင္ခိုင္းပါတယ္

အႀကံေလး နဲ႔ အားေပးတာေလး လိုခ်င္လို႔ပါ စာက အစီအစဥ္မက်ရင္ ေတာင္းပန္ပါတယ္ရွင့္