ရင်ဖွင့်စာ

မိန်းမသားတို့ရင်ဖွင့်ရာ ရင်ဖွင့်စာ ၄၃၀

အခမဲ့တင်ပေးပါနော်😢

ရင်ဖွင့်ချင်တာထက် အကြံဥာဏ်လေးရချင်တာပါ

ညမ အသက်က30ပါ

ညမကောင်လေးက 26

တွဲလာကြတာလဲ နှစ်နှစ်ကျော်ပါပီ

အစကတော့ တစ်မြို့ထဲပေမယ့်

ခုတော့ တစ်ယောက်တစ်နယ်စီမှာပါ

ပြသနာက ဘာလဲဆိုတော့ သူကအသက်ငယ်ပေမယ့် အေးအေးဆေးဆေးနေတက်ပီး

ညမကအကြီးဖြစ်ပေမယ့် ဂရုစိုက်တာမျိုးroတာမျိုးကိုသဘောကျတဲ့လူမို့

ညမတို့နှစ်ယောက်ကြား ခနခနစကားအချေတင်ဖြစ်ရပါတယ်

ပြတ်မယ်ဆိုပီး ပြသနာဖြစ်ရင်တော့ သူ့ဘက်ကအရင်စခေါ်ပါတယ်

ပြန်အဆင်ပြေပီး တစ်ပက်လောက်ကြာရင် အရင်လိုပဲ အေးစက်စက်နဲ့စကားသိပ်မပြောဖြစ်ပဲ gameပဲဆော့နေပြန်ရော

ညမလဲနေရာတကာ လိုက်မပြောချင် ကလေးဆန်တယ်မဖြစ်ချင်လို့ လွှတ်ထားပေးရပါတယ်😞

ပီးတော့ သူကအရမ်းစိတ်ဓာက်ကျလွယ်ပါတယ် ခုလိုအခြေနေမှာလူတိုင်းခက်ခဲနေကြတာကို သူကခနခနအဆင်မပြေဘူးဆိုပီး

အလုပ်ထွက်မယ် အလုပ်ပြောင်းမယ်ခနခနပြောနေတာပါ

ညမက ငွေမက်ပါတယ်

ကိုယ်တိုင်ရှာရတဲ့ငွေကိုပိုမက်ပါတယ်

အသေးအဖွဲ့လေးတွေတောင်လသူ့စီကမပူစာဘူးပါဘူး

သူ့ကိုယ်တောင် ကိုယ်ကလက်ဆောင်ကြီးကြီးဝယ်ပေးဘူးတာပါ

သူ့စီကလိုချင်တာလဲမေတ္တာအပြင်မရှိပါဘူး

ကလစ်ကလေး လက်သည်းနီဘူးလေး သူဝယ်ပေးရင်ကိုပျော်မဆုံးဖြစ်ရတဲ့လူပါ

ညမ သူ့ကိုကြိုးစားစေချင်တာပါ

ဇွဲရှိစေချင်တယ်

ပိုက်ဆံမက်စေချင်တယ်

သူကအလုပ်နဲ့ပက်သက်ရင်ကြိုးစားပေမယ့်

ပိုက်ဆံကျဘယ်လိုရှာရင်ပိုရမလဲမစဥ်းစားပါဘူး

ညမက အတူလက်ထပ်ပြီးရင် အဲ့လိုအေးစက်စက်နဲ့လူကို ကြာရှည်သည်းခံနိုင်ပါ့မလား

ကိုယ့်လောက်ဝင်ငွေမရှိတဲ့လူနဲ့ ပြသနာတွေမရှိပဲနေနိုင်ပါ့မလား

နေရာတကာ ကိုယ်ကဦးဆောင်စီးပွားရှာရင်ရော

သူဘယ်လိုတွေးမလဲ မာနထိခိုက်မလား

အဲ့လိုတွေ ခုတလောခနခနတွေးမိနေလို့

Typeမတူပဲ ချစ်မိနေကြတော့ ဘဝခရီးလမ်းကျအဆင်ပြေပါ့မလားဟင်

သူ့ကိုရော ဘာတွေတွန်းအားပေးရမလဲဟင်

ညမဆန္ဒတွေကို သူ့ကိုပြောပြဘူးပေမယ့် အင်းပါ ကြိုးစားပါ့မယ်ဆိုပီး

ဒီအနေထားပဲဖြစ်နေတာ တစ်နှစ်ကျော်လာပါပီ

လမ်းခွဲဖို့တော့မတွေးမိသေးပေမယ့်

ရှေ့ဆက်ပီး နှစ်တွေကြာမှ ပြသနာပိုများပီးပြတ်ကြရင် သူ့အတွက်ရော ညမအတွက်ပါ အဆင်မပြေမှာစိုးလို့ပါ

ကျေးဇူးပြုပီး ဘယ်လိုလုပ်သင့်လဲ ကူစဥ်းစားပေးကြပါအုံးရှင့်

အခမဲ့တင်ပေးပါနော်😢


ညမ အသက်က30ပါ

ညမကောင်လေးက 26












ညမက ငွေမက်ပါတယ်







ဇွဲရှိစေချင်တယ်

ပိုက်ဆံမက်စေချင်တယ်













